စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဥက္ကဌ ဇင်ဝိုင်းကို ဆန့်ကျင်သည့် နိုင်ငံတော် အလံကို အလေးမပြုချင်သော (ရန်ရန်ချမ်း) တဲ့။

နိုင်ငံတော်အလံရှိဖို့ မလိုဘူး.. စော်ရှိဖို့ပဲလိုတယ်..

မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောဆို အပြီးမှာ သီချင်း ၁၀ ပုဒ်ခန့် ဆိုပြီး အဆိုတော် ဖြစ်နေတဲ့ ရပ်ပါ ရန်ရန်ချမ်းမှ ရုပ်ရှင်ရုံထဲတွင် ပိတ်ကားပေါ်မှ အလံကို အလေးပြုဖို့ မလိုအပ်ကြောင်း ပြောလိုက်ပါတယ်။

"အခုတစ်လောရုပ်ရှင်ရုံတွေမှာနိုင်ငံတော်အလံကိုအလေးပြုခြင်းမပြုခြင်းတွေပြောနေကြလို့ တစ် ခုလောက်ပြောကြည့်ချင်လို့  ရုပ်ရှင်လာကြည့်တာရုပ်ရှင်ကိုခံစားချင်လို့ လာတာအလံကိုလေးပြုခြင်းမပြုခြင်းကအဓိကမကျဘူးထင်တယ် ရုပ်ရှင်လာကြည့်တဲ့လူတွေအားလုံးကိုယ့်တိုင်းပြည်ကိုမချစ်တဲ့လူတစ်ယောက်မှမပါလောက်ပါဘူး ဒီအလံကိုအလေးမပြုလို့ တိုင်းပြည်ကိုမချစ်ဘူးလို့ တော့သတ်မှတ်လို့ မရပါဘူး .........တိုင်းပြည်ချစ်မချစ်ကိုဒီရုပ်ရှင်ရုံထဲမှ
ာမှဘာလို့ လာစမ်းနေရတာလဲ အလံပေါ်လာလို့ မတ်တတ်ထရပ်တဲ့အထဲကဘယ်နှစ်ယောက်လောက်များတိုင်းပြည်အတွက် တစ်ကယ်လိုအပ်ရင်စစ်ဝင်တိုက်ရဲမလဲ...အလံပေါ်လာရင်မတ်တတ်ရပ်ရမယ်လို့ ဘယ်သူထွင်တာလဲမသိလို့ ပါ သိတဲ့လူရှိရင်တစ်စိပ်လောက်၇ှင်းပြပေးပါ"


လို့ ဆိုပါတယ်။

ဒီစကားနဲ့ ပတ်သက်ပြီး အဆိုတော့ ရန်ရန်ချန်း ကို မြန်မာပြည်သူများက စိတ်ပျက်လျှက် ရှိကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းနေတာတောင် ဗဟု သုတ နည်းလွန်း၊ အတွေးခေါ် ညံ့ဖျင်းတာကြောင့် ပိုမို စိတ်ပျက်နေကြကြောင်း သိရပါတယ်။


မြန်မာလူငယ်တွေကို ဒီပုံစံ စသွင်းတာ.. ကျွန်တော်.. ရန်ရန်းချန်းပဲ..

Cherry Wine က တော့ နိုင်ငံတော် အလံကို အလေးမပြုချင်တဲ့ ရန်ရန်ချန်း ကို မြန်မာနိုင်ငံထဲမှာ မနေဖို့ အခုလို ပြောထားပါတယ်။

"ကျမအမြင်နဲနဲပြောချင်ပါတယ်.. အခုရေးသားချက်ဟာကိုယ်လိုရာ အမြင်နဲ့ပြောရင်တော့မှန်မယ်ထင်သလိုလိုပါဘဲ။ လူတိုင်းမှာကိုယ်ကွယ်တဲ့ဘာသာနဲ့ လူမျိုးဆိုတာရှိသလိုမိမိနေထိုင်တဲ့တိုင်းပြည်ဆိုတာလဲရှိပါတယ်။ တိုင်းပြည်တိုင်းမှာ သမိုင်းကြောင်းနဲ့နိုင်ငံတော်အလံဆိုတာ လဲအသီးသီးရှိပါတယ်။ နိုင်ငံတော် အလံဆိုတာဒီအလံတင်လိုက်တာနဲ့ကိုယ် ဘာလူမျိုးဘယ်နိုင်ငံသားဆိုတာသိသာစေတဲ့ အမှတ်အသားပါ။ဒီနိုင်ငံမှာနေရင်ဒီနိုင်ငံရဲ့ အလံကိုအရိုအသေပေးသင့်ပါတယ်။ ဒါဘယ်သူမှချမှတ်စရာမလိုတဲ့လူတိုင်းသိသင့်တဲ့အရာပါ။ အလံကိုအလံလို့မြင်ဘို့ထက်.. မိမိနိုင်ငံတော်အတွက်အသက်သွေးပေါင်းများစွာပေးဆပ်ခဲ့ရတဲ့ အာဇာနည်တွေရဲ့အထိမ်းမှတ်လဲများစွာပါတာ လူတိုင်းသိနေရမှာပါ။ ဒါကိုမှအလေးမပြူချင်ရင်ဒီနိုင်ငံမှာမနေပါနဲ့လို့ဘဲပြောချင်ပါတယ်ကိုရန်ရန်ချန်းရှင့်။"

မြန်မာဘုရင်တွေ၊ သမိုင်းတွေကို နောက်ပြောင်ကြ

Moe Htet Aung ကလည်း

" ခင်ဗျားပြောသလို နိုင်ငံကိုမချစ်တဲ့သူမရှိဘူး မှန်ကောင်းမှန်ပါလိမ့်မယ် လေးစားမှုတော့ရှိရမယ် ရိုသေမှုတော့ရှိရမယ် လိုချင်လိုက်ကျတဲ့ဒီမိုကရေစီ ပြောလိုက်ကျတဲ့ဒီမိုကရေစီ ကိုယ့်နိုင်ငံကိုတော့လေးစားသင့်ပါတယ် စစ်ထဲဝင်မှ စစ်တိုက်ရဲမှ နိုင်ငံကိုချစ်တဲ့သူဆိုရင် ဒီနိုင်ငံဒီလိုဖြစ်လာစရာမရှိပါဘူး ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးဆို တစ်မျိုးပေါ့ ကိုရန်ချမ်းက နာမည်ကြီးတစ်ယောက်ဆိုပြီးတော့ဆိုပြီး အရမ်းမှန်တယ်လို့တော့မပြောဘူး မထောက်ခံနိုင်ဘူး နိုင်ငံတော်အလံကိုတွေ့ရင် မတ်တပ်ရပ်ခိုင်းတာကအစထွင်တာဘယ်သူလဲသိချင်ရင် ကိုဇေယျာသော်ကိုသာမေးကြည့်ပါ လွတ်လပ်စွာရေးပါသည် ကြိုက်သလိုဝေဖန်ပါ"

ဟု ရန်ရန်ချန်း ကို သင်ကြားပေးခဲ့သည်။


အလံကို အလေးပြုဖို့မလိုဘူး... ဖဲနိုင်ဖို့ပဲလိုတယ်....

ပန်း အိ။ ။ ကိုရန်ရန်ချန်းရှင့် တစ်ခုလောက်မေးချင်ပါတယ် မူလတန်းကိုကျော်ဖြတ်ခဲ့ရပါသလား??? ပထမတန်းဖတ်စာမှာတို့အလံအကြောင်းသင်ကြားရပါတယ် ရုပ်ရှင်ရုံမှာအလံတော်ကိုအလေးမပြုချင်ရင် ရုပ်ရျင်ရုံမှာသွားမကြည့်ပါနဲ့ ကိုယ့်အိမ်မှာပဲကိုယ်ကြည့်လိုက်ပါရှင့် ကိုယ့်အလံတော်ကိုကိုယ်အလေးပြုတာဟာသင်စရာမလိုတဲ့ မွေးရာပါယဉ်ကျေးမှုတစ်ခုပါ



Lisa Sean Lynn။ ။ရုပ်ရှင်ရုံမှာအလံတော်ကိုအလေးမပြုချင်ရင် ရုပ်ရှင်ရုံမှာသွားမကြည့်ပါနဲ့ ကိုယ့်အိမ်မှာပဲကိုယ်ကြည့်လိုက်ပါ။ ကိုယ့်အလံတော်ကိုကိုယ်အလေးပြုတာဟာသင်စရာမလိုတဲ့ လူကျင့်ဝတ်ယဉ်ကျေးမှုတစ်ရပ်ပါ။ လွတ်လပ်စွာပြောနိုင်တယ်ဆိုပြီး ဒီလောက်တောင်ပဲဆင်ခြင်တုံတရားကင်းမဲ့စွာပြောတဲ့စကားအတွက်ရှင့်ကို အံသြမိပါတယ်။ ဒီမိုကရေစီဆိုပြီးပြောချင်ရာစွတ်ပြောတဲ့စကားတွေနဲ့ ၊ တန်ဖိုးရှိအောင်နေတဲ့နိုင်ငံကြီးသားပီသမှု့ ဒီနှစ်ခုခြားနားတာကိုသေချာနားလည်နိုင်ပါစေ။


အမေစု သားကွ... နိုင်ငံတော် အလံကို အလေးမပြုနိုင်ဘူး...

Ye Gyi။ ။ကိုရန်ရန်ချန်းရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်ပေမယ့် .. အလံဆိုတာ က တော့ .. မြန်မာတစ်မျိုးသားလုံးရဲ့ အထွဋ်အထိပ်ပါ .. ကျွန်တော်ကတော့ အလံကို အရမ်းလေးစားတယ် .. နိုင်ငံကို သီချင်းကိုလည်း အရမ်း လေးစားတယ် .. ဘောလုံးပွဲတွေမှာ နိုင်ငံတော် အသံကြားရရင်ဖြစ်ဖြစ် .. ရုပ်ရှင်ရုံမှာ နိုင်ငံတော် အလံ ကြီးလွှင့်ပြီး .. နိုင်ငံတော်သီချင်းတီးလုံးကို ကြားရတဲ့အခါ .. မျက်ရည်လည်မိပါတယ် ... ကျွန်တော်က စစ်သားတစ်ယောက်မဟုတ်ပါဘူး .. ဒါပေမယ့် လူချင်းက မတူဘူးလေ .. ကိုရန်ရန်ချန်းရယ် .. ကိုရန်ရန်ချန်းကို ထောက်ခံတဲ့ ကောင်က တော့ မြှောက်ပေးတဲ့ကောင်ပဲ ဖြစ်နိုင်တယ် .. ဒါပေမယ့် အခုအလံကိုတော့ ကျွန်တော် မလေးစားဘူးအစ်ကို .. .. နိုင်ငံတော်သီချင်းကိုတော့ အထွဋ်အထိပ်မှာတင်ပြီး လေးစားလျှက်ပါ .. အစ်ကို ..


Thomas Harold။ ။ "အလံက ဘာ အရောင်ဖြစ်ဖြစ်ဗျာ။နိုင်ငံ သား တိုင်းကအလံကို ချစ်ရမှာပဲ အလေးပြုရမှာပဲ။ အဲ။ ကိုyegyiပြောသလို ပဲနိုင်ငံအလံ မှာနိုင်ငံသား အသက်တွေအများကြီးပါပါတယ်။ ကိုယ်အလေးပြုချင်တဲ့ဆန္ဒမရှိတိုင်း အလံကိုလွှဲမချသင့်ပါ။ အလံကိုအလေးပြုတာလေးစားတာ ဟာနိုင်ငံကြီးသားတွေရဲ့ယဉ်ကျေးမှုပါ။"

လို့ ဆိုပါတယ်။

 
ရုပ်ရှင်ရုံထဲမှာ အလေးမပြုနိုင်ဘူး... သူများနိုင်ငံမှာပဲ အလေးပြုမယ်

မြန်မာ့ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းကတော့

”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောခဲ့ပါတယ်။
Myanmar Express

1 comment:

Related Posts Plugin for WordPress, Blogger...