စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရက်နှင့်ကျန်းမာရေး

အရက်နှင့်ကျန်းမာရေး .......

အရက်နာ (Hangover)
အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့အပြန်အလှန် လုပ် ဆောင် မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သော
က်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။


ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း

အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီးနောက်နေ့ မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေ ပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါ လိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်း မကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်

Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလိုမလုပ်နိုင်တာ တော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကိုအကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့လက္ခဏာများဖြစ်ပေါ်တတ် ပါတယ်။

ယမကာနှင့် Congeners

Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတု ပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစားအပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကို တွေ့ ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာသောက်သုံး မိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာသန့်စင်စွာထုတ်လုပ် ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ Ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက်သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့် တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတု ပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။

ယမကာ အမျိုးအစား

တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကိုနည်းပါးစေ တယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက်များပြား တာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာသင့်ဆီးသွားများတာကြောင့်ဆုံးရှုံး သွား တဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကိုသက်သာစေမှာ ဖြစ်ပါတယ်။

ယမကာနှင့် ဈေးနှုန်း

ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့မှန်ကန်သင့်သ လောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာပြုလုပ်ထား ပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ယမကာများဟာ များ သောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီးအခွင့်အလမ်းများ စေပါ တယ်။

ယမကာနှင့် ရေချိန်ကိုက်မှု

သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့အရက်နာကျမှု ကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်းပေါ်မှာမူတည်ပြီးပြောင်းလဲ နေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာမူတည်တာကိုတွေ့ရပါ မယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့အခွင့်အရေး များမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။
Photo: အရက်နှင့်ကျန်းမာရေး ....... အရက်နာ (Hangover) အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့အပြန်အလှန် လုပ် ဆောင် မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သောက်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီးနောက်နေ့ မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေ ပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါ လိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်း မကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။ ယမကာနှင့် Enzymes များ ၏ အကျိုးဆက် Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။ ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလိုမလုပ်နိုင်တာ တော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကိုအကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့လက္ခဏာများဖြစ်ပေါ်တတ် ပါတယ်။ ယမကာနှင့် Congeners Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတု ပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစားအပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကို တွေ့ ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာသောက်သုံး မိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာသန့်စင်စွာထုတ်လုပ် ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ Ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက်သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့် တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတု ပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။ congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။ ယမကာ အမျိုးအစား တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကိုနည်းပါးစေ တယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက်များပြား တာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။ ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာသင့်ဆီးသွားများတာကြောင့်ဆုံးရှုံး သွား တဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကိုသက်သာစေမှာ ဖြစ်ပါတယ်။ ယမကာနှင့် ဈေးနှုန်း ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့မှန်ကန်သင့်သ လောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာပြုလုပ်ထား ပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ယမကာများဟာ များ သောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီးအခွင့်အလမ်းများ စေပါ တယ်။ ယမကာနှင့် ရေချိန်ကိုက်မှု သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့အရက်နာကျမှု ကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်းပေါ်မှာမူတည်ပြီးပြောင်းလဲ နေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာမူတည်တာကိုတွေ့ရပါ မယ်။ တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့အခွင့်အရေး များမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...