စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"သင့်မိခင်အား ယ္ခုလို မည်သည့်အခါမျှ မမြင်ရစေရန် သင့်တွင် တာဝန်ရှိသည်"

ရင်ကိုထိသောဓါတ်ပုံ (သို.) အပြုံးတစ်ခု

မိဘ ပစ်သွားတဲ့ သားသမီးတွေကို မိဘမဲ့ ဆိုပြီး သနားကြင်နာကြတယ်။...

လင်ယောက်ျား ပစ်သွားတဲ့ အိမ်ထောင်သည်ကို မုဆိုးမ ဆိုပြီး ငှဲ့ညှာကြတယ်။

သားသမီး ပစ်သွားတဲ့ မိဘ တွေကို ခေါ်တဲ့ အခေါ်အဝေါ် မရှိသလို၊ သားသမီး မဆုံးမ တတ်ဘူး ဆိုပြီး အပြစ်ပြောတာတောင် ခံရတတ်ပါတယ်။

တကယ်တော့ ပစ်ထားခြင်း ခံရတဲ့ လူတွေမှာ အနာကျင်ဆုံးက မိဘတွေပါ။

မိခင်မေတ္တာ အလွန်ကြီးမားပါတယ်..... ဘယ်လို ဘ၀ မျိုးကိုရောက်နေပါစေ...သူတို့ ရဲ့  သားငယ်သမီးငယ်လေးတွေ ပျော်ရင် သူတို့ ရင်ထဲမှာ ကြည်နူးကြတယ်...။
"သင့်မိခင်အား ယ္ခုလို မည်သည့်အခါမျှ မမြင်ရစေရန် သင့်တွင် တာဝန်ရှိသည်"

နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။

မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။

မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။

ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။

ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။

ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။
 
မော်နီကာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...