စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရိုးရာဓလေ့ဖြင့် နေအိမ်များ ရွှေ့ပြောင်း




ပဲခူးတိုင်း ဒေသကြီးအတွင်း မြောက်မှတောင်သို့ ရှည်လျားစွာ စီးဆင်းလျက် ရှိသည့် စစ်တောင်းမြစ်သည် မြစ်ကြောင်းကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသ တွင်း နေပြည်သူများမှာ မြစ်ကမ်းပါးနှင့် ဝေးရာ သို့ ရွှေ့ပြောင်း နေထိုင်ကြရသည်။

ထိုသို့ ရွှေ့ပြောင်းရာတွင် အကုန်အကျ သက်သာပြီး အချိန်တိုအတွင်း ရွှေ့ပြောင်းနိုင်သည့် ရိုးရာနည်းလမ်း များကို အသုံးပြုလျက်ရှိရာ ရွာသူရွာ သားများ စုပေါင်း၍ နေအိမ်၏ တိုင်များအောက်တွင် လှည်းဘီးများ တပ်ဆင်၍ တွန်းရွှေ့ကြသည်ကို တွေ့ရသည်။

အိမ်တစ်လုံးဖျက်ပြီး ဆောက်မည်ဆိုလျှင် ငွေကျပ်ခြောက်သိန်းခန့် ကုန်ကျနိုင်ပြီး အပျက်အစီးများလည်း ကြုံတွေ့ရသဖြင့် ယခုကဲ့သို့ စုပေါင်းကာ ရွှေ့ပြောင်းလျှင် လုပ်အားခ သာ ကုန်ကျကြောင်း သိရသည်။

http://bit.ly/14hsM49


ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...