စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမာသော စားသောက်မှုပုံစံက အိပ်ရေးဝစေမည်





ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံကို မှီဝဲခြင်းသည် အိပ်စက်မှု ပြဿနာများကို ကင်းဝေးစေမည်ဟု အမေရိကန် သုတေသီများက ထုတ်ဖော် ပြောဆို လိုက်သည်။

Perelman School of Medicine နှင့် University of Pennsyl yania မှပြုလုပ်သော သုတေသနအရ အိပ်စက်မှုကာလကို နေ့စဉ်စားသုံးသော အစားအစာများ ကလည်း လွှမ်းမိုးမှု ရှိကြောင်းသိရ သည်။

သုတေသန ခေါင်းဆောင် Dr.Grandner Sittsက လူတွေဟာ စားသုံးတဲ့ အာဟာရ အပေါ်မူတည်ပြီး နေ့စဉ် ၆နာရီမှ ၈နာရီ အထိပျမ်းမျှ အိပ်စက် ကြကြောင်း၊ နေ့စဉ်စားသုံးသော အစားအဟာရ မမှန်ကန်လျှင် အိပ်စက်မှု ကာလ လျော့နည်းနိုင်ကြောင်း ပြောဆိုထားသည်။

လေ့လာမှုအရ သန့်ရှင်းသောရေကို သောက်သုံးမှု နည်းပါးခြင်း၊ အနီရောင် ရှိသော အသီးများ (ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး)မှရသော လူကိုပင်းနှင့် ကစီဓာတ်ရရှိမှု နည်းပါးခြင်းများ ကအိပ်မပျော်ခြင်းကို ဖြစ်စေကြောင်း နှင့် ဗီတာမင်စီ ဓာတ်နည်းပါလျှင် လည်း အိပ်စက်မှု ကာလ တိုတောင်း ကြောင်းကို သိရှိရသည်။

ထို့ပြင် အခွံမာ ငါးများမှရရှိသော စီလီနီယမ်၊ အသားနှင့် အနှံများမှ ရရှိသော ပရိုတင်း နည်းပါးလျှင်လည်း အိပ်စက်မှုကာလ ပုံမှန်တစ်ညတာ ၆ နာရီမှ ၈ နာရီထက် နည်းပါးနိုင်ကြောင်းကို ဖော်ပြထားသည်။

အိပ်ရေး၀၀အိပ်လိုလျှင် theo-bromine ဓာတ်များ ကြွယ်ဝနေသော ချောကလက်နှင့် လက်ဖက်ရည်များ လျှော့သောက်ခြင်း၊ ပြည့်ဝဆီများကို ရှောင်ကြဉ်ခြင်းနှင့် ဥများနှင့် အဆီပါသော အသားများမှ ကိုလင်းဓာတ်ကို လျှော့ချခြင်း (လုံးဝရှောင်ကြဉ်ရန် မဟုတ်) များကို ပြုလုပ်သင့်ကြောင်း Dr.Grandner Sitts က အကြံပြုထား သည်။

ယခုလေလ့ာမှုကို Journal of Appetiteတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းအေး
Ref: IANS
Health Updates Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...