
အကြမ်းဖျင်း ရှင်းပြရုံလေးပါ။ တော်တော်များများ သိချင်မှာပဲနဲ့ တူပါတယ်။ လက်ရှိ စာရေးသူတို့ အသုံးပြုနေတဲ့ Facebook က အခမဲ့ ကြီးလေ။
အကောင့်အခမဲ့ လုပ်လို့ရ။ ပုံတွေတင်လို့ရ။ စာတွေအလကားပို့ရ။ ခင်သူ မင်သူတွေနဲ့ တွေ့ဆုံ၊ ပြောဆိုလို့ ရအောင် ဖန်တီးထားပေးတဲ့ Facebook က အခမဲ့ကြီး ဖြစ်နေတော့ သူတို့ ဘယ်လို ပိုက်ဆံရသလဲ၊ စီးပွားရှာသလဲဆိုတာ စဉ်းစားစရာပဲလေ။ ဒီတော့ Facebook က ငွေရပုံ ငွေရနည်းလေးကို အကြမ်းဖျင်း မြင်ရသလောက် လေး မျှဝေ ပါ့မယ်။
အဓိက အကြောင်းအရင်း
စကားပုံက အရှိသား။ ငါးပွက်ရာ ငါးစာချတဲ့။ ဘာပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ဘုရားပွဲ စည်လာရင် အဲ့နေရာမှာ ဈေးသည်က မဖြစ်မနေ ပေါ်ကိုလာတော့မှာပဲ။ ဟုတ်ကဲ့။ အခုလည်း ဒီလိုပါပဲ။ Facebook က ရေကန်ကြီးပါ။ ကျနော်တို့ကတော့ ငါးတွေပေါ့။ Facebook ဆိုတဲ့ ရေကန်ကြီးထဲကို ခုန်ဆင်းမိတဲ့ စာရေးသူတို့က ပွက်ပွက်ဆူအောင်ထနေပြီး ငါးစာလာချကြတော့တာပဲ။ ငါးစာ ဘယ်သူ ချတာပါလဲ။
ငါးစားချသူများကတော့ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ရေကန်ပိုင်ရှင်က မတ်ဇူကာဘတ်တို့ အုပ်စု၊ ငါးစာလာချသူတို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငါးများ ကတော့ ကျနော်တို့လို Facebook အသုံးပြုသူတွေပေါ့။
Page သည်သာ အဓိက
သူအဓိက ငွေရတာ Facebook Page ကနေပါ။ Facebook ရဲ့  ရည်ရွယ်ချက်က အဲဒါပါပဲ။ အလကား ပေးသုံးနေရတဲ့သူ့တို့အဖြစ် က ငွေရှာဖို့ မလွယ်ဘူးလေ။ ဒီတော့ ပိုက်ဆံပေးစရာမလိုပဲ အခမဲ့ ဆောက်လို့ရတဲ့ မြေကွက်တွေ လျှောက်ပေးတော့တာပေါ့။ ဒီတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး ပိုင်ရှင်တွေက ယင်းမြေကွက်ကို အလကား ယူလိုက်ပါလေရော။
ယင်းမြေကွက် Facebook Page ကို သီချင်း၊ ဂီတ၊ အယ်လ်ဘမ်၊ အဝတ်အထည်၊ ပစ္စည်း၊ အိမ်သုံး၊ စက်ရုံသုံး၊ အနုပညာ၊ မီဒီယာ အစရှိသဖြင့် စုံနေအောင် သုံးကြတယ်လေ။
ပွဲဈေးမှာဆိုင်ဖွင့်ဖူးသလာ
တစ်နေ့ကို ဒေါ်လာ ၅၀ တန် ကုမ္မဏီအခုပေါင်း သိန်း ၁၀၀ပဲ ရအုံး။ Facebook ရဲ့  ဝင်ငွေက ကန်ဒေါ်လာ သိန်း ၅၀၀ ရှိနေပါပြီ။ ကမ္ဘာမှာ Facebook သုံးသူ သန်း ၈၀၀ မကတော့ပဲ ၃ ယောက်မှာ တစ်ယောက်က Page လုပ်ထားတယ်။ တကယ် Offcial စီးပွား ရည်ရွယ် Page ကလည်း နိုင်ငံတစ်ခုတည်းမှာတင် သိန်းချီ ကို ရှိတယ်လေ။ မြန်မာမှာကျ ဒီ Feature အသုံးပြုဖို့ ခက်နေ သေး ပါတယ်။ ဒီအတွက် ဆားဗစ်ပေးတဲ့ ကုမ္မဏီတွေလည်း ပေါ်နေပါပြီ။ မြန်မာ Page တွေကြော်ငြာထားတာ အောင် မြင်နေရပြီလေ။
Facebook Game
Facebook ဂိမ်းကနေလည်း ငွေရသဗျ။ ဂိမ်းတစ်ခုလုပ်ဖို့အတွက် Developer တစ်ယောက်အနေနဲ့ အလကားမရပါဘူး။ တစ်ဒေါ်လာ ကနေ အစားစား သွင်းပြီး ဂိမ်းတွေဖန်တီးပေးပါတယ်။ နောက်တော့ ဖွဘုတ်မှာ အင်မတန် ဆော့လို့ကောင်းတဲ့ လယ်စိုက်တာတို့၊ မာဖီးယား ဂိုဏ်းစတား လုပ်တာတို့ ဖြစ်လာပါရော။ အဲဒီ ဂိမ်းစာမျက်နှာတွေ ဖွင့် တဲ့အခါ ကြော်ငြာတွေ တစ်စီတစ်တန်းကြီး တွေ့ရလိမ့်မယ်။ ဆိုဒ်ကို သွားဖို့ ခေါ်တာတွေရော၊ အဲ့ဒီမှာတင် ကြော်ငြာတာတွေရော စုံစံစိနေတာပါပဲ။ အချို့  ဆို ပိုက်ဆံထည့်မှ ဆော့ရတာမျိုး လုပ်သေးသဗျ။ ဒီမှာ Facebook က ကော်မရှင်သဘောနဲ့ ဖြတ် တယ်လေ။ Facebook ရဲ့  ဝင်ငွေက တစ်ရက်တစ်ရက်ကို ကြောက်မခန်းလိလိ များပါတယ်။
အခြားအခြားများ
အထက် ဖော်ပြပါ Page နဲ့ ဂိမ်းက စာရေးသူတို့ မြင်သလောက်ပဲလေ။ စာရေးသူတို့ မမြင်ရတဲ့ နောက်ကွယ်မှာ သူတို့ ငွေရနေတဲ့ နည်းလမ်းတွေ အများကြီး ရှိနေသေးတယ်။ ခုတောင် သတင်း ကြားနေ တယ်။ Message ပို့တာတို့ကို ပိုက်ဆံကောက်မယ်တဲ့။ နာမည်ကြီးတွေဆီ ပို့လေလေ ပိုက်ဆံကုန်လေလေတဲ့လေ။ Friend Request တောင်အလကားပို့လို့မရတော့မယ
နိဂုံးချုပ်
သို့ပေမယ့် တော်တော်လေး လှတဲ့ ရေကန်တစ်ခုတော့ သူ ဆောက်ပေး နိုင်ခဲ့တယ်လေ။ သူ့ရေကန် ကောင်းမှုကြောင့် စာရေး သူတို့လည်း ကန်ပျော်တဲ့ ငါးတွေ ဖြစ်ကုန်ကြပြီ။ Facebook ကိုအခြေခံ ပြီးတော့ ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုပြီးတော့ များနေတော့လည်း တစ်ဖက်တစ်လမ်းက ကျေးဇူး တင်ရမှာပေါ့။
စာဖတ်သူတို့ထဲမှာလည်း ရေကန်တစ်ခုဆောက်ချင်သူများ ရှိရင် မတ်ဇူကာဘတ်ကို အတုယူလို့ ကြိုးစားဖန်တီးနိုင်ပါကြောင
--
အောင်ခမ်း (ရိုးရာလေး)
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment