စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိုမင်းမှု့ကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်

အိုမင်းမှု့ကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်
အိုမင်းမှုဆိုတာ မလွှဲမရှောင်သာ ဖြစ်စဉ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိအားလုံး အချိန်နဲ့အမျှ အိုမင်းလာနေကြပါတယ်။  အသက်ကြီးလာတဲ့ သဘောတရားကို လွန်ဆန်လို့ မရပေမယ့် အိုမင်းတဲ့ သွင်ပြင်တွေကို လျှော့ချနိုင်ပြီး အရွယ်တင် နုပျိုလှပအောင် ကြိုးစားသင့်ပါတယ်။ နှစ် ၄၀ ကြာ လေ့လာမှုတစ်ရပ်အရ အာဟာရရှိတဲ့ အစာတွေကို စားတာအပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာတာက အိုမင်းမှုကို နှောင့်နှေးစေပြီး အရွယ်တင် နုပျိုစေကြောင်း သိရပါတယ်။


(၁) စားနိုင်သော ပမာဏ၏ လေးပုံ သုံးပုံပဲ စားပါ


သင်စားနိုင်တဲ့ အတိုင်းအတာထက် လျှော့စားတဲ့အခါ ခန္ဓာကိုယ်မှ (အောက်ဆီဂျင် မော်လီကျူးတွေကို ထိခိုက်စေတဲ့) ဖရီးရယ်ဒီကယ် ထွက်နှုန်း လျော့နည်းစေပါတယ်။ ကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေ များတာက အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစာကို များများစားတာကြောင့် ကယ်လိုရီ အပိုရရှိတာဟာ နုပျိုလှပမှုရဲ့ ရန်သူလည်း ဖြစ်ပါတယ်။



(၂) ရေ၊ ရေနွေးကြမ်းနှင့် ရေဓာတ်များသော စွပ်ပြုတ်သောက်ပါ


ရေဟာ အစာကို ကြေညက်စေတာကြောင့် သင့်ခန္ဓာကိုယ်မှ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူရရှိနိုင်ပါတယ်။ ရေဟာ အဆစ်တွေကို ချောမွေ့စေကာ အမြှေးပါးတွေကို စိုစွတ်စေတာကြောင့် နေ့စဉ် ရေနဲ့ အရည်များများပါတဲ့ စွပ်ပြုတ်ကို သောက်ပေးသင့်ပါတယ်။


(၃) အစာစားချင်စိတ်ကို ဟန်ချက်ညီမျှအောင် လုပ်ပါ


ခန္ဓာကိုယ်မှာ အပူဓာတ် လွန်ကဲမှုကြောင့် အစာ စားချင်စိတ် များတဲ့အခါ ဟန်ချက်ညီသွားစေဖို့ သခွားသီး၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတဲ့ အေးမြစေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဖရဲသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သစ်တော်သီးတို့လို သစ်သီးတွေကို စားပေးရပါမယ်။ အင်တီအောက်ဆီးဒင့်ကိုလည်း ရရှိစေတဲ့အတွက် အရွယ်တင် နုပျိုစေပါတယ်။

Ref:Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...