စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူတစ်ပါးချစ်ခြင်းကို ခွဲတဲ့သူရဲ့အပြစ်များ




ချစ်သူနှစ်ယောက်တို့ ညီညွတ်နေရာ တစ်ယောက်အပြစ်ကို တစ်ယောက်ထံ ပြောကြားခြင်း၊ တစ်ယောက်မကောင်းကြောင်း တစ်ယောက်ထံပြောခြင်း၊ မဟုတ်မမှန်လီဆယ်ပြီးပြောခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွတ်မူ ကွဲပြားသွားတတ်ပါတယ်။ ကုန်းတိုက်စကား ပြောဆိုခြင်းကို ပိသုဏ၀ါစာ လို့ခေါ်ပါတယ်။

ပိသုဏ၀ါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး
(၁) ညီညွတ်သူ ချစ်သူနှစ်ရှိခြင်း၊
(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း (သို့မဟုတ်) မိမိကိုချစ်လာစေလိုသော စိတ်ရှိခြင်း၊ မိမိကိုဂရုစိုက်လာစေလိုခြင်း၊ မိမိကိုပိုအရေးပေးစေလိုခြင်း။
(၃) ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း၊
(၄) ထိုသို့ ပြောသည်ကို အပြောခံရသူက နားလည်ခြင်း၊(သူ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ခြင်းကို ဆိုလိုပါတယ်)
(၅) ကွဲပြားကြခြင်း - ဆိုတဲ့ အင်္ဂါ ၅ ပါးနှင့်ပြည့်စုံတယ်ဆိုရင် ကုန်းတိုက်စကားပြောဆိုရာရောက်ပါတယ်။ ဆိုလိုတာက ကံမြောက်ပါတယ်။ အဲဒီလို ပြောဆိုပြီဆိုရင် ခံစားရမည့်အကျိုးဆက်တွေကတော့- -

(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊
(၂) သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း၊
(၃) တပည့်မိတ်တွေ၊ သားသမီး၊ ဆွေမျိုး မရှိဘဲ အခြွေအရံမဲ့ရခြင်း၊
(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မူ သဒ္ဓါတရားမရှိခြင်း၊
(၅) မိတ်ဆွေအပေါင်းအသင်း ဘယ်တော့မှ မတည်မြဲခြင်း၊
(၆) လူအများ အမုန်းခံရခြင်း၊ ထိုသူအား အလိုလိုမုန်းတီးနေကြခြင်း၊
(၇) စိတ်ဓာတ် ညစ်ညမ်းခြင်း၊ စိတ်ဓါတ်ကြည်လင်မှု မရရှိခြင်း၊
(၈)ကိုယ်ချစ်သောသူနှင့်ဘယ်တော့မှ ဆုံးဆည်းခွင့်မရခြင်း၊ ချစ်သောသူနှင့် အတူမနေရခြင်း၊ အချစ်ကံခေခြင်း၊ အချစ်ကံဆိုးခြင်း၊
(၉)စိတ်ချမ်းသာရတယ်လို့မရှိပဲ အမြဲစိတ်ဆင်းရဲနေရခြင်း၊
(၁၀) အပြစ်အားကြီးလွန်းရင်အပါယ်လေးပါးလားရောက်ရပါတယ်။ ။

ဂုံးတိုက်တာဟာ မုသာဝါဒကံ ဖြစ်တဲ့အတွက်..
၁။ အပါယ်ဘုံသို့ရောက်ရခြင်း။
၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။
၃။ စကားပီပီသသ မပြောတတ်ခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။
၎။ သွားများ မညီမညွတ်ရှိခြင်း။ သွားခေါခြင်း၊ ကျဲခြင်း၊ ထပ်ခြင်း၊ သွားမလှခြင်း။
၅။ ပါးစပ်အနံ့ပုပ်ခြင်း။
၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။
၇။ ကိုယ်ခန္ဓာအချိုးမကျခြင်း။
၈။ ကိုယ်ပြောလျှင် သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။
၉။ နှုတ်ကြမ်းကြမ်းဖြင့် ပြောဆိုတတ်ခြင်း။
၁၀။ စိတ်ကြည်လင်မှုမရှိခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လီတတ်ခြင်း။ စသော ဆိုးကျိုးများကို ခံစားရပါသည်။


အချက်ငါးချက်လုံးထဲမှာ တစ်ခုခုမပြည့်စုံလို့ ကံမမြောက်ရင် အကုသိုလ်ဝဋ္ဋ်ကြွေးအနေနဲ့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အပြုအမူကို ခံရတဲ့သူက ကောင်းရင်ကောင်းနေသလောက်၊ ကိုယ့် အချစ်ရေးကံမှာ ကံဆိုးပါလိမ့်မယ်။ ဝဋ္ဋ်ကြွေးကြီးပါလိမ့်မယ်။ ကောင်းရုံတင်မကပဲ သီလရှိတဲ့သူ တစ်နည်း ကိုယ့်ထက် သီလ၊သမာဓိ၊ပညာ သာသူဖြစ်နေရင် ဝဋ်ကြွေးတွေ ပေးဆပ်ပေတော့..။

ဒါကြောင့် ကိုယ်ချင်းစာတရားတွေဖြင့် သူတစ်ပါးချစ်ခြင်း မခွဲမိအောင် စောင့်ထိန်းသင့်ပါတယ်။ ကိုယ်လုပ်လိုက် ပြောလိုက်တာ ဘာမှ မဟုတ်ပေမယ့် သူတစ်ပါးအတွက်ကြတော့ ဘဝနဲ့ဆိုင်နေတယ်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် ကိုယ်လည်း အကုသိုလ်မဖြစ် ဝဋ်ကြွေးမဖြစ်တော့ဘူးပေါ့။

((((သူတစ်ပါးချစ်ခြင်းကို ခွဲတဲ့သူဟာ အပါယ်လေးပါး လားရောက်ရတဲ့အပြင် ဖြစ်လေရာဘဝတိုင်းမှာ သူတစ်ပါးရဲ့ အကဲ့ရဲ့၊ အစွပ်စွဲခံရတတ်ပါတယ်။ သူများလုပ်သမျှ အပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက် သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက် ချစ်သူကွဲဆင်းရဲကို အမြဲခံစားရတတ်ပါတယ်။ လူဆင်းရဲပဲဖြစ်ဖြစ် လူချမ်းသာပဲဖြစ်ဖြစ် ဖြစ်ရာဘဝမှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့ မရှိဘဲ အမြဲစိတ်ဆင်းရဲ နေရတတ်ပါတယ်။ ကိုယ်ဘယ်လောက် ကောင်းကောင်း လူတိုင်းက ကိုယ့်ကိုအလကားနေရင်း မုန်းတီးနေတတ်ပါတယ်။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်၊ ကိုယ့်ဘက်ကဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုအကောင်းမထင်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူမနေရ၊ မိဘမေတ္တာဆိုတာ ခံစားခွင့်မကြုံ၊ ညီအစ်ကိုမောင်နှမအချင်းချင်းမတည့်၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊ သူငယ်ချင်း အပေါင်းအသင်းတွေက မိတ်ဆွေကောင်းမပီသ၊ ဒါတွေအားလုံးက အချစ်ကံခေတာတွေချည်းပါပဲ…။ အရှင်ဆန္ဒာဓိက))))

နှလုံးသားအာဟာရ


http://www.facebook.com/photo.php?fbid=411195452311625&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...