စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နာလန္ဒာတက္ကသိုလ်အကြောင်းတစ်စေ့တစ်စောင်း

၎.၉.၂၀၁၂ ရက်နေ့ က မြန်မာပြည်က ရောက်လာသောအသဲ
အလှူရှင်ဦးဇင်းလေးတစ်ပါးနှင့်ဒကာလေးတစ်ယောက်အားကမ္ဘာကျော်
နာလန္ဒာတက္ကသိုလ်သို့ ရောက်ဖူးအောင် သူငယ်ချင်းများနှင့်လိုက်ပို့ ကြ၏။
 နာလန္ဒာတက္ကသိုလ်သည်old-နာလန္ဒာ၊ new-နာလန္ဒာဟူရ်ျနှစ်မျိုးရှိ၏။
old-နာလန္ဒာသည် ပထမဦးဆုံးသော ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်ကြီး
ဖြစ်သည်။
ဦးဇင်းတို့  M.A ပထမနှစ်စာမေးပွဲဖြေစဉ်က နာလန္ဒာတက္ကသိုလ်ကြီးဟာ
အေဒီ ၁၂ ရာစုလောက်အထိနှစ်ပေါင်း ၇၀၀ နီးပါး ဗုဒ္ဓစာပေများကို
ဤတက္ကသိုလ်ကြီးမှကမ္ဘာအနှံ့ ဖြန့်ချိခဲ့တဲ့အကြောင်း ထိုပြင်ကျောင်းသား
ပေါင်းတစ်သောင်းနှင့်ဆရာပေါင်း တစ်ထောင်ငါးရာ ဒီနာလန္ဒာတက္ကသိုလ်
ကြီးထဲမှာ ပညာရပ်မျိုးစုံသင်ကြားခဲ့သည်ဟု ဖြေခဲ့ရသေး၏။

ယခုတော့နာလန္ဒာတက္ကသိုလ်ကြီးဟာ မူစလင်တွေရဲ့လက်
ချက်ကြောင့် အေးချမ်းမေဆိုတဲ့ သီးချင်းလို့ တစ်စစီကြေမွဲနေလေပြီး။
အုတ်ကျိုး အုတ်ပဲ့တွေကြည့်ပြိး အတိတ်ကသမိုင်းကိုဖြက်ခနဲ့ မြင်လိုက်မိ၏။
ကြွေကွဲစရာ ၀မ်းနည်းစရာတွေအပြည့်နဲ့ ပေါ့။တစ်ဆက်တည်းမှာပဲ
မြတ်စွာဘုရားရဲ့တရားတွေထဲက မမြဲခြင်း အနိစ္စ ၊ဆင်းရဲခြင်း ဒုက္ခ၊အစိုး
မရခြင်း အနတ္တပါတကားလို့ လက္ခဏရေးသုံးပါးကိုလည်း ဆင်ခြင်မိပြန်၏။

new နာလန္ဒာတက္ကသိုလ်ကို တော့ old နာလန္ဒာနှင့်မနီးမဝေးမှာ
ခရာဇ်နှစ် ၁၉၅၁၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင်
ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီးကိုယ်စား အိန္ဒယနိုင်ငံသား ရဟန်းတော်
ဇာဂရိယ ကဿပ မဟာထေရ်မြတ်က အုဌ်မြစ်ချ တည်ထောင်ခဲ့ပါသည်။ အုဌ်မြစ်ချ
အခန်းအနားကို အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော သမတကြီး ဒေါက်တာ ရာဇိန္ဒြာပရာဆတ်
ကိုယ်တိုင်တက်ရောက်၍ အုပ်မြစ်ချပေးခဲ့သည်။

ယခုအခါ၌ နာလန္ဒာတက္ကသိုလ်အသစ်သည် အိန္ဒယဗဟိုအစိုးရ ယဉ်ကျေးမှုဝန်းကြီးဌာန
နှင့်ဦးဇင်းတို့ ပညာသင်ကြားနေတဲ့မဂဓတက္ကသိုလ်လက်အောက်
မှာမြန်မာ ထိုင်း ကမ္ဗောဒီးယား ဘင်္ဂလားဒေ့ရှ် အစရှိသော ရဟန်းတော်များ
ပညာသင်ကြားလျှက်လှလှပပခိုင်ခိုင်မာမာတည်ရှိနေပါတယ်။

ဦးဇင်းကတော့ထို့ သို old နာလန္ဒာ new နာလန္ဒာခွဲရ်ျဆောက်ခြင်းကို
နှစ်သက်မိပါ၏။အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းအနုပညာလက်ရာတွေ
ကြားထဲမှာ မောဒန်ဆန်ဆန်အဆောက်အဦးတွေမြင်လိုက်ရင် old နာလန္ဒာရဲ့
အလှဟာ လမင်းကြီးကိုတိမ်ဖုံးသလို့ ဖြစ်သွားမှာကြောက်မိလိုပါ။ဆိုင်လာ
တော့မသိဘူး ။သူများတွေရေးတာအားကျမိလို့  --း)))

နာလန္ဒာ ဟူသောပုဒ်သည် "နာလ" ပုဒ်နှင့် "ဒါ" ပုဒ် နှစ်ခုတို့ ပေါင်းစပ်ထားသော
ပါဠိစကားလုံးဖြစ်ပါသည်။ ဤနေရာ၌ နာလ ပုဒ်သည် ကြာပန်းဟု တိုက်ရိုက်အဓိပ္ပါယ်ရှိပြီး
ယင်းကြာပန်းသည် ပညာကို သင်္ကေတပြုပါသည်။ ဒါ ဟူသည်ကား ပေးသည်၊ ဖြန့်ဖြူးသည်ဟု
အဓိပ္ပါယ်ရှိပါသည်။ ထို့ကြောင့် နာလန္ဒာဆိုသည်မှာ ပညာတွေ ပေးရာ ဖြန့်ဖြူးရာ
နေရာ ဒေသ ဟု အဓိပ္ပါယ်ရှိပါသည်။
There are many version of what the term Nalanda means,
One of that Nalan means Lotus and Da means to Give .
Both combined together,Nalanda means,Giver of Lotus.
Since Lotus is supported to represent knowledge,Nalanda
Means Giver of knowledge.(M.A ပထမနှစ်တုန်းက ကျက်ခဲ့ရတဲ့
စာပိုဒ်ကလေးပါ။ကိုယ်တိုင်တော့မရေးတက်ပါဘူး---း)))

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...