စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဘာဝပစ္စည်းများနဲ့ home masks လေးတွေပါ(မျက်နှာပေါင်းတင်နည်း)

မီးဖိုချောင်းသုံးပစ္စည်းတွေနဲ့ အလွယ်တကူ ပြုလုပ်နိုင်သလို အချိန်ကုန်သက်သာ ငွေကုန်သက်သာစေတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေဖော်ပြပေးလိုက်ရပါတယ်ရှင်။ ဒီနည်းအတိုင်း 10 ရက်ဆက်တိုက်ပြုလုပ်မယ်ဆိုရင် မျက်နှာအသားအရေဟာအရင်ကနဲ့မတူပဲထူးထူးခြားခြားဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါနော်။
 ကဲလုပ်နည်းလေးတွေကတော့

 1.  သံပုရာရည်နဲ့ ပျားရည်ကို မနည်းမများရောပြီးးမျက်နှာပေါ်ကို 15 မိနစ် ခန့်နေ့စဉ်ပုံမှန် လူးပေးပါ။

 2.  သခွားသီးဟာအသားအရေကိုအေးမြစေတဲ့အတွက် အသားအရေလှပမှုအတွက် အထောက်အပံ့တစ်ခုပါပဲ။ ပထမဆုံးသခွားသီးကို ပါပါးလေးတွေလှီး ပြီးရင်အရည်လေးတွေညှစ်ထုတ်ပစ်။ထွက်လာတဲ့သခွားသီးအရည်ကို မျက်နှာမှာလူးပြီးညအိပ်ပါ။ မနက်မိုးလင်းရင်မျက်နှာဟာနူးညံ့ပြီးချောမောတောက်ပြောင်နေတာကိုတွေ့ရပါလိမ့်မယ်။

 3.   ဂျုံမှုန့်/ နို့/ သံပုရာရည်ကို မပျစ်မကျဲရောပြီးးမျက်နှာနဲ့လည်ပင်းနားတစ်ဝိုက်ကို လူးပေးပါ။ လည်ပင်းလူးရတဲ့အကြောင်းကတော့ မျက်နှာကျဖြူပြီးလည်ပင်းကျကွက်မည်းနေမှာဆိုးလို့ပါ။ တစ်ပတ်ကိုနှစ်ကြိမ့်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားကောင်းမွန်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ပါတယ်။

 4 . ဒိန်ချဉ်နဲ့မျက်နှာကိုလူးပါ။ လူးပြီးရင် 10 မိနစ် 15 မိနစ်ခန့်အခြောက်ခံပါ။ ခြောက်ပြီဆိုတာနဲ့ ရေအေးနဲ့ မျက်နှာသစ်ပါ။ အသားအရေထဲမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီခဲတွေပါသွားတာကိုတွေ့ရပါလိမ့်မယ်။

 5.  အသားဖြူချင်တယ်ဆိုရင်တော့ ဗာဒံသီးကို ကျိတ်ပြီးအရည် ကိုပျားရည်နဲ့ရောပြီး လူးပေးပါ။

 6.  ဂျုံမှုန့် 2 ဇွန်းကိုလတ်လတ်ဆတ်ဆတ် နွားနို့နဲ့ရောပြီး လိမ်းပါ။ မျက်နှာကို ဆပ်ပြာနဲ့သန့်စင်မယ့်အစား ဒီလိုမျိုးသန့်စင်ပေးမယ်ဆိုရင် မျက်နှာနဲ့ အသားအရေဟာ အံ့သြစရာကောင်းအောင် ဖြူပြီးစိုပြေလာတာကို တွေ့ရှိရပါလိမ့်မယ်။

 7.  ညကတည်းကစိမ်ထားတဲ့ ဗာဒံသီးကိုအခွံချွတ် အရည်ညှစ်ထုတ်ပြီးး နွားနို့ / သံပုရာရည်တို့နဲ့ ရောပြီး မျက်နှာကို ပွတ်တိုက်နှိပ်နယ်ပေးပါ။ ထူးခြားပြီးဖြူဝင်းလာတဲ့အသားအရေကို သဘာဝကျကျတွေ့ရှိရပါလိမ့်မယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...