စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆိုလာပြားဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု ကျေးရွာများတွင် တွင်ကျယ်လျက်ရှိ



စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ကနီမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား များဖြင့် တစ်အိမ်ထောင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲမှု တွင်ကျယ်လျက် ရှိကြောင်း သိရသည်။
နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ အသုံးပြုလျက် ရှိသော ကနီမြို့နယ် ချောင်းမ ကျေးရွာမှ ကိုချစ်ဦးက ““ကျွန်တော့်အိမ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားက လွန်ခဲ့သော နှစ်နှစ်ခန့်က ၀ယ်ယူ ထားတာပါ၊ တန်ဖိုးငွေကျပ် ၁၃၀၀၀၀ ပေးရ ပါတယ်။

အခုဆို ငွေကျပ် ၉၀၀၀၀ လောက်ပဲ ရှိတော့တယ်။ ဆိုလာပြားက အလျား ၂ ပေ၊ အနံ ၅ ပေရှိ ၁၃၀ ၀ပ် ဖြစ်ကြောင်း၊ ၁၂၀ ၀ပ် ကားဘက်ထရီ အိုးဖြင့် အားသွင်းပြီး ၅၀၀ ၀ပ်ရှိ အင်ဗာတာဖြင့် တွဲဖက် အသုံးပြုခြင်း ဖြစ်ကြောင်း”” ပြောကြားခဲ့သည်။ လျှပ်စစ် ဓာတ်အား ရရှိရန် အတွက် အခက်အခဲ ရှိသော ကျေးရွာများတွင် ယခင်က မီးစက်များဖြင့် အသုံးပြုကြ သော်လည်း စက်ချွတ်ယွင်း ပါက ပြင်ဆင်ရန် အခက်အခဲများ ရှိခဲ့ရာ ယခုကဲ့သို့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ ပြားများဖြင့် လျှပ်စစ် ဓာတ်အားများ ထုတ်ယူ အသုံး ပြုမှုမှာ လွယ်ကူသဖြင့် အသုံးပြုသူ များပြား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


http://bit.ly/10Qq988


http://www.facebook.com/photo.php?fbid=411187892312381&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...