စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မှတ်ဉာဏ်တိုးပွား ရင့်သန်စေသည့် Rosemary ရနံ့ကုထုံး





Rosemary ပန်းမှရသော ရနံ့ဖြင့် ကုသမှုခံယူခြင်းသည် ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင် ပေးနိုင်ကြောင်း သိရှိရသည်။ အဆို ပါပန်းရနံ့ကို ရှေးနှစ်ပေါင်းများစွာက တည်းက ခေါင်းမူးခြင်းနှင့် ဦးနှောက် အားနည်းခြင်း (brain weakness)များတွင် အသုံးပြုခဲ့ကြောင်း သိရှိရ သည်။


ယခုလေ့လာမှုကို ဦးဆောင်ခဲ့သော Dr.Mark Mose က rosemary aromatherapy သည် ယခင်အတိတ်မှ အဖြစ်အပျက်များကို မမှတ်မိသူများကို ပိုမိုမှတ်မိစေကြောင်း မှတ်ဉာဏ်ချို့ယွင်းလာသော သက်ကြီးရွယ်အိုများတွင်လည်း မှတ်ဉာဏ်ပိုမိုကောင်းမွန်လာစေကြောင်း rosemary ပန်း၏ အဆီသည် ဦး နှောက်၏ သိမြင်မှုစွမ်းရည် (cognitive power)ကိုမြှင့်တင်ပေးနိုင် ကြောင်းကိုသုတေသနပြုနိုင်ခဲ့သည်။
ယခုလေ့လာမှုတွင် ရနံ့ကုထုံးကို ခံယူခဲ့ကြသည်။ Rosemary ၏ ကောင်းကျိုးများမှာ -
 

၁။ ပိုးသတ်သောပဋိဇီဝအာနိသင်၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသည်။
၂။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပြီး ကြက်သားနာကျင်မှုကို လျော့ပါး စေသည်။
၃။ ရနံ့ကို ရှူရှိုက်ခြင်းသည် လည်ချောင်းနာခြင်းကို သက်သာစေ ပြီး အစာစားလိုစိတ်ကို တိုးပွားစေကာ အစာခြေခြင်းကို အားပေးသည်။
၎။ လိမ်းကျံခြင်းအားဖြင့် အရေပြား ကိုစိုပြည်စေသည်။
၅။ ခေါင်းလျှော်ရည်တွင် ပါဝင်ခြင်း က ဆံပင်ကျွတ်ခြင်းနှင့် ဗောက်များကို ပျောက်ကင်းစေသည်။

သက်ကို
Ref: PTI
Health Updates


http://www.facebook.com/photo.php?fbid=410841282347042&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...