စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိုမိုအသက်ရှည်နိုင်သည့် လွယ်ကူသောနည်းများ



         နှလုံးရောဂါ၊ အရိုးပါးရောဂါ၊ ကင်ဆာရောဂါနဲ့ တခြားနာတာရှည် ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချနိုင်တာနဲ့ ၂၆ နှစ်ခန့် အသက် ပိုမိုရှည်နိုင်တယ်လို့ လေ့လာမှုပေါင်း တစ်ဒါဇင်ကျော်အရ သိရပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားသုံးတာ၊ ဆေးလိပ်ဖြတ်တာ၊ သွားဖုံးရောဂါနဲ့ နှလုံးသွေးကြော ရောဂါတွေလိုမျိုး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ရှောင်ရှားတာကြောင့် အထက်ပါရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အောက်ပါတို့ကို လိုက်နာပါက သင်ရဲ့ရောဂါ ဖြစ်နိုင်ခြေ သုံးဆခန့် လျော့နည်းနိုင်တယ်လို့ UCLA မှ သုတေသီတွေက ဖော်ပြထားပါတယ်။

၁။ နာနတ်သီးစားတာကြောင့် အရိုးသန်မာစေနိုင်ပါတယ်
နာနတ်သီးမှာ မဂ္ဂနိစ်သတ္တုဓာတ်တွေ အမြောက်အမြား ပါဝင်တာကြောင့် အရိုးကြွပ်ဆတ်မှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ စပိန်မှ လေ့လာမှုအသစ်အရ သိရပါတယ်။ မဂ္ဂနိစ်ဟာ အရိုးတွေ သန်မာဖို့အတွက် ကယ်လ်စီယမ်လိုမျိုး လိုအပ်ပါတယ်။ အဲဒီသတ္တုဓာတ်ဟာ ကယ်လ်စီယမ်ကို အရိုးအတွင်းသို့ ရောက်ရှိအောင် ကူညီနိုင်လို့ပါ။

၂။ ဟင်းသီးဟင်းရွက်တွေ ပိုမိုစားချင်အောင် လမ်းလျှောက်ပါ
လမ်းလျှောက်တာကြောင့် ဦးနှောက်ရဲ့ အစာစားချင်စိတ်ကို ဆုံးဖြတ်တဲ့ အစိတ်အပိုင်းကို လှုံ့ဆော်မှုပေးနိုင်ပါတယ်။ သင့်ဦးနှောက် လှုံ့ဆော်မှုရအောင် နေ့စဉ် မိနစ် ၂၀ လောက် လမ်းလျှောက်ပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စားချင်စိတ်ရှိတဲ့ ပမာဏ နှစ်ဆ တိုးသွားနိုင်ပါတယ်။

၃။ အဆာပြေစာကို အချိန်ကိုက် စားတာကြောင့် ကိုယ်အလေးချိန် လျှော့ချနိုင်ပါတယ်
နေ့လယ်နေ့ခင်းမှာ အဆာပြေစာကို ပုံမှန်စားသုံးတဲ့ အမျိုးသမီးတွေဟာ မနက်ပိုင်းမှာ အဆာပြေစာ စားသူတွေထက် ကိုယ်အလေးချိန် ၅၇ ရာခိုင်နှုန်း ပိုမိုလျှော့ချနိုင်တယ်လို့ သိရပါတယ်။ နေ့ခင်း ထမင်းစားချိန်နဲ့ ညစာစားချိန်ကြားမှာ အချိန်အကွာအဝေးဟာ ငါးနာရီ ဒါမှမဟုတ် ဒါထက် ပိုကြာတာကြောင့် နေ့ခင်းပိုင်းအချိန်မှာ အဆာပြေစာ စားတာဟာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေတဲ့ နည်းလမ်းဖြစ်ပြီး ညပိုင်းမှာ အစာလွန်ကျူးမှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဟာချီစင် ကင်ဆာသုတေသနဌာနမှ သုတေသီတွေက ရှင်းပြပါတယ်။ နံနက်စာစားချိန်နဲ့ နေ့လယ်စာ စားချိန်ကြားမှာ အချိန်အကွာအဝေးဟာ အနည်းငယ်သာ ရှိတာကြောင့် မနက်ပိုင်း အဆာပြေစာ စားတာဟာ သင့်ကို ကယ်လိုရီတိုးဖို့သာ ရှိပါတယ်။

၎။ ဝိုင်အနီ သောက်တာကြောင့် သွားဖုံးကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်
ဝိုင်အနီမှာ ပါဝင်တဲ့ များစွာသော ပေါ်လီဖီနော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သွားဖုံးရောင်ရမ်းတာ မဖြစ်အောင် တားမြစ်နိုင်ပြီး ဘက်တီးရီးယားတွေမှ ကော်လိုမျိုးအရာတွေ ထုတ်လုပ်မှု ရပ်ဆိုင်းကာ သွား၊ သွားဖုံးနဲ့ သွေးကြောမှာ ချေးဖတ်တွေကပ်ခြင်း မရှိအောင် ကာကွယ်နိုင်ပါတယ်။ နေ့စဉ် ဝိုင်အနီ နှစ်အောင်စ သောက်သုံးတာကြောင့် သွားပိုးပေါက်၊ သွားချေးဖတ်နဲ့ သွားဖုံးရောဂါ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ထက်ဝက် လျော့သွားနိုင်ပါတယ်။

၅။ အကောင်းမြင်စိတ်ရှိသူနဲ့ ပေါင်းပြီး အသက်ရှည်အောင်နေပါ
သင့်သူငယ်ချင်း၊ မိသားစုနဲ့ မိတ်ဆွေတွေထဲမှ အကောင်းမြင်စိတ် ရှိသူတွေနဲ့ ပုံမှန်ဆက်သွယ် အချိန်ဖြုန်းနေတာကြောင့် ခုနစ်နှစ်ခန့် အသက်ပိုရှည်နိုင်တယ်လို့ ကလစ်ဖ်လမ်းမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ တခြားသူတွေနဲ့ ဆက်ဆံနေရတာကြောင့် ရောဂါတွေ ဖြစ်စေနိုင်ပြီး တစ်သျှူးတွေ အရွယ်မတိုင်ခင် အိုမင်းစေနိုင်တဲ့ အစွမ်းထက်ဖိစီးမှု ဟော်မုန်းကော်တီဇော ထုတ်လုပ်မှု လျော့ကျသွားလို့ပါ။

၆။ သင့်လက်ကို နှိပ်ပြီး ဆေးလိပ်ဖြတ်ပါ
လက်တွေကို နှစ်မိနစ်ခန့် ပုံမှန်နှိပ်နယ်မှု ခံယူတဲ့ အမျိုးသမီးတွေဟာ တစ်လအတွင်း နေ့စဉ် ဆေးလိပ် ၁၆ လိပ်သောက်ရာမှ တစ်လိပ်သာ သောက်တော့တယ်လို့ လေ့လာမှုအရ သိရပါတယ်။ နှိပ်နယ်တာကြောင့် စိုးရိမ်စိတ်တွေ လျှော့ချနိုင်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်ရှိလာပြီး ဆေးလိပ်သောက်ချင်စိတ် ပြင်းပြတာ ပျောက်ကင်းသွားနိုင်လို့ပါ။
Tips- ကယ်လိုရီများပြားတဲ့ အစားအစာတွေကို စားချင်စိတ် လွန်ကဲနေပါသလား
ငါးမိနစ်လောက် အပြင်းအထန် လေ့ကျင့်ခန်း လုပ်လိုက်ပါ။ ဒီလိုလုပ်တာကြောင့် ချွေးတွေထွက်လာပြီး အစာစားချင်စိတ် ၅၀ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး
Ref:Good Health
Source: http://www.yatanarpon.com.mm/news/review-62879

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...