စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံ၏ ပထမဆုံးသော မြန်မာစာစနစ်သုံးအီးမေးလ်ဝန်ဆောင်မှုကို စတင်လိုက်ပါပြီ။

Gahta.com အခမဲ့အီးမေးလ်အဖွဲ့ဝင်ခြင်းလမ်းညွှန်
မြန်မာနိုင်ငံ၏ ပထမဆုံးသော မြန်မာစာစနစ်သုံးအီးမေးလ်ဝန်ဆောင်မှုကို စတင်လိုက်ပါပြီ။
Gahta.com တွင် အဖွဲ့ဝင်လုပ်ပြီးနောက် ၃~၂၄ နာရီအတွင်း အီးမေးလ် account ရရှိပါမည်။
Gahta.com တွင် အဖွဲ့ဝင်ပါက Gahta.com၏ ၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။
------- အဖွဲ့ဝင်နည်း --------
1. ၁။ အောက်ပါ အဖွဲ့ဝင်ခလုတ်ကို နှိပ်ပါ။
2. ၂။ အဖွဲ့ဝင်စာမျက်နှာတွင် သဘောတူညီချက်အောက်တွင် ရှိသော[ သဘောတူပါသည်။]တွင် အမှတ်လုပ်ပြီးနောက် [အတည်ပြု] ခလုတ်ကို နှိပ်ပါ။
3.၃။ ID၊ လျှို့ဝှက်စာလုံး၊ အီးမေးလ်တွင် အသုံးပြုမည့် လျှို့ဝှက်စာလုံးတို့ကို ရိုက်ထည့်ပါ။
လျှို့ဝှက်စာလုံးရိုက်ထည့်ရာတွင် အင်္ဂလိပ်စာလုံးကြီးသေး၊ ဂဏန်းအားလုံးကို အသုံးပြုကာ စာလုံး ၆လုံးအထက်ရိုက်ထည့်ရပါမည်။
4. မြန်မာစာဖြင့် အမည်ကို ရိုက်ထည့်ပါ။
5. နာမည်ပြောင်ကို ရွေးချယ်ပါ။
နာမည်ပြောင်ရိုက်ထည့်ရာတွင် မြန်မာစာဖြစ်စေ အင်္ဂလိပ်စာဖြစ်စေ အသုံးပြုနိုင်ပါသည်။ (နာမည်ပြောင်သည် အင်တာနက်တွင် အသုံးပြုမည့် အမည်ဖြစ်ပါသည်။ဥပမာ - သစ်ပင်)
6. ၆။ အီးမေးလ်လိပ်စာကို ရိုက်ထည့်ပါ။
လက်ရှိအသုံးပြုနေသည့် အီးမေးလ်လိပ်စာမရှိပါက အထက်တွင် ရိုက်ထည့်ခဲ့သည့် id@gahta.com ကို ရိုက်ထည့်ပါ။
7. ၇။ [ကျား/မ]နေရာတွင်(ရွေးချယ်ပါ။) ဘေးတွင်ရှိသော မြားပုံကို နှိပ်ကာ ကျား/မ ရွေးချယ်ပါ။
8. ၈။ အခြားအဖွဲ့ဝင်များနှင့် မက်ဆေ့ခ်ျအပေးအယူလုပ်လိုပါက [အချက်အလက်အများသိကြေညာခြင်း]နေရာတွင် အမှတ်လုပ်ပေးပါ။ ၄င်းကို အဖွဲ့ဝင်ပြီးနောက် ပြောင်းလဲလိုပါက ပြောင်းလဲနိုင်ပါသည်။
9. ၉။ (ဘယ်ဘက်ရှိ စာလုံးကို ရိုက်ထည့်ပါ။) နေရာတွင် ဘယ်ဘက်အကွက်၌ပေးထားသည့် ဂဏန်းကို ရိုက်ထည့်ပါ။
10. အောက်ဆုံးရှိ [အတည်ပြုခြင်း]ကို နှိပ်ပါက အဖွဲ့ဝင်ခြင်းပြီးဆုံးပါပြီ။
ဘယ်ဘက်အပေါ်ရှိ ID၊ လျှို့ဝှက်စာလုံး ရိုက်ထည့်ရမည့်နေရာတွင် ID နှင့် လျှို့ဝှက်စာလုံးကို ရိုက်ထည့်ပြီး အတည်ပြုပေးပါ။
★ အီးမေးလ် လျှို့ဝှက်စာလုံးသည် လွယ်ကူသော စာလုံးဖြစ်ပါက အီးမေးလ် account ကို ထုတ်ပေးမည်မဟုတ်ပါ။ အောက်ပါ ပုံစံအတိုင်းသာ ပြုလုပ်ပေးပါ။
E-mail Password ex) 365/kg, man.325, 700.mym, yg/749, drm/3927, zam/dre, hee@90
* အဖွဲ့ဝင်လိုပါက အောက်ဘက်ရှိ အဖွဲ့ဝင်ခြင်းခလုတ်ကို နှိပ်ပါ။
အဖွဲ့ဝင်ခြင်း
အပိုဒ်(၁) အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤသဘောတူညီချက်သည် ၀န်ဆောင်မှုအသုံးပြုခြင်းနှင့် ပတ်သက်သည့် gahta.com ကုမ္ပဏီနှင့် အဖွဲ့ဝင်တို့၏ သဘောတူညီချက်ဖြစ်ပါသည်။
ကုမ္ပဏီဆိုသည်မှာ(gahta.comအစရှိသည့် ၄င်းနှင့်ဆက်စပ်နေသည့် ဒိုမိန်းဖြင့် ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီ)ကို ဆိုလိုခြင်းဖြစ်သည်။
အဖွဲ့ဝင်ဆိုသည်မှာ (gahta.com) ၏ ၀န်ဆောင်မှုကို အသုံးပြုနေသည့် အဖွဲ့ဝင်ကို ဆိုလိုခြင်းဖြစ်သည်။
အပိုဒ်(၂) တာဝန်
ကုမ္ပဏီသည် ပေးထားသည့် ၀န်ဆောင်မှုကို Upgrade လုပ်သည်ဖြစ်စေ၊ ဖြတ်တောက်သည်ဖြစ်စေ လုပ်နိုင်သည်။ ၄င်းနှင့် ပတ်သက်၍ သီးသန့် အသိပေးခြင်းမလုပ်ပါက အဖွဲ့ဝင်၏ ခွင့်ပြုချက်ကို တောင်းခံမည်မဟုတ်ပါ။
တစ်ဖက်မှ ဆန္ဒရှိပါက ကုမ္ပဏီနှင့် အဖွဲ့ဝင်သည် အချိန်မရွေး စာချုပ်ကို ရပ်ဆိုင်းခွင့်ရှိသည်။
အဖွဲ့ဝင်သည် မိမိ၏ ID နှင့် လျှို့ဝှက်စာလုံးကို ထိန်းသိမ်းရမည်ဖြစ်သည်။ လျှို့ဝှက်စာလုံးပေါက်ကြားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာကို ကုမ္ပဏီက တာဝန်ယူမည်မဟုတ်ပါ။
အပိုဒ်(၃) သဘောတူညီချက်ပြုခြင်းနှင့် သတ်မှတ်ခြင်း
ကုမ္ပဏီသည် စည်းမျဉ်းကို ပြောင်းလဲလို၊ သတ်မှတ်လိုပါက အချိန်မရွေး ပြင်ဆင်သတ်မှတ်နိုင်ပါသည်။
သတ်မှတ်ထားသည့် သဘောတူညီချက်ကို မူလစာမျက်နှာ၏ အောက်ပိုင်းနေရာတွင် ကြေညာပါမည်။
အဖွဲ့ဝင်သည် သတ်မှတ်ထားသည့် သဘောတူညီချက်ကို လိုက်နာမည်ဟုယူဆပါသည်။ သတ်မှတ်ထားသည့် သဘောတူညီချက်ကို ငြင်းပယ်ပါက ကုမ္ပဏီကို သီးသန့်အကြောင်းကြားခြင်းမရှိဘဲ နုတ်ထွက်နိုင်ပါသည်။
ကုမ္ပဏီသည် အခကြေးငွေယူသည့် ၀န်ဆောင်မှုကို ကြေညာပါက ၀န်ဆောင်မှုတစ်ခုစီအတွက် သဘောတူညီချက်ကို တစ်ဆင့်စီထပ်တိုးမည်ဖြစ်ကာ အဖွဲ့ဝင်သည် ၄င်းကို သဘောတူပါက အသုံးပြုနိုင်ပါသည်။
အပိုဒ် (၄) အဖွဲ့ဝင်အချက်အလက်
အဖွဲ့ဝင်၏ ကိုယ်ရေးအချက်အလက်ကို ကုမ္ပဏီပြင်ပမှ မသက်ဆိုင်သူကို ပြသခွင့် မရှိပါ။
သို့ရာတွင် အစိုးရအဖွဲ့အစည်းမှ ဥပဒေအရ တောင်းဆိုလာပါက ပြသနိုင်ပါသည်။
အပိုဒ်(၅) အီးမေးလ်
အီးမေးလ် account ကို အခမဲ့သုံးနိုင်ပါသည်။
အီးမေးလ် account ကို (၃) လ အသုံးမပြုပါက သီးသန့်အကြောင်းကြားခြင်းမရှိဘဲ ပယ်ဖျက်ပါမည်။
ဤ သဘောတူညီချက်သည် ၂၀၁၂ ခုနှစ်၊ ၇လ၊ ၂၄ ရက်နေ့မှ စတင်၍ အကျုံးဝင်ပါသည်။
ပုံ GAHTA.COM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...