စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







♥ ဆန့်ကျင်ဘက်ချစ်ခြင်း ♥



တစိမ်းပြင်ပြင်လူတယောက်နဲ့တယောက် အစစ်အမှန် ချစ်မေတ္တာတွေ အလွန်အကျွံ့ပစ်တင်မိခြင်းမှာ ရုပ်ရည်ရဲ့ဆွဲဆောင်မှု၊ စည်းစိမ်ရဲ့ဆွဲဆောင်မှု၊ ရာထူးဂုဏ်သိမ်ရဲ့ဆွဲဆောင်မှု၊ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ကျနမှု တို့နဲ့ တလုံးတပါဒမှ မပတ်သက် မဆက်နွယ်နေပါဘူး။

ပါးစပ်ကပြောတဲ့စကားသံတွေထက် မျက်လုံးကပြောတဲ့အချင်းအရာတွေကို ရင်ဘတ်ကိုယ်စီက ဘာသာစကားပြန်နိုင်လာတဲ့အခါ နှလုံးသားချင်း ပတ်သက်နီးစပ်နိုင်ပါတယ်…

မတည်လိုက်တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ ပေါင်းစည်းခြင်း ပျော်ရွှင်စရာအိမ်ယာထူထောင်သည့်နောက်ပိုင်း ကိုယ်ရွေးချယ်ရာ လူတယောက်ရဲ့ ကိုယ်ခန္ဓာမပြေပြစ်မှုတွေ၊ မညီမညာတော့တဲ့ သွားတွေ၊ ဆွဲအားတွေပြေလျော့နေတဲ့ အရေးအကြောင်းပေါ် အရေပြားတွေ အရင်တချိန်နဲ့ ပြောင်းပြန်အချိုးကျမှုတွေဆိုတာကလည်း ချစ်တဲ့စိတ်အပြည့်နဲ့သာ ကြည့်တတ်ခဲ့ရင် ဘယ်သူနဲ့မှမတူတဲ့ အလှတရားတခုဖြစ်နေနိုင်ပါတယ်

စတင်ခဲ့တဲ့ချစ်မေတ္တာတခုမှာ ဘာအကြောင်းပြချက်မှမပါခဲ့ရင် ဖြူစင်တဲ့စိတ်ဓါတ်နဲ့ ကိုယ့်ကိုပေးနိုင်တဲ့ အကောင်းဆုံးချစ်ခြင်းတရားကသာ ကိုယ့်ဘ၀ရဲ့တသက်တာအဖော်မွန်ကို အကောင်းဆုံးပါရမီဖြည့်ဖက်အဖြစ် ရွေးချယ်မီးမောင်းထိုးရှာပေးမှာ အသေအချာပါပဲ… ပိန်သူ၊ ၀သူ၊ ဖြူသူ၊ မဲသူ၊ လှသူ၊ ရုပ်ဆိုးသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ အားလုံးကို ဖူးစာရေးနတ်က မျက်စိမှောက်ရွေးချယ်ပေးခဲ့တာမဟုတ်ဘူး…

ဆန့်ကျင်ဘက် လူသားနှစ်ဦးရဲ့ တူညီတဲ့အချစ်ကသာ သူတို့ချင်းချင်းကို မြားချက်သင့်စေခဲ့တာပါ…

ဒါကြောင့် ချစ်မေတ္တာ ပေးဝေနိုင်မှု အတိုင်းအတာပမာဏကိုသာ ကြည့်ပါ…

လူနှစ်ယောက်ရဲ့ မတူညီတဲ့ ဖွဲ့စည်းပုံနှစ်ရပ်ကို အလေးထား ဝေဖန်ရေးလုပ်ပြီး လှောင်ရယ်ခြင်းမပြုတာအကောင်းဆုံးပါပဲ…

From: ရေကြည်သူ

Myanmar Forward


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...