စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ရာမြောက်သော သဲရုပ်ထုများ


လှတယ်နော် ပြီးတော့ သေသပ်လှပတယ်  ရွံတစ်မျိုးနဲ့ ထုလုပ်ထားတဲ့ သဲရုပ်ထုပေါ့
ပြောရမယ်ဆိုရင် အင်မတန် ခက်ခဲ တဲ့ အလုပ်တစ်ခုပေါ့ဗျာ
ဒီပုံလေးလဲ လှပတာပဲ
အပေါ်က ပုံလေးကို ဘေးတိုက်မြင်ရတဲ့ မြင်ကွင်းတစ်ခုပေါ့
ဒီပုံလေးကိုတော့ ပိုကြိုက်တယ်ဗျ ရိုးရိုးရှင်းရှင်းလေးနဲ့ လှပအောင်စွဲဆောင်မှု ရှိတယ်
အင်မတန်ကို အံသြဖွယ်ရာ အနုပညာလက်ရာပါပဲဗျာ
နို့ညစ်ကြအုံးမလား အကုန်လုံး ညစ်ချင်ရင် လာညစ်ကြနော် အဟီး
သင်္ဘောမာလိန်မှူးကြီး သင်္ဘောမောင်းနေတာနော် အရှေ့ကနေ ဖယ်ကြ အကုန်တိုက်မိကုန်အုံးမယ်
ပင်လယ်မှာ ကြိုးစားပမ်းစား လှေလှော်နေတယ်နော် သူက ရွေ့ကို မရွေ့တာက ဆိုးတယ် အဟီး
သားက ရေခဲမုန့်ကို အရမ်းကြိုက်တာကို ဒီအတိုင်းပဲပြထားတယ် ကျွေးလဲကျွှေးဘူးသားကို
ဘုရားကျောင်းပုံစံငယ်လေးက လှပတယ်နော် သူတို့ရဲ့ အံသြဖွယ်ရာ အနုပညာ လက်ရာပါပဲ
ဒီလူကြီးက မြင်းကို ဘယ်လိုပြိုင်နေလဲမသိဘူးနော် သူ့တစ်ယောက်တည်းပဲပြိုင်နေတာကို
ဒီပုံလေးကတော့ မိသားစု တစ်စုရဲ့ နွေးထွေးမှုကို ဖော်ပြတဲ့ပုံလေးတစ်ပုံဆိုတာတော့ ပြောစရာမလိုတော့ဘူးနော်
အတူတူပါပဲ ဒီပုံလေးကတော့ သာယာလှပတဲ့ သီချင်းနဲ့ အတူ တွဲကနေတဲ့
စုံတွဲ တစ်တွဲရဲ့ ပျော်ရွှင်ဖွယ်ရာ အနုပညာလက်ရာတစ်ခုပါပဲ
အာလူး ကြိုက်ဘူးဗျ ကျွန်တော်ကတော့ သယ်ရင်းတို့ကရော အာလူးကြိုက်ကြလား
အဲဒီလှေကြီးစီးချင်လိုက်တာဗျာ
ဒီလူက ကမ်းစပ်မှာ ငါးလာဖမ်းနေတယ်ဗျ
ဒီပုံက စားဖိုဆောင်မှာ ထမင်းဟင်းချက်နေတဲ့ မိန်းမကြီးပုံဗျ မိုက်တယ်ဗျ
လယ်ထွန်နေတာဗျ ရုပ်လုံး ကြွတယ်နော် အင်မတန်အသက်ဝင်တယ်
ကဲကဲ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ နောက်တစ်ပတ်မှ ဆက်ပြီး လေပေါ အဲလေ စကားထပ်များလိုက်အုံးမယ်ဗျာ
တာတာနော်
အကုန်လုံး လမ်းတွေ့ရင်မခေါ်နဲ့နော် မုန့်ကျွေးနေရမှာစိုးလို့
မြင်ရင်တောင် မမြင်ချင်ယောင်ဆောင်ပြီးသွားကြ
ဟီးဟီး
လေးစားလျက်
ပြည့်စုံ

1 comment:

Related Posts Plugin for WordPress, Blogger...