စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တိရိစ္ဆာန်များအကြောင်း သိကောင်းစရာများ


Saturday, April 13, 2013

☺ ရေမြင်းတွေဟာ လူတွေထက် ပိုမြန်မြန်ပြေးနိုင်ပါတယ်...

☺ လိပ်ပြာတွေဟာ သူတို့နောက်ခြေထောက်တွေနဲ့ အရသာခံပါတယ်...

☺ မြွေတွေဟာ မြစ်ထဲ ရွှံ့နွံထဲမှာ မကိုက်နိုင်ပါဘူး... (ကိုက်ရင်သူတို့ ရေနစ်သွားပါလိမ့်မယ်)

☺ ဆင်တွေဟာ လူတွေကြားနိုင်တဲ့ လှိုင်းနှုန်းထက်နိမ့်တဲ့ အသံလှိုင်းတွေနဲ့ အချင်းချင်း ဆက်သွယ်ကြပါတယ်....

☺ မြင်းကျားနှစ်ကောင် ဘေးချင်းယှဉ်ရပ်နေတဲ့အခါမှာ သားရဲတိရိစ္ဆာန်တွေကို စောင့်ကြည့်ဖို့အတွက် သူတို့ရဲ့ မျက်နှာတွေကို ဆန့်ကျင်ဘက်အရပ်မျက်နှာတွေဆီ လှည့်ထားပါလိမ့်မယ်...

☺ ငါးမန်းတွေဟာ အိပ်နေတဲ့အခါ ဒါမှမဟုတ် အနားယူနေတဲ့အခါတောင်မှ လှုပ်ရှားသွားလာမှုကို မရပ်တန့်ပစ်ကြပါဘူး...

☺ မြင်းတစ်ကောင်ရဲ့သွားတွေကိုကြည့်ပြီး အထီး/အမခွဲလို့ရပါတယ်... မြင်းထီးအများစုက သွားအချောင်း ၄၀ ရှိပြီး မြင်းအမအများစုက ၃၆ ချောင်းရှိကြပါတယ်....

☺ မြွေတွေ ဒါမှမဟုတ် တွားသွားသတ္တဝါတွေမရှိတဲ့ တစ်ခုတည်းသော ကမ္ဘာ့တိုက်ကြီးဟာ အန္တာတိကတိုက်ဖြစ်ပါတယ်...

☺ ပုရွက်ဆိတ်တွေဟာ ကလေးပေါင်ဒါမှုန့် (Talcum ပေါင်ဒါ) တွေကို မကြိုက်ပါဘူး...

☺ မြွေတွေဟာ မျက်တောင်မခတ်နိုင်ပါဘူး...

☺ သစ်တောက်ငှက်ရဲ့လျှာဟာ သူ့ဦးခေါင်းကို နှစ်ပတ်ပတ်ထားလို့ရပါတယ်...

☺ ဂျပန်ဟာ ဖားခြေထောက်အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်...

☺ အိန္ဒိယမှာ မျောက်ကောင်ရေ သန်း ၅၀ ကျော်ရှိပါတယ်...

☺ သစ်ကုလားအုတ်တွေဟာ တိရိစ္ဆာန်တွေအားလုံးထဲမှာ သွေးဖိအားအမြင့်ဆုံး တိရိစ္ဆာန်ဖြစ်ပါတယ်...

☺ မြွေပါကတိုးဖြူအမကို Jill လို့ခေါ်ပါတယ်...

☺ ပင်းဂွင်းရဲ့ အရိုးဟာ သူ့အမွေးအတောင်တွေထက် အလေးချိန်လျော့နည်းပါတယ်....

☺ ကီဝီငှက်တွေဟာ မျက်စိမမြင်ပါဘူး...

☺ ငှက်ကုလားအုတ်ဥကို ကျက်အောင်ပြုတ်မယ်ဆိုရင် အချိန် ၄ နာရီလောက်ယူရပါလိမ့်မယ်...

☺ နှံကောင်တွေရဲ့သွေးဟာ အဖြူရောင်ဖြစ်ပါတယ်....

☺ ငါးမန်းရဲ့သွားဟာ တကယ့်ကို သံမဏိတွေလောက် သန်မာပါတယ်....

☺ ဆင်တစ်ကောင်ရဲ့နှာမောင်းဟာ ရေ ၅ လီတာအထိ ထိန်းထားနိုင်ပါတယ်...

☺ မိချောင်းတွေဟာ ရေအောက်နက်နက်ကို ငုပ်ချင်တဲ့အခါ ကျောက်တုံးကျောက်ခဲတွေကို မျိုချပါတယ်...

☺ သစ်ကုလားအုတ်တွေဟာ ရေမကူးတတ်ပါဘူး...

☺ အဆိပ်ပြင်းတဲ့ အမွေးထူပင့်ကူမျိုး (tarantula) တွေဟာ အစာမစားဘဲ နှစ်နှစ်ခွဲအထိ အသက်ရှင်နေနိုင်ပါတယ်....

☺ ကုလားအုတ်တွေမွေးတုန်းက ဘို့မပါပါဘူး...

☺ ဝေလငါးတွေဟာ နောက်ပြန်မကူနိုင်ပါဘူး...

☺ ရေမြင်းတွေဟာ ရေအောက်မှာ မွေးဖွားကြပါတယ်...

☺ ခွေးတွေရဲ့ ချွေးဟာ သူတို့ခြေထောက်က ဖဝါးနုကနေ ထွက်ပါတယ်...

☺ မိချောင်းတွေဟာ အရောင်တွေကိုမခွဲခြားနိုင်ပါဘူး....

☺ ကြောင်တွေဟာ သူတို့ခန္ဓာကိုယ်ကို ကျုံ့ပြီးဝင်လို့ရမရဆိုတာ ဆုံးဖြတ်နိုင်ဖို့ နှုတ်ခမ်းမွေးတွေကို အသုံးပြုကြပါတယ်...

☺ လင်းနို့တွေဟာ ပျံနိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါတွေဖြစ်ပါတယ်...

☺ မြင်းတွေဟာ ရပ်လျက်အိပ်ကြပါတယ်...

☺ ယင်ကောင်တွေဟာ မြန်မြန်ပျံထွက်ဖို့အတွက် နောက်ကိုအရင်ပျံကြပါတယ်...

☺ humming bird တွေဟာ သူတို့ရဲ့အတောင်တွေကို တစ်စက္ကန့်မှာ အကြိမ် ၉၀ ခတ်ကြပါတယ်... တစ်မိနစ်မှာဆိုရင်တော့ အကြိမ်ပေါင်း ၅၄၀၀ ဖြစ်ပါတယ်...

☺ ပျားရဲ့ ပျံသန်းနိုင်တဲ့အမြင့်ဆုံးအလျင်ကတော့ တစ်နာရီ ၂၄ ကီလိုမီတာ (၁၅ မိုင်) နှုန်းဖြစ်ပါတယ်...

☺ နှစ်စဉ်နှစ်တိုင်း ခရုပက်ကျိ အကောင် ၁ ဘီလီယံဟာ စားသောက်ဆိုင်တွေမှာ ချက်ပြုတ်စားသောက်ခံနေရပါတယ်...

☺ ငါးမန်းတွေဟာ လက်ရှိရောဂါအားလုံးကို ခုခံနိုင်စွမ်းရှိပါတယ်...

☺ ကြက်မတစ်ကောင်ဟာ တစ်နှစ်ကို ပျမ်းမျှကြက်ဥပေါင်း ၂၂၈ လုံး ဥပါတယ်...

☺ Emu ငှက်တွေဟာ နောက်ပြန်မလျှောက်နိုင်ပါဘူး...

☺ ဖွတ်တွေဟာ ရေအောက်မှာ ၂၈ မိနစ်ကြာ နေနိုင်ပါတယ်...

☺ မြွေတစ်ကောင်ရဲ့ အစာအိမ်ထဲက အစာချေအက်ဆစ်တွေဟာ အရိုးနဲ့သွားတွေကို ချေချက်နိုင်ပေမဲ့ အမွေးနဲ့ဆံပင်တွေကိုတော့ မချေချက်နိုင်ပါဘူး....

☺ ကြောင်တွေဝင်ထွက်ဖို့ထားရှိတဲ့ cat door ကို အိုက်ဆက်နယူတန်က တီထွင်ခဲ့တာဖြစ်ပါတယ်...

☺ ကင်းမြီးကောက်တွေဟာ ခရမ်းလွန်ရောင်ခြည်အောက်မှာ အရောင်ထွက်ကြပါတယ်...

☺ ကြိုးကြာနီတွေဟာ သူတို့ရဲ့ဒူးခေါင်းကို ပြောင်းပြန်ကွေးညွတ်နိုင်ကြပါတယ်...

☺ ဇီးကွက်တွေဟာ သူတို့ရဲ့မျက်လုံးကို ဘေးတစ်ဖက်တစ်ချက်ကို မရွေ့နိုင်ပါဘူး...

☺ အိန္ဒိယမှာ နွားကောင်ရေ သန်း ၂၀၀ ရှိပါတယ်...

☺ ငှက်ကုလားအုတ်တွေဟာ သူတို့ရဲ့ဦးခေါင်းတွေကို သဲထဲမှာမမြှုပ်ပါဘူး...

☺ အိမ်မွေးကြောင်တွေဟာ ရှောက်သီးအနံ့ကို မကြိုက်ပါဘူး...

☺ ကြောင်တွေရဲ့မြင်ကွင်းဟာ ၂၈၅ ဒီဂရီ ရှိပါတယ်...

☺ မျက်လုံးပြာတဲ့ ကြောင်အဖြူတွေဟာ အများအားဖြင့် နားလေးကြတယ်...

☺ ကြောင်ရဲ့ ကျင်ငယ်ရေဟာ ခရမ်းလွန်ရောင်ခြည်ထဲမှာ တောက်ပပါတယ်....

☺ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဝက်တွေဟာ ကောင်းကင်ကိုကြည့်ဖို့ မဖြစ်နိုင်ပါဘူး....

☺ နွားတွေမှာ အပေါ်ရှေ့သွားတွေမရှိပါဘူး...

☺ ဂူထဲကထွက်တဲ့အခါ လင်းနို့တွေဟာ အမြဲတမ်း ဘယ်ဘက်ကိုကွေ့သွားကြပါတယ်...

☺ ဆင်တွေရဲ့နားရွက်ဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် အသုံးပြုကြပါတယ်...

☺ မိချောင်းရဲ့လျှာဟာ လှုပ်ရှားလို့မရပါဘူး...

☺ ပုစဉ်းတွေမှာ ခြေထောက် ၆ ချောင်းပါပါတယ်... ဒါပေမဲ့ လမ်းမလျှောက်နိုင်ပါဘူး...

☺ Humming bird ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၁၀၀၀ ကျော်ရှိပါတယ်...

☺ Humming bird တွေဟာ နောက်ပြန်ပျံနိုင်တဲ့ တစ်မျိုးတည်းသော ငှက်တွေဖြစ်ပါတယ်...

☺ ဖားတွေဟာ ရေမသောက်ပါဘူး... ရေကိုသူတို့ရဲ့အရေပြားကပဲ စုပ်ယူတာပါ...

☺ ဖားတွေဟာ မျက်လုံးဖွင့်ပြီး မျိုချလို့မရပါဘူး...

☺ ကုလားအုတ်နို့ဟာ အချဉ်မပေါက်ပါဘူး...

☺ ကြောင်မှာ အသံအနိမ့်အမြင့်အတက်အကျအမျိုးအစား ၁၀၀ ကျော်ရှိပါတယ်...

☺ အာဖရိကမီးခိုးရောင်ကြက်တူရွေးတွေဟာ စကားလုံး ၂၀၀ ကျော် မှတ်သားပြောဆိုနိုင်ကြပါတယ်...

☺ အင်းဆက်အားလုံးဟာ ခြေထောက် ၆ ချောင်းရှိကြပါတယ်...

☺ ပင့်ကူတွေဟာ အင်းဆက်တွေမဟုတ်ပါဘူး... arachnid တွေဖြစ်ကြပါတယ်...

☺ ကြောင်တွေဟာ သူတို့သက်တမ်းရဲ့ ၆၆ ရာခိုင်နှုန်းကို အိပ်စက်ကြပါတယ်...

☺ ရွှေငါးတွေဟာ အနီအောက်ရောင်ခြည်ကော ခရမ်းလွန်ရောင်ခြည်ကိုပါ တွေ့မြင်နိုင်ကြပါတယ်...

☺ ကြောင်ရဲ့နားရွက်တစ်ဖက်စီမှာ ကြွက်သားပေါင်း ၃၂ ခု ပါရှိပါတယ်...

☺ ငှက်တွေဟာ အစာကိုမျိုချဖို့ ကမ္ဘာ့ဆွဲအားကို အသုံးပြုကြရပါတယ်...

☺ ကြက်တစ်ကောင်ရဲ့ အကြာဆုံးပျံသန်းချိန်ကတော့ ၁၃ စက္ကန့်ဖြစ်ပါတယ်...

☺ လက်တင်အမေရိကဒေသက အမာဒီလိုအကောင်တွေဟာ တစ်ကြိမ်ကို ကလေး ၄ ကောင်မွေးပြီး အားလုံးဟာ လိင်ချင်းတူညီကြပါတယ်...

☺ ပုစွန်တုတ်ကြီးတွေရဲ့သွေးဟာ အရောင်မရှိပါဘူး... ဒါပေမဲ့ အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါမှာတော့ အပြာရောင်ပြောင်းသွားပါတယ်...

☺ ယုန်တွေက နွယ်ချိုကိုကြိုက်ကြပါတယ်...

☺ နှုတ်ခမ်းဆိုးဆေးအများစုမှာ ငါးကြေးခွံတွေပါဝင်ပါတယ်...

☺ ဝက်ဝံမှာ သွား ၄၂ ချောင်းရှိပါတယ်....

Ref: Facts and GK+
နှိုင်းရင့်နွေ


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...