စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ ကားဆရာနှင့် အယူစွဲများ - ၂



ဒါလည်း ဖြစ်ရပ်မှန်ကိုပဲ ပြန်လည်အခြေခံမှာပါ။ ကမ္ဘာက ကားဆရာ မဟုတ်သေးဘူးနော်။ မြန်မာပြည်က ကားဆရာနဲ့ ကားလောကတို့မှာ စွဲလမ်းနေတဲ့ အယူလေးတွေပါ။ ယခု သိရမယ့် အယူအကြောင်းက ဂဏန်း ဖြစ်ပါတယ်။

၉ ဂဏန်းခရီးသွားရင် သေမင်းနဲ့ တဲ့တဲ့တိုး တဲ့လေ။ ခရီးသွားရင် ၉ ယောက် မသွားကောင်းပါဘူးတဲ့။ ၉ ယောက်သွားတဲ့ ခရီးက သေမင်း စီးတဲ့ ကား ဖြစ်ပြီး အန္တရယ်အဖျက်အမောင့် များစွာနဲ့ ဒုက္ခရောက်တတ်တယ်လို့ ဆိုပါတယ်။

တယ်ခက်တယ်ဗျာ။ ကျနော်မျိုး ၉ ယောက်ပဲ သွားရတဲ့ ခရီး တစ်ခု စုံဖူးတယ်။ ဒီတော့ ကားပိုင်ရှင်က ပထမဆုံး လူရေလိုက်တယ်။ တိုက်ဆိုင်စွာပဲ ၉ ယောက်ဖြစ်နေတော့ ပြာပြာသလဲနဲ့ ခဲလုံး တစ်လုံး သွားပြေးကောက်လို့ ယခုလို စကားဆိုပါတယ်။

"ခဲလုံးရေ၊ ခဲလုံးရေ တို့နဲ့ခရီးလိုက်ခဲ့ပါ"

တကယ်ခက်တယ်ဗျာ။ ကျနော်လို့ ၁၃ နှစ်သားပဲ ရှိခဲ့သေးတဲ့ ကလေးက မပြောဘူး။ အဲ့ကားပိုင်ရှင်က ကလေးတွေ ပြော သလို ပြောနေလေရဲ့  ။ ဒါကလည်း သူ့ယုံကြည်ချက်နဲ့ သူပဲလေ။ ကားပိုင်ရှင်က အသိဦးလေး တစ်ယောက် ဖြစ်နေတော့ ရှာရှည်ပြီး မေးမိခဲ့တယ်။

"၉ ယောက်ပဲ သွားတဲ့ခရီးက ဒုက္ခရောက်တတ်တယ် ကလေးရဲ့  ။ ကားပေါ်က လူ ဒုက္ခမရောက်တောင် ကားပေါ်က လူတွေရဲ့  ဆွေမျိုးတို့ ဒုက္ခရောက်တတ်တယ်" လို့ အဲ့လူကြီး ဖြေပါလေရော။

ဒါနဲ့ အားလုံး လိုက်မေးကြည့်တော့ ယင်းအယူကို ယုံကြည်ကြပါတယ်။ ရှမ်းပြည်ဘက်က နယ်မြို့ လေးတစ်ခုမှာပါ။ ကားတိုက်မှု၊ ကားမောက်မှု သတင်းတွေ ခဏခဏ ကြားရပြီး ၉ ယောက်တည်း ပါတဲ့ ကားမောက်တဲ့အမှုတွေလည်း ရှိနေသတဲ့လေ။

အချို့ ဆို ၃ ယောက်နဲ့တောင် ခရီးမသွားကောင်းဘူးလို့ ယုံကြည်သလို၊ အချို့ ဆို မ ဂဏန်းအရေအတွက် ခရီးမသွားကောင်းဘူးလို့ ဆိုသတဲ့။ မဂဏန်း ဆိုတာဒီလိုလေ။ ၃၊၅၊၇၊၉၊ ၁၁၊ ၁၃ အစရှိသဖြင့်လေ။ ပြီးတော့ ရှိသေးတယ်။ ရှေ့  ၆ နောက် ၄ တဲ့။ အရှေ့ အရပ်ကို ၆ ယောက်၊ အနောက်အရပ်ကို ၄ ယောက် မသွားကောင်းဘူးတဲ့ဗျာ။

ကားအက်ဆီးဒန့်တွေကြည့်လိုက်တော့လေ။ မဂဏန်းက အမျာစု ဖြစ်နေတယ် တဲ့လေ။ စာရေးသူ ဘယ်လိုနားလည်ရတော့ မှာလဲ။ စာဖတ်သူတို့ ပတ်ဝန်းကျင်မှာ ကားတိုက်မှု၊ မောက်မှုတွေ ရှိရင် စုံစမ်းကြည့်ပါအုံး။ ခရီးသည် စုံဂဏန်းလား၊ မဂဏန်းလား၊ သို့တည်းမဟုတ် ၉ ယောက်လား၊ ၃ ယောက်လား။ သို့တည်းမဟုတ် မှားနေလား။

မြန်မာပြည်က ကားဆရာတွေမှာတင်မက ကမ္ဘာ့နိုင်ငံအသီးသီးက ကားဆရာတွေတိုင်းမှာ ဂဏန်းနဲ့ ပက်သက်တဲ့ အယူအဆက လွမ်းမိုး နေကြဆဲ ဖြစ်ပါတယ်။

ကဲ။ စာဖတ်သူတို့ရဲ့  အတွေးအမြင်ကို လိုချင်လို့ပါ။ ယုံတယ်၊ မယုံဘူး နဲ့ ဘာကြောင့် ယုံတယ်၊ ဘာကြောင့် မယုံဘူးကို အချက်ကျကျလေး ဝင်ရောက် ဆွေးနွေးပေးဖို့ မျှော်လင့်ပါတယ်။

--Credit to ►

အောင်ခမ်း (ColayOnline)


http://www.facebook.com/photo.php?fbid=409204835844020&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...