စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဇာတ်နိမ့် ဇာတ်မြင့်ရေချိုးသောနေရာသို့ အလည်တစ်ခေါက်


 စာမေးပွဲပြီးသောအခါ သူငယ်ချင်းများနှင့်
အိန္ဒယနိုင်ငံ ရာဇဂြိုလ်မြို့ သို့ အလည်သွားခဲ့ကြ၏။ရာဇဂြိုလ်ပြည်
ဝေဘာရတောင်သို့ တက်သောအခါ ဇာတ်နိမ့် ဇာတ်မြင့်ရေချိုးသူများ နှင့်
ရောပြီး တန်းဆီတက်လာခဲ့ရ၏။
 ရေချိုးသူများသောကြောင့် အိန္ဒယရဲများက ထိန်းသိမ်းပေးနေရ၏။
    ရေချိုးတဲ့နေရာကိုကြည့်လိုက်သောအခါ ဇာတ်မြင့်သောပုဂ္ဂိုလ် များက
ချိုးချလိုက်သောရေကို ဇာတ်နိမ့်ပုဂ္ဂိုလ်များက အောက်မှခံပြီး ချိုးကြလေ၏။
ဇာတ်နိမ့်ပုဂ္ဂိုလ်များ ဘာကြောင့်ဇာတ်မြင့်တဲ့သူတွေချိုးသောရေကို ချိုးတာ
လဲ ဟုသူငယ်ချင်းတစ်ပါးကို မေးသောအခါ ဇာတ်မြင်တဲ့သူတွေချိုးပြီးသာ
ရေကို ချိုးရင် အမျိုးမြတ်တယ် ကျန်းမာတယ် အယူရှိကြတယ် ဒါကြောင့်
ချိုးကြတာတဲ့ ။
သူငယ်ချင်းတစ်ပါးက ဘေးကနေပြောပြပြန်၏။သူတို့ ဒီရေကို ချိုးတာ
က သူတို့ လုပ်ထားတဲ့အကုသိုလ်အညစ်အကြေးတွေလာပြီးဆေးကြောတဲ့
အနေနဲ့ ချိုးကြတာတဲ့။
          သြော် သနားစရာကောင်းလိုက်တာဟုတွေးလိုက်မိပါ၏။အဘယ်
ကြောင့်ဆိုသော် မြတ်စွာဘုရား၏စကားအရ လူတစ်ယောက်သည် မွေးဖွား
ပြီး ဇာတ်နိမ့်သူ၊ မြင့်မြတ်လာသူဖြစ်လာတာမဟုတ်၊သူ့ ၏လုပ်ဆောင်ချက်
များကြာင့်သာ ဇာတ်နိမ့်သူ သို့ မဟုတ် မြင့်မြတ်သောသူဖြစ်သောကြောင့်
ဟုဟောထားတာရှိသောကြောင့်ဖြစ်ပါသည်။
  ထိုကြောင့်ဇာတ်နိမ့်၊ဇာတ်မြင့်သည် အဓိက မဟုတ် ၊အသားဖြူး ၊အသားမဲ
သည်လည်း အဓိက မဟုတ်ပါ ။စိတ်ထားဖြူစင်အောင်ထားပြီး မကောင်းမှုကို
 မလုပ်ဘဲ ကောင်းမှုကိုသာ လုပ်နေမယ်ဆိုရင် အမြဲတမ်းဇာတ်မြင့်ပုဂ္ဂိုလ် ဖြစ်
ပါတယ်ဟုမှတ်ယူရပေလိမ့်မည်။
     ထိုပြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတဲ့ဂါထာလေးတစ်ပုဒ်ရှိသေး၏။ဇလေန ဘ၀န္တိ ဆိုတဲ့ဂါထာလေးဖြစ်၏။
        အဓိပ္ပါယ်က -----ရေကြောင့်ဖြစ်သော အညစ်အကြေးကို ရေနဲ့ ဘဲ
ဆေးကြောမှပြောင်းသလို့  စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးကို စိတ်နဲ့ ဘဲ
ဆေးကြောမှပြောင်းလေ၏။
         ဦးဇင်းတို့ မြန်မာပြည်မှာလည်း နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောလို့ သက်ြန်ဆိုပြီးရေနဲ့ ဆေးတာတွေရှိပါတယ်။တစ်ကယ်တော့
စိတ်ကြောင့်ဖြစ်တဲ့ လောဘတွေ၊ဒေါသတွေ၊မောဟတွေကိုတော့
ရေနဲ့ ဆေးလို့ မပြောင်းနိုင်ပါဘူး။ဒါန၊သီလ၊ဘာဝနာတရားတွေနဲ့ ဆေး
ကြောမှပြောင်းပါလိမ့် မယ်ဆိုတာကိုအလေးအနက်သိထားစေချင်ပါသည်။


  



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...