စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေ့ကျင့်ခန်းမှ ကူညီနိုင်သော ရောဂါများ

လေ့ကျင့်ခန်းမှ ကူညီနိုင်သော ရောဂါများ


လေ့ကျင့်ခန်း ပြုလုပ်တာဟာ လူကိုပိန်စေတဲ့ အကြောင်းရင်းတစ်ခုတည်း မဟုတ်ပါဘူး။ ဝချင်ရင်လည်း လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကြောင့် လူကို ပိန်လွန်း၊ ဝလွန်းမနေစေဘဲ အချိုးအစား ကျစေမှာပါ။ တခြား အကျိုးကျေးဇူးတွေအနေနဲ့က-

သွေးဖိအားကို ကျစေတယ်

တက်ကြွစွာ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးသားလည်း သန့်ရှင်းနေစေတယ်လို့ လူပေါင်း ၅၀၀ ကျော်ကို လေ့လာမှုအရ သိရပါတယ်။ အနည်းဆုံး ဂေါက်ရိုက်တာပဲဖြစ်စေ၊ ပန်းခြံထဲမှာ လမ်းလျှောက်တာပဲဖြစ်စေ၊ နေ့စဉ် ဒါမှမဟုတ် တစ်ပတ်မှာ လေ့ကျင့်ခန်း နှစ်ကြိမ် ပြုလုပ်ရင်ဖြစ်စေ ပြုလုပ်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးကတော့ သွေးဖိအားကျစေပြီး အနည်းဆုံးတော့ တက်ကြွ ဖျတ်လတ်တဲ့ အသွင်ကို ရရှိနေစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

သွေးတွင်း သကြားဓာတ်ကို ထိန်းပေးပါတယ်

လေ့ကျင့်ခန်း သုံးလလောက် ပုံမှန်ပြုလုပ်ပေးလိုက်တာနဲ့ အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုပြီးကောင်းမွန်ကြောင်း ဗြိတိန်က လေ့လာမှုတွေအရ သိရပါတယ်။ အလေးမ ပစ္စည်းသုံး လေ့ကျင့်ခန်းတွေနဲ့၊ ဆွဲဆန့်လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ပိုမိုကောင်းမွန်စေပြီး၊ တက်ကြွလန်းဆန်းတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရစေပါတယ်။

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်ပါတယ်

လေ့ကျင့်ခန်းပြုလုပ်ရင် သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် ခန္ဓာကိုယ် အလေးချိန် မတက်အောင် ထိန်းနိုင်တာပါ။ လေ့လာမှုတွေအရ လေ့ကျင့်ခန်းပြုလုပ်ပြီး ကိုယ်အလေးချိန် ချတာဟာ ခန္ဓာကိုယ်ရဲ့ BMI ကို ကျစေရုံသာမကဘဲ တခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ သွေးပေါင်တက်တာနဲ့ သက်သောင့်သက်သာ မဖြစ်ဘဲ လေးလံထိုင်းမှိုင်းနေမှုကိုပါ သက်သာစေတယ်လို့ ဆိုပါတယ်။

မကောင်းတဲ့ ကိုလက်စထရောကို ဖြတ်တောက်ပေးတယ်

တချို့ဆေးဝါးတွေနဲ့ ကိုယ်အလေးချိန်ကျအောင် ပြုလုပ်တာကြောင့် ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့၊ ကောင်းတဲ့ ကိုလက်စထရောတွေပါ ကျသွားစေတတ်ပေမယ့် လေ့ကျင့်ခန်းပြုလုပ်ပြီး ကိုယ်အလေးချိန် လျှော့ရင်တော့ မကောင်းတဲ့ ကိုလက်စထရော တစ်မျိုးတည်းကိုသာ ကျစေနိုင်ကြောင်း နိုင်ငံတကာ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ လေ့ကျင့်ခန်းတစ်ခုရဲ့ အကူအညီကို ယူပါ။

နှလုံးခုန်နှုန်း မှန်စေပါတယ်

တစ်စက္ကန့်မှာ ၇၀-၇၅ ကြိမ်လောက် နှလုံးခုန်တတ်ပါတယ်။ ဒါက ပုံမှန်လူတစ်ယောက်အတွက်ပါ အဲဒီ့ထက်ပိုပြီး နှလုံးခုန်နှုန်းက များနေမယ်၊ နည်းနေမယ်ဆိုရင်တော့ ဒါဟာ နှလုံခုန်နှုန်း မမှန်တာမျိုးပါ။ နှလုံးကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းမျိုးတွေကတော့ ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ ယောဂလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

ဝမ်းနည်းမှုနဲ့ ပူဆွေးသောကတွေကို တိုက်ထုတ်ပေးပါတယ်

အသင်းအဖွဲ့တွေနဲ့အတူ၊ အပေါင်းအသင်းတွေနဲ့အတူ အားကစားနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးတာမျိုးဟာ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ကုထုံးတစ်ခုအနေနဲ့တောင် အသုံးချခဲ့ဖူးတယ်လို့ ဗြိတိန်မှ လေ့လာသူတွေက ဆိုပါတယ်။ အေရိုးဗစ်လို၊ ယောဂလို လေ့ကျင့်မှုတွေက အသင်းအဖွဲ့တွေနဲ့အတူ လေ့ကျင့်ရတာဖြစ်ပြီး၊ စိတ်ကျရောဂါ ဖြစ်နေသူတွေကို အဲလို လေ့ကျင့်ခန်းလေးတွေပါ ထပ်ပေါင်း ကုသပေးရတယ်လို့ ဆိုပါတယ်။

အကျင့်ဆိုးတွေကို ပပျောက်သွားစေတယ်

အမေရိကန်မှ အမျိုးသမီး ၂၈၀ ကို လေ့လာမှုတွေအရ လေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လေ့ကျင့်ခန်း မပြုလုပ်တဲ့ အမျိုးသမီးတွေလောက် ကိုယ်အလေးချိန်လည်း မတက်တော့ဘဲ အရင်က ဆေးလိပ်သောက်နေကျ အကျင့်တွေပါ ပျောက်သွားတတ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဆေးလိပ်သောက်တယ်ဆိုတာ ကျန်းမာရေးအတွက်ရော သင့်ပတ်ဝန်းကျင်အတွက်ပါ လုံးဝအထောက်အကူမပြုတဲ့ အကျင့်ဆိုးတစ်ခုဖြစ်နေလို့ ဆေးလိပ်သောက်တတ်တဲ့ အကျင့်တစ်ခု ပျောက်တာနဲ့တင် ကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

စိတ်ချရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်

WHO မှ စစ်တမ်းတွေအရ လူပေါင်း နှစ်မီလျံလောက်ဟာ အရွယ်မတိုင်ဘဲ ရင်သားနဲ့ အူမကြီးကင်ဆာ အပါအဝင် သွေးတိုးရောဂါ၊ နှလုံးရောဂါတွေနဲ့ သေဆုံးကြတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်တာကြောင့်လည်း ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်နေကြရတတ်တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းကြောင့် အထက်ပါရောဂါနဲ့ အကျင့်ဆိုးတွေ ပပျောက်သွားမယ်ဆိုရင်  ကျန်းမာရေးအတွက် စိတ်ချရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်သင့်ပြီဖြစ်သော အကြောင်းပြချက်အချို့

- သက်တူရွယ်တူ အပေါင်းအသင်းတွေကြားမှာ သင်က အဝဆုံး၊ ရောဂါအထူဆုံး၊ အပိန်ဆုံးဖြစ်နေရင်

- သင့်ကလေးငယ် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးမှာ အဝလွန်တဲ့ ပြဿနာရှိရင်

- နာတာရှည်ရောဂါတစ်ခုခုဖြစ်နေရင်

- စိတ်မပျော်ရွှင်ဘူး၊ ဘဝဟာ ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ခံစားနေရရင်

- ကိုယ်ဟန်အနေအထားနဲ့ ပတ်သက်လို့ သူများတွေကပါ တစ်ခုခု ဝေဖန်နေရင်။

သဲသဲ
Ref: Good Health
Source: http://news.yatanarpon.com.mm/news/review-63970

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...