စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လာခြင်းကောင်းပြီး ပြန်ခြင်း ငြိမ်းချမ်းကြပါစေ



မြတ်စွာဘုရားက ကောသလသံယုတ်၊ ပုဂ္ဂလသုတ်တော်တွင် ကောသလဘုရင်ကြီးကို
လူဘုံ လူလောကတွင် လူလေးမျိုးရှိကြောင်း ဟောခဲ့ပါတယ်။

၁။ အမှောင်ကလာပြီး အမှောင်ကိုသွားသူ၊


      သူသည် ဆင်းရဲခြင်း၊ ကိုယ်လက်အင်္ဂါများ မပြည့်စုံခြင်း၊ ယုတ်ညံသောတံငါမုဆိုးမျိုး ဖြစ်သော်လည်း ငါးပါးသီလ မလုံခြုံသောကြောင့် အပါယ်လေးပါးမှ လာပြီး အပါယ်လေးဝကို ပြန်သွားမယ့်သူ ဖြစ်ပါတယ်။

၂။ အမှောင်ကလာပြီး အလင်းကိုသွားသူ၊
 

သူသည် ယုတ်ညံ့သောအမျိုး၊ ကိုယ်လက်အင်္ဂါမပြည့်စုံ၊ ဆင်းရဲသော်ဘ၀ရသော်လည်း ငါးပါးသီလ လုံခြုံသောကြောင့် အပါယ်လေးပါးမှ လာပြီး ကောင်းသောသုဂတိဘုံသွားမယ့်သူဖြစ်ပါတယ်။

၃။ အလင်းကလာပြီး အမှောင်သွားသူ၊


သူသည် မြင့်မြတ်သောအမျိုးဖြစ်ခြင်း၊ ချမ်းချမ်းသာသာနေနိုင်ခြင်း၊ ကိုယ်လက်အင်္ဂါပြည့် စုံသော်လည်း ငါးပါးသီလ မလုံခြုံသောကြောင့် ကောင်းသောသုဂတိဘုံမှလာပြီး အပါယ် လေးဘုံကို သွားမယ့်သူဖြစ်ပါတယ်။

၎၊ အလင်းကလာပြီး အလင်းသွားသူ။
 

သူသည် မြင့်မြတ်သောအမျိုးဖြစ်ခြင်း၊ ချမ်းသာစွာနေထိုင်နိုင်ခြင်း၊ ကိုယ်လက်အင်္ဂါပြည့် စုံပြီး ငါးပါးသီလကို ကျင့်သုံးသောကြောင့် ကောင်းသောသုဂတိဘုံမှလာပြီး ကောင်းသောသုဂတိဘုံသို့ ပြန်သွားမယ့်သူဖြစ်ပါတယ်။
 

ရဟန်းရှင်လူ အပါအ၀င် အများစုသည် ကောင်းသောသုဂတိဘုံမှ လာသောကြောင့် ငါးပါးသီလကို တတ်နိုင်သလောက် ပြည့်စုံစွာ ကျင့်သုံးနေထိုင်သင့်ပါတယ်။
အားလုံးသော စာဖတ်ပရိတ်သတ်အပေါင်း လာခြင်းကောင်းပြီး ပြန်ခြင်းငြိမ်းချမ်းကြပါစေ
 

မှတ်ချက်။ သံယုတ္တနိကာယ် ၊ သဂါထာဝဂ်၊ ကောသလသံယုတ်၊ ပုဂ္ဂလသုတ်တော်ကို အခြေ
ခံပြီး အကျဉ်းချုပ် တင်ပြလိုက်ပါတယ်။


(စိတ္တသုခပရဟိတလူငယ်များ)

http://www.facebook.com/photo.php?fbid=406841256080378&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...