စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူငယ်ချင်းကောင်းဆိုတာ ..



တစ်ခါက သူငယ်ချင်းနှစ်ယောက်ဟာ သူတို့ရဲ့ အားလပ်ရက်တစ်ခုမှာ တောအုပ် တစ်ခုထဲကို လေ့လာရေးခရီးတစ်ခု ထွက်လာခဲ့ကြတယ်။ တောတောင်တွေရဲ့ သဘာဝအလှတွေကို ခံစားရင်း လေ့လာ သင့်တဲ့ အရာတွေကို လေ့လာရင်းနဲ့ သူတို့ ခရီးနှင်လာခဲ့ပြီးလို့ တစ်နေရာ အရောက်မှာတော့ မထင်မှတ်ဘဲ ၀က်ဝံကြီးတစ်ကောင် သူတို့နှစ်ယောက်ဆီကို လာနေတာကို တွေ့လိုက်ရတယ်။

ဒီတော့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ဟာ အလျင်အမြန်ပဲ သစ်ပင်ပေါ်ကို တက်ပြီးတော့ ပုန်းအောင်း နေလိုက်တယ်။ ဒီအချိန်မှာ ကျန်နေတဲ့ တစ်ယောက်ကတော့ သစ်ပင်ပေါ်ကို မတက်တတ်တဲ့ အတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် တွေဝေသွားခဲ့တယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ “သားရဲတွေဟာ သေနေပြီးသား သူရဲ့အသားကို သိပ်မကြိုက် ကြဘူး” ဆိုတဲ့ ကြားဖူးနားဝ စကားလေး တစ်ခွန်းကို သွားသတိရ လိုက်မိတယ်။ ဒါကြောင့် သူဟာ မြေကြီးပေါ်ကို လဲလျောင်းနေလိုက်ပြီး သူ့ကိုယ်သူ သူသေတစ်ယောက်လို အယောင်ဆောင် နေလိုက်တယ်။ ၀က်ဝံကြီးဟာ သူ့အနား ရောက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကို နမ်းရှုံ့ပြီး အနံ့ခံကြည့် လိုက်တယ်။ ၀က်ဝံဟာ သေနေပြီလို့ ထင်တဲ့အတွက် သူ့ကို မစားတော့ဘဲ အဝေးကို ထွက်ခွာသွား ပါတယ်။

ဒီတော့မှ သစ်ပင်ပေါ်ကို တက်ပြေးသွားတဲ့ သူ့သူငယ်ချင်းက ဆင်းလာပြီး သူ့ကို “သူငယ်ချင်း ၀က်ဝံကြီးက မင်းအနားကိုကပ်ပြီး တိုးတိုးလေး ဘာပြောသွားတာလဲ”လို့ မေးလိုက်တယ်။ သူက “၀က်ဝံကြီးက ဒီမှာ လူကလေး… မင်းအခုလို အန္တရာယ်နဲ့ ကြုံတဲ့အခါမှာ တခြားလူကို တွဲမခေါ်ဘဲ ကိုယ်လွတ် ရုန်းပြေးတတ်တဲ့ သူတွေနဲ့ နောက်ဘယ်တော့မှ သူငယ်ချင်း မလုပ်နဲ့” လို့ ပြောသွားတယ်လို့ ပြန်ပြောလိုက်ပါတယ်။

*******************************************
ကျနော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ဘုရားရှိခိုး အမျိုးမျိုးရှိသလို လူအမျိုးမျိုး၊ စိတ်ဓာတ်အမျိုးမျိုး၊ အမြင်အမျိုးမျိုး ရှိနေတတ်ပါတယ်။ အမျိုးမျိုးအပြားပြား ထူးခြားတဲ့လူတွေနဲ့ပဲ နေ့စဉ်နဲ့အမျှလို ဆက်ဆံနေကြရင်း၊ ပေါင်းသင်း နေထိုင်လိုက်ကြရင်းနဲ့ ဘ၀ခရီးကို ဖြတ်သန်း ကြရပါတယ်။ ဒီအထဲမှာမှ ကျနော်တို့ တတွေ အနေနဲ့ မိတ်ကောင်း ဆွေကောင်းတွေကို ရှာဖွေကြရ ပါတယ်။ “ရွှေအကြောင်း ဖယောင်းသက်သေ” ဆိုသလိုပဲ လူ့အကြောင်းလည်း ပေါင်းကြည့်၊ သင်းကြည့်မှ သိနိုင်ပါတယ်။

ရှေးပညာရှိ သူတော်ကောင်း တွေကတော့ “ ပေးကမ်းဝေငှ ချီးမြှင့်ထောက်ပံ့ ပေးတတ်သူ၊ ရင်းနှီးပွင်းလင်းပြီး ဖော်ရွေတဲ့စကားကို ဆိုတတ်သူ၊ အကျိုးစီးပွား အတွက် ဆောင်ရွက်လုပ် ကိုင်ပေးတတ်သူ၊ ကိုယ်နဲ့မခြားထပ်တူညီမျှ ဆက်ဆံတတ်သူ၊ အခက်ခဲ ကြုံလာတဲ့အတွက် အကူညီ တောင်းလာတဲ့အခါ မပျက်မကွပ် ကူညီပေးတတ်သူ” ဆိုပြီး မိတ်ကောင်း ဆွေကောင်းရဲ့ လုပ်လေ့ လုပ်ထရှိတဲ့ လုပ်ရပ်လေးတွေကို ဖော်ပြထားပါတယ်။ ဒါကြောင့် မိတ်ကောင်း ဆွေကောင်း (ကလျာဏမိတ္တ)ကို ရှာဖွေချင်ကြတယ် ဆိုရင်တော့ ဒီအချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး… ရှာဖွေနိုင်ကြပါစေကြောင်း……….


“ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက် ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးအထွေ ၊ ကျင့်လေ မိတ်သဟာ”



ဘ၀ကျောင်းဖတ်စာ

http://www.facebook.com/photo.php?fbid=406874482743722&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...