၁၉၄၅
ခုနှစ် ဒီဇင်ဘာလ ၂၂ရက် စနေနေ့ မော်လမြိုင်မြို့။ စစ်ကာလ အတွင်း
မော်လမြိုင်မြို့အနီး ကုလားကုန်းရွာသား အယောက် ၆၃၇ ယောက်အား ဂျပန်
ကင်ပေတိုင် တပ်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှူတွင် လွတ်မြောက်လာသူ
ရွာသား ငါးယောက်အနက်မှ တယောက်အား ကျူးလွန်ခဲ့သူ ကင်ပေတိုင်တို့အား
ရွေးထုတ်ခိုင်းနေစဉ်။ အဆိုပါ လွတ်မြောက်လာသူငါးဦးတွင် ၁၅နှစ်အရွယ်
မိန်းကလေးတဦးအပါအဝင် အားလုံးမှာ သေလုမျောပါး ဒဏ်ရာ
ဗရပွနှင့်ပင်ဖြစ်ကြောင်းသိရသည်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၂ရက် စနေနေ့ မော်လမြိုင်မြို့။ စစ်အတွင်း ကာလ မော်လမြိုင်မြို့အနီး ကုလားကုန်းရွာသား အယောက် ၆၃၇ ယောက်အား ဂျပန် ကင်ပေတိုင် တပ်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှူတွင် လွတ်မြောက်လာသူ ရွာသား ငါးယောက်အနက်မှ တယောက်အား ကျူးလွန်ခဲ့သူ ကင်ပေတိုင်တို့အား ရွေးထုတ်ခိုင်းနေစဉ်။ အဆိုပါ လွတ်မြောက်လာသူငါးဦးတွင် ၁၅နှစ်အရွယ် မိန်းကလေးတဦးအပါအဝင် အားလုံးမှာ သေလုမျောပါး ဒဏ်ရာ ဗရပွနှင့်ပင်ဖြစ်ကြောင်းသိရသည်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှ ပညာသင်ကြားနေရသော မြန်မာကလေးငယ်များ

၁၉၄၂ ခုနှစ်မေလ ၂၃ရက် စနေနေ့ မနက် ၈နာရီ တွင်တွေ့ရသော ဂျပန်တို့၏ဗုံးဒဏ်ခံ မေမြို့မှ အိမ်တလုံး

၁၉၄၁ ခုနှစ်မှ မေမြို့(ပြင်ဦးလွင်) — with Arif Kassim.

၁၉၄၅ခုနှစ် မတ်လ ၂၀ရက် အင်္ဂါနေ့၊ အင်္ဂလိပ်တပ်များ ဂျပန်တို့အား ထိုးစစ် အပြင်းအထန် ဆင်နွှဲနေသော မန္တလေးမြို့သိမ်းတိုက်ပွဲတနေရာ

၁၉၄၂ ခုနှစ် ဂျူလိုင်လ ၂၀ရက် တနင်္လာနေ့ တွင် တွေ့ရသော ဂျပန်တို့၏ ဗုံးဒဏ်ခံ မန္တလေးမြို့ နှင့် အမေရိကန် ချာ့ခ်ျကျောင်းကြီး

၁၉၄၅ ခုနှစ် ဂျူလိုင်လ ၁၇ရက်နေ့ ၌ တွေ့ရသောဂျပန်တို့၏လက်အောက်မှ လွတ်မြောက်လာခါစ မန္တလေး မြို့ခံများ အား ဈေးထဲ၌အင်္ဂလိပ်တပ်မှ အရာရှိတဦးနှင့် စကားပြန်တို့ စစ်ပွဲ သတင်းများကို ဖတ်ပြနေစဉ်

၁၉၄၅ ခုနှစ် မေလ ၁၅ရက်နေ့ ၌ တွေ့ရသောဂျပန်တို့၏လက်အောက်မှ လွတ်မြောက်လာခါစ မန္တလေး မြို့တနေရာ

၁၉၄၅ခုနှစ် စစ်တွေမြို့မှ အဆောက်အဦးတခု(ကြည့်ရတာ ဗလီတခုဖြစ်မယ်နဲ့တူတယ်။)

***ဟေမာန်. မောင်နှမများ အားလုံး ပျော်ရွှင်ချမ်းမြေ.ကြပါစေရှင်...။***
လွယ်အိတ်မှသူငယ်ချင်းတို့ရေ....ယခုပုံများမှာ အပိုင်း (၁၅)ဖြစ်ပါတယ် ...
နောက်ထပ်အများကြီးလာဦးမှာဆိုတော့ ကြည့်ချင်သူများအပိုင်း (၁၆) မှဆက်၍ကြည့်ပါလို့ပန်ကြားအပ်ပါတယ်..( ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်)

No comments:
Post a Comment