စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ

        Root ဆိုတာ ဘာလဲ ။ ဖုန်းတစ်လုံးရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ 

     အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။

      အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

- Z Root
- Gingerbreak
- Easy Root Tookit
- Eric Root
- CF Root
- Super one Click
- Revolutionary (HTC)
- S2 Root (Samxung Galaxy)

စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။
Nyo Lynn Htet in Myanmar Mobile Users Group (Files)မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...