စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေတ္တာဘာဝနာတရား နေ့စဉ်ပွားပါ။



၁။မိမိသည် ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ။

နည်းတူ။ ။

၂။မိမိ၏ မိဘနှစ်ပါးသည်..။
၃။မိမိ၏ ဆရာသမားများသည်..။
၎။မိမိ၏ ဆွေမျိုးများသည်...။
၅။ မိမိ၏ မိတ်ဆွေသူငယ်ချင်းများသည်....။
၆။မိမိထက်ကြီးသူငယ်သူအရွယ်တူသူတို့သည်...။
၇။ မိမိ၏ မိတ်ဆွေသူငယ်ချင်းမဟုတ်သူများသည်လည်း...။
၈။ သုံးဆယ်တစ်ဘုံမှာ ရှိကြကုန်သော သတ္တ၀ါအားလုံးသည်...။

မှတ်ချက်။ ။မေတ္တသုတ်တော်လာ၊ မေတ္တာပို့နည်း (၁၁)နည်း။
မင်းကွန်းဆရာတော်ဘုရားကြီး၏မေတ္တာပို့နည်း။
တစ်ခြားသောမေတ္တာပို့နည်းများလည်းရှိပါသေး၏။

မိမိနှစ်သက်တဲ့မေတ္တာပို့နည်းတစ်ခုခုကို အစဉ်ပွားများနေဖို့ပါပဲ။

မေတ္တာအကျိုး ၁၁-ပါး။
**************

မေတ္တာတရား ပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး ၁၁-ပါး။
(၁) ချမ်းသာစွာ အိမ်ရခြင်း၊
(၂) ချမ်းသာစွာနိုးရခြင်း၊
(၃)မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊
(၄)လူတို့ ချစ်နှစ်သက်ခြင်း၊
(၅)နတ်တို့ မြတ်နိုးခင်မင်ခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း၊
(၁၀) မတွေဝေဘဲသေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။

လပြည့်ဝန်း [သာစည်]

မေတ္တာဖြင့်နေသူသာ ငြိမ်းချမ်းမယ်။

ဓမ္မလမ်းပြကြယ်


http://www.facebook.com/photo.php?fbid=410846655679838&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...