စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







(ဂျူး-မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်)



မိန်းမတစ်ယောက်ရဲ့ ဂုဏ်သရေကို သူပါဝင်တဲ့ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်ကပဲ စံကိုက်ပေတံတစ်ခု ဖန်တီးထားပြီး တိုင်းတာ ဆုံးဖြတ်ပေးတတ်ပါတယ်။

မိန်းမရဲ့ ဂုဏ်သိက္ခာကို သတ်မှတ်ဆုံးဖြတ်ပေးတဲ့ နေရာမှာ အဲဒီမိန်းမရဲ့ ပညာ အရည်အချင်း လူထုအပေါ် နားလည် သိမြင်မှု၊ မျှဝေခံစားမှု၊ကိုယ့်ကိုယ်ကို အားကိုးပြီး လွတ်လွတ်လပ်လပ် ရပ်တည်မှု၊ ပတ်ဝန်းကျင်အပေါ် အသုံးကျမှု၊ အဲဒါတွေကို ထည့်စဉ်းစားလေ့ မရှိဘူး။

ဒီမိန်းမဟာ အများစု သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညီညွတ်ရဲ့လား၊မိန်းမတွေ ရှောင်ကြဉ်ရမယ့် အပြုအမူအနေအထိုင်တွေကို ရှောင်ကြဉ်ရဲ့လား မိန်းမအတွက် သီးသန့် ကန့်သတ် ထားတဲ့ ထုံးတမ်းစဉ်လာ နယ်နိမိတ်အတွင်းမှာ နေရဲ့လား။ အဲဒီလို ကိစ္စတွေနဲ့ တိုင်းတာပြီး ဆုံးဖြတ်သတ်မှတ်လေ့ရှိတယ်။

ပတ်ဝန်းကျင်က ကန့်သတ်ထားတဲ့ ဘောင်နယ်နိမိတ်ကို ကျော်လွန်သွားရင် အဲဒီမိန်းမဟာ လူမှုရေးဖောက်ပြန်သူ၊ လျှပ်ပေါ်လော်လည်သူ အဖြစ် ဆုံးဖြတ် သတ်မှတ်ကြတာ သဘာဝပါပဲ။ အဲဒီလိုနည်းနဲ့ပဲ ကိုယ်ဟာ ဂုဏ်သရေ ကင်းမဲ့သူ၊သိက္ခာမဲ့သူ၊ မိန်းမဈေးဖျက်သူ မိန်းမပေါ့တစ်ယောက် ဖြစ်ခဲ့ရပါတယ်။
ဂျူး

http://www.facebook.com/photo.php?fbid=408510099246827&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...