စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓ၀င် ပုံတော်စုံများ (၁)

         ယခု ပို့စ်တစ်ခု အနေနဲ့ ဦးဇင်းတင်ပေးလိုက်တဲ့ ဗုဒ္ဓ၀င်ပုံတော်စုံများကို ဒကာအောင်အောင် (မကစ)က ရေးပေးတင်ပေးဖို့  တိုက်တွန်းတဲ့ အတွက်ကြောင့် ရေးပေးတင်ပေးရခြင်းဖြစ်ပါတယ်။ ဒကာအောင်အောင်တို့ ဇာတိရွာမှာ ဇရပ်ဆောက်နေတယ့် သူ့သူငယ်ချင်းက   ဇရပ်ဆောက်
ပြီးတဲ့အခါ ဇရပ်မှာ သုံးချင်တဲ့အတွက်ပါတဲ့။ ဦးဇင်းလည်း ကုသိုလ်ရ တပည့်တော်လည်း ကုသိုလ်ရ ဇရပ်ဆောက်တဲ့လူလည်း ကုသိုလ်ရ အဲဒီ ကုသိုလ်အလှတွေကို တွေးလို့ ရေးပေးပါဘုရားတဲ့....။

         မဟာဗုဒ္ဓ၀င်ကိုရေးမယ်ဆိုရင် တော်ရုံတန်ရုံ သဒ္ဓါတရား ၊ ၀ီရိယတရား ၊ ပညာတရားတွေနဲ့ မရနိုင်ပါဘူး။ စာပေတွေသေချာလေ့လာရမယ်။
ဦးဇင်းအနေနဲ့လည်း မရေးနိုင်ပါဘူး။ သို့သော် ပုံလေးနဲ့ စာလေးဟပ်မိရုံသာရေးပေးပါလို့ဆိုတဲ့အတွက် မနိုင့်တနိုင်နဲ့ကူညီပေးရခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် ပုံတော်လေးများနဲ့စာသားလေးများ စပ်ဟပ်မိရုံလေးပဲ ရေးသားပြီး ပို့စ်တစ်ခုအနေနဲ့တင်ပေးလိုက်ရပါတယ်။အားလုံးနားလည်ကျေနပ်ကြ
ပါစေသတည်း။
ဒီပင်္ကရာမြတ်စွာဘုရား ဆွမ်းခံကြွအလာ တစ်လံမျှလောက်သော ရွှံ့ဗွက်နေရာကို ခန္ဓာကိုယ်ဖြင့် တံတားခင်း၍ ၀ပ်စင်းလှူဒါန်းနေသော သုမေဓာ
ရှင်ရသေ့အား ဒီပင်္ကရာမြတ်စွာဘုရားက... လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပြည့်သောအခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်တော် ပေးနေပုံ နှင့် ပါရမီဖြည့်ဘက်အဖြစ် ကြာပန်းဆက်ကပ်လှူဒါန်းကာ ဆုတောင်းနေသော သုမိတ္တာ အမျိုးသမီး တို့အား ပုံဖော်ထားသော ပန်းချီဖြစ်သည်။
(သုမေဓာရှင်ရသေ့သည် ထိုဘ၀မှစ၍ ဂေါတမ ဘုရားလောင်းအဖြစ် ဒီပင်္ကရာဘုရားရှင်ပေးတော်မူသော ဗျာဒိတ်တော်ကို ရကာ ပါရမီ
တော်များကို စတင်ဖြည့်ကျင့်ခဲ့ခြင်းဖြစ်သည်)။
ဂေါတမဘုရားအလောင်းတော်သည် သုမေဓာရှင်ရသေ့ဘ၀မှ စ၍ ပါရမီတော်များကို ဖြည့်ကျင့်လာရာ ဝေဿန္တရာမင်းအဖြစ်ကိုရသောအခါ နောက်ဆုံး ပါရမီဖြည့်ရမည့်ဘ၀(ဤဘ၀ ပါရမီဖြည့်ပြီးလျှင် ပါရမီတော်များ ပြည့်စုံစွာဖြည့်ပြီးပါပြီ)ကိုရောက်ရှိ ရရှိလာခဲ့သည်။ဝေဿန္တရာမင်း
ဘ၀မှ စုတေသောအခါ တုသိတာ နတ်ပြည်၌ သေတကေတုနတ်သားအဖြစ်ဖြင့် နတ်ပြည်ချမ်းသာများကို စံစားနေလေသည်။ ထိုအခါ စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က အရှင်နတ်သား လူ့ပြည်၌ ဘုရားဖြစ်ရန် အချိန်တန်ပါပြီ ။ နတ်သစ်ခြွေကာ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါဟု တောင်းပန်လျှောက်ထားလာသည်ကို ချက်ချင်း ကတိမပေးသေးဘဲ ရှေးရှေးသော ဘုရားလောင်းတို့၏ ဓမ္မတာအတိုင်း ကြည့်ခြင်းကြီးငါးပါးကို ကြည့်နေပုံ ဖြစ်ပါတယ်။
ဘုရားအလောင်းတော် သေတကေတုနတ်သား နတ်အဖြစ်မှ စုတေကာ သက္ကတိုင်း ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏
တောင်ညာဒေ၀ီ မိဖုရားကြီး မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေနေရမည်ဖြစ်သည်။ထိုအချိန် သလွန်ညောင်စောင်းထက်၌ လျောင်းစက်နေသော မာယာဒေ၀ီ မိဖုရားသည် -သူ့အား နတ်များက အနောဝတတ်အိုင်သို့ခေါ်ဆောင်ကာ ရေချိုးပေးကြပုံ ၊ ဆင်ဖြူတော်တစ်စီးက သူ၏ လက်ျာဘက်နံပါးကို ဖောက်ထွင်း၍ ၀မ်းဗိုက်အတွင်းသို့ ၀င်ရောက်လာပုံ-များကို အိပ်မက်မြင်မက်နေဟန် ပန်းချီပုံဖြစ်သည်။
ဘုရားအလောင်းတော်သည် မယ်တော်မာယာဝမ်း၌ မဟာသက္ကရာဇ် ၆၇-ခု ၊ ၀ါဆိုလပြည့် ကြာသပတေးနေ့တွင် ပဋိသန္ဓေတည်နေခဲ့သည်။ လူတို့ဓမ္မတာအတိုင်း ပဋိသန္ဓေကာလ ဆယ်လပြည့်သောအချိန် မဟာသက္ကရာဇ် ၆၈-ခု ၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ဖွားမြင်တော်မူပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖုဝါးလှမ်းကာ လက်တစ်ချောင်းထောင်လျက် စကားကြီးသုံးခွန်းကို ပြောကြားနေပုံဖြစ်သည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖခမည်းတော်သုဒ္ဓေါဒနမင်းကြီးက သူတို့ကိုးကွယ်သော ကာလဒေ၀ီလရသေ့ကြီးအား ရှိခိုးဦးခိုက်စေရန် စီစဉ်ကြရာ သားတော် သိဒ္ဓတ္ထမင်းသားလေးဟာ (ငါသည် ဒီဘ၀မှာ ရှိခိုးဦးခိုက်ရမည့်သူ မရှိတော့ဘူး။ငါသည် ဘုရားဖြစ်ရန် ပါရမီကံပြည့်ဝပြီး
ဖြစ်တဲ့အတွက်ကြောင့် ဒီဘ၀မှာ ဦးခိုက်စရာ ပုဂ္ဂိုလ်သတ္တ၀ါ မရှိတော့ဘူးဆိုပြီး)ကာလဒေ၀ီလ ရသေ့အား ဦးမခိုက်ပဲ ဘုန်းပါရမီကြောင့် ကာလ
ဒေ၀ီလရသေ့၏ ဦးခေါင်းထက်၌ရပ်နေလေ၏။ ကာလဒေ၀ီလရသေ့ကြီးသည် ဘုရားအလောင်းတော်၏
ဘုန်းပါရမီနှင့် ဥပဓိရုပ်အင်္ဂါလက္ခဏာကို ကြည့်မိ သိရှိပြီး သိဒ္ဓတ္ထမင်းသားကို ပြန်လည် ရှိခိုးနေရပုံဖြစ်ပါတယ်။

နောက်လာမည့် ဗုဒ္ဓ၀င်ပုံတော် များကိုလည်း ဖူးမြော်ကြပါဦးးးးးးးး
မေတ္တာများစွာဖြင့်....အရှင်စန္ဒကုမာရ (ရွှေတြိဂံ မောင်စံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...