စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ထပ်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ကျစေ


Sunday, April 28, 2013

လက်ထပ်ပြီးသူများသည် တစ်ကိုယ်တည်းနေသော Single များထက် နှလုံးရောဂါ တိုက်ခိုက်မှု ဒဏ်ခံစားရမှု နည်းပါးပြီး လေဖြတ်ခံရပါကလည်း ပြန်လည်ကောင်းမွန်လာ မှုများပြားသည်ဟု သုတေသနတစ် ရပ်တွင် ဖော်ပြထားသည်။ ယခုသုတေသနတွင် လူလတ်ပိုင်း လက်ထပ်ပြီးသူများကို အထူးပြုလေ့လာခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူရသော နှလုံးရောဂါ ဖြစ်ပွားမှု စစ်တမ်းကို ကောက်ယူခဲ့သည်။ ယခုလေ့လာမှုကို ဖင်လန်နိုင်ငံမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖင်လန်နိုင်ငံတွင် နှလုံးကြွက်သားရောဂါ Myorcardial Infarction ကြောင့်ဆေးရုံတက် ရသော မှတ်တမ်းများကို အခြေခံထား သည်။

ယခုလေ့လာမှုတွင် ဖင်လန်နိုင်ငံ တစ်ဝှမ်းမှ ပျှမ်းမျှအသက်၃၅နှစ်ရှိသော အိမ်ထောင်ပြုပြီးသူများနှင့် တစ်ကိုယ်တည်းနေထိုင်သူများကို နှိုင်းယှဉ် လေ့လာခဲ့ပြီး နှလုံးရောဂါတိုက်ခိုက်နိုင်ချေကို နှိုင်းယှဉ်လေ့လာခဲ့ သည်။ မှတ်တမ်းတွင် ဖော်ပြထားမှုအရ လေ့လာမှုကာလ ၁၀နှစ်တာအတွင်း နှလုံးရောဂါတိုက်ခိုက်ခံရသောသူ ၁၅၃၃၀ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၇၇၀၃ ဦးမှာ တိုက်ခိုက်ခံရပြီး ၂၈ရက်အတွင်း သေဆုံးသွားခဲ့သည်။

ထို့ပြင် လက်မ ထပ်ရသေးသူများတွင် နှလုံးရောဂါ တိုက်ခိုက်မှုဒဏ်ကို ခံရသည်မှာ ၇၀%ခန့်ရှိပြီး လက်ထပ်ပြီးသူများတွင် နှလုံးရောဂါတိုက်ခိုက်ခြင်းကို ခံရမှုမှာ ၄၈%ခန့်သာရှိသည်။ ထို့ပြင် အရေး ကြီးသောအချက်တစ်ချက်မှာ နှလုံး ရောဂါတိုက်ခိုက်ခံရပြီးချိန် လက်မထပ် ရသေးသူများသည် လက်ထပ်ပြီးသူ များထက် ၇၁%ပိုမို၍ ၂၈ရက်အတွင်း သေဆုံးနိုင်သည်ဟူ၍ဖြစ်သည်။

ထို့ပြင်လက်ထပ်ပြီးသော အသက်၆၅နှစ်မှ ၇၄နှစ်အတွင်း သက်ကြီး အမျိုးသားများတွင် လူတစ် သိန်းတွင် နှလုံးရောဂါဖြစ်နိုင်ချေ ၈၆၆ဦးရှိပြီး လက်မထပ်ရသေးသော အမျိုးသားများတွင် လူတစ်သိန်းလျှင် ဖြစ်ပွားနိုင်ချေ ၁၇၈၂ဦးရှိနေသည်။ အမျိုးသမီးများတွင်မူ လက်ထပ်ပြီး သော အသက်၆၅နှစ်မှ၇၄နှစ်အတွင်း သက်ကြီးရွယ်အိုများတွင် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ လူတစ်သိန်းတွင် ၂၄၇ဦးရှိပြီး လက်မထပ်ရသေးသော အမျိုးသမီးများတွင် လူတစ်သိန်းလျှင် ၄၉၃ဦးဖြစ်ပွားနိုင်သည်။

ယခုသုတေသနကို ဥရောပနှလုံး ရောဂါ ကာကွယ်မှုဆိုင်ရာ ဂျာနယ် တွင် ဖော်ပြထားခြင်းဖြစ်သည်။

သက်နှင်း Ref: PTI Health Updates Journal


http://www.facebook.com/photo.php?fbid=567742403266402&set=a.459462620761048.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...