စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကာလလေးပါးတွင် ဟောကြားခဲ့သော တရားများ

        ဗုဒ္ဓသည် ဗောဓိပင်နှင့် ရွှေပလင်အောင်တော်မူပြီးနောက်`အ၀ဋံသကသုတ်၊ဂန္ဓဗျူဟာသုတ်´ အစရှိတဲ့ အလွန်လေးနက်တဲ့ သုတ္တံဒေသနာတော်တွေကို ဟောကြားတယ်။ဒါပေမယ့် တရားက အလွန်လေးနက်တဲ့အတွက် လူတွေနားမလည်လို့ မလိုက်နိုင်ဘူး၊ဒါကြောင့်လူတွေနားလည်အောင်
တစ်ဆင့်နှိပ်ပြီး ၁၂နှစ်ကာလာပတ်လုံး ဟောရတယ်၊အဲ့ဒီတရားတွေကတော့ ပိဋကတ်သုံးပုံဖြစ်လာ
တယ်လို့ ဆိုပါတယ်။ထို့နောက် ရှစ်နှစ်တိုင်တိုင် ဝေပုလ္လတောင်ပေါ်မှာ ဝေပုလ္လတရားတွေကို ဟော
တယ်။ဒီနောက် အနှစ်နှစ်ဆယ်တိတိ ပညာပါရမီဟာသုတ်၊သုရင်ဂမသုတ်၊လင်္ကာဝဋာရသုတ် စတဲ့
ပိုလေးနက်တဲ့ သုတ္တံတရားတွေကို ဟောကြားခဲ့ပါတယ်။နောက်ဆုံးရှစ်နှစ်မှာ အလေးနက်ဆုံးသော
မဟာယနသုတ္တံတွေကို ပရိနိဗ္ဗာန်စံတဲ့အထိ ဟောကြားခဲ့ပါတယ်။အဲ့ဒီသုတ္တံတွေကတော့ သဒ္ဓမ္မပုဏ္ဏ
ရိကသုတ်၊သုခ၀တီသုတ်၊မဟာပရိနိဗ္ဗာန်သုတ်တို့ ဖြစ်ပါတယ်။အဲ့ဒီသုတ္တံတွေကို ဘုရားအလောင်း
ဗောတိသတ္တတွေကို ဟောတယ်လို့ဆိုပါတယ်။ 

          မဟာယနတွေက ပိဋကတ်သုံးပုံကိုမပယ်ဘူး။သစ္စာတရားလေးပါး၊ရုပ်နာမ်နှစ်ပါး၊လက္ခဏာရေး
သုံးပါး၊မဂ္ဂင်ရှစ်ပါး၊ပဋိစ္စသမုပ္ပာဒ် ဒီတရားတွေကို ဗုဒ္ဓရဲ့ ၀ါစနဘုရားဟောအဖြစ်လက်ခံပါတယ်။တောင်
ပိုင်းလှေသူကြီးဖြစ်တော်မူသော ရှင်ဗုဒ္ဓဃောသသည် မြောက်ပိုင်းသာသနာအကြောင်းကို ကားမည်း
ကြီးဖြင့် အုပ်ခဲ့သောကြောင့် ဗုဒ္ဓသာသနာတော်၏ ဂိုဏ်းခွဲဖြစ်သော မဟာယန(သို့)မြောက်ပိုင်းဗုဒ္ဓဘာ
သာကို ယခုတိုင်သေသေချာချာမသိကြရပေ။ထို့ကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာဝင်များသည် မဟာယ
နဘာသာကို အထင်အမြင်သေး၊မလေးမစား၊အပေါ့စား အပျော့စားဟု သဘောထားခဲ့လေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...