စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







[ညောင်စေ့လောက် လှူပေမဲ့ ညောင်ပင်လောက် အကျိုးများတယ် ဆိုတဲ့ စကား]



ညောင်စေ့လောက် လှူပေမဲ့ ညောင်ပင်လောက် အကျိုးများတယ်....ဆိုတာ စေတနာကိုပြောတာပါ...ပစ္စည်းက နည်းပေမဲ့ စေတနာက ကြီးရင် ဒါနအကျိုးပေးသည် လည်းကြီးတယ်။ စေတနာဆိုတာ မိမိပိုင် ပစ္စည်းဥစ္စာ အပေါ်မှာ တွယ်တာခြင်းမရှိပဲ လွတ်လွတ်လပ်လပ် စွန့်လွတ်လိုက်ရလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်တာကို ဆိုလိုတာပါ။ တချို့က ကြီးကြီးကျယ်ကျယ်လှူတယ်၊ မလှူခင်ကရော လှူတုန်းရော စေတနာထက်သန်တယ်၊ ၀မ်းမြောက်တယ်၊ ဒါပေမဲ့ လှူပြီးမှ ငါလှူတာများသွားပီ ထင်တယ် ဆိုပြီး ၀မ်းမမြောက်တော့ဘူး၊ နှမြောသလို ဖြစ်နေတယ်။ အဲဒီ လိုဖြစ်ရင်လည်း အကျိုးမရဘူးပါဘူး။

သီရိလင်္ကာက ဒုဌဂါမဏိ အဘယမင်းဟာ စုတေခါနီးမှာ မဟာစေတီတော်ကြီးကို တည်ခဲ့တယ်။ အဲဒီ ဒါနဟာ အလွန် ကြီးကျယ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဒါနအတွက် သူသိပ်ပြီး ၀မ်းမမြောက်ဘူးတဲ့၊ ဘယ်ဒါနကို ပိုပြီးဝမ်းမြောက်လည်းဆိုရင် သူစစ်ရှုံးတုန်းက တောထဲမှာ ဆွမ်းတစ်နပ်စာကို လှူခဲ့ဖူးတယ်။ အဲဒီ ဒါနကို သာပြီး ၀မ်းမြောက်တဲ့အတွက် ဒီဆွမ်း ကုသိုလ်ကြောင့်ပဲ တုသိတာ နတ်ပြည်ကိုရောက်ရတယ်။ ဆိုလိုတာကတော့ အလှူဝတ္တုထက် စေတနာထက်သန်မှုဟာ ပိုပြီး အရေးကြီးတယ်ဆိုတာ သတိပြုဖို့ပါပဲ။

အလှူဒါနပြုတဲ့အခါ စေတနာကို ပဓာနထားသင့်ပါတယ်။

တောင်မြို့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ...စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည်မဟုတ်၊ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကိုမြုပ်နှံ၍ချုပ်သွားကြသည်လို့ ရေးတော်မူခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအနေနဲ့ နေ့စဉ်နှင့်အမျှ ဒါန သီလ ဘာဝနာကို လိုက်နာကျင့်သုံးနေကြသူများသာ ဖြစ်ပါတယ်။ သို့သော် ဘ၀အခြေအနေအရ ထိုက်သင့်သလောက် လေးသာ လှူဒါန်း နိုင်သူများ စိတ်ပျက်အားငယ်စိတ် များမ၀င်ကြစေရန် ရည်ရွယ်၍ရေးသားလိုက်ရပါတယ်။

ညခင်း

တရားအစစ် အမှန်ချစ် နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

http://www.facebook.com/photo.php?fbid=406851299412707&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...