စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကွန်ဂိုတွင် မျောက်မျိုးစိတ်သစ် ရှာဖွေတွေ့ရှိ

(၂၈)နှစ်ကြာ ကာလအတွင်း အာဖရိကတိုက်အတွင်း ဒုတိယမြောက် မျောက်မျိုးစိတ်သစ် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ လီဆူလာ မျောက်များကို ယခုအခါ မှတ်တမ်းမတင်ရသေးကြောင်း အတည်ပြုကာ နောက်ဆုံးတွေ့ရှိရသည့် မျောက်မျိုးစိတ်အဖြစ် အသိအမှတ်ပြု ဖော်ပြလိုက်သည်။ ကွန်ဂိုနိုင်ငံရှိ သီခေါင်ဝေးလံသော တောနက်များတွင် နေထိုင်ကျက်စားသော မျောက်များကို (၂၀၀၇)ခုနှစ်က ယေးလ်တက္ကသိုလ်မှ သဘာဝသမိုင်း ပညာရှင် နှစ်ဦးဖြစ်သော ဂျွန်ဟတ်နှင့် ထရီစာဟတ်တို့က ပထမဆုံး တွေ့ရှိခဲ့သည်။



၎င်းတို့သည် လီဆူလာ မျောက်ငယ် အမလေးကို အိုပလာမြို့တွင် မွေးမြူထားခဲ့သည်။ လီဆူလာတို့သည် ညိုသောအမွေးအရောင်မျိုး ရှိတတ်ပြီး မြေနိမ့်ပိုင်း အမြဲစိမ်းတောများတွင် ကျက်စားလေ့ ရှိကြသည်။ ကွန်ဂိုရှိ ကျယ်ပြန့်သော တောကြီးများအတွင်း မြေပေါ်တွင်ရော၊ သစ်ပင်များတွင်ပါ လီဆူလများ အစာရှာလေ့ ရှိကြသည်။ အထူးသဖြင့် ရှူအပ်ပါမြစ် အထက်ပိုင်း ဒေသများတွင် နေထိုင်ကြပြီး ဇီးကွက်မျက်နှာ မျောက်များနှင့် အမူအကျင့် တူညီကြောင်း သိရသည်။

အစောပိုင်းက ၎င်းတို့ကို ဇီးကွက်မျက်နှာ မျောက်မျိုးဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆေးမှုများ ပြလုပ်ပြီး မျိုးစိတ်အသစ်အဖြစ် ကမ္ဘာသိ ကြေညာခဲ့သည်။ "မမျှော်လင့်ထားတဲ့ တွေ့ရှိမှုပါပဲ။ ကျွန်တော်တို့ ဒီမျောက်လေးတွေကို စတွေ့တုန်းက မျိုးရိုးဗီဇ စစ်ဆေးဖို့ မလိုအပ်ဘူးလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ခုတော့ သူတို့က မျိုးစိတ်သစ်တွေ ဖြစ်နေတယ်လေ"ဟု ဂျွန်က ဆိုသည်။ လီဆူလာတို့သည် (၅)ကောင် ဝန်းကျင်မျှရှိသည့် အုပ်စုငယ်များဖွဲ့ကာ နေထိုင်လေ့ရှိပြီး အလွန်မျက်စိလျင်သော မျောက်မျိုးနွယ်များ ဖြစ်ကြသည်။ လက်ရှိတွင် လီဆူလာများ၏ ဓလေ့သဘာဝနှင့် ၎င်းတို့အနေဖြင့် မျိုးသုဉ်းနိုင်သည့် အခြေအနေ ရှိမရှိကို ဆက်လက်လေ့လာရန် စီစဉ်ထားသည်။လွန်ခဲ့သော (၂၈)နှစ်အတွင်း နောက်ဆုံး တွေ့ရှိသည့် အာဖရိက မျိုးစိတ်သစ် မျောက်မှာ (၂၀၀၃)ခုနှစ်က တွေ့ရှိသော ကီပန်ဂျီမျောက်မျိုး ဖြစ်သည်။ ယင်းမတိုင်မီက ဆန်းတေးလ်မျောက်များကို ဂါဘွန်တွင် (၁၉၈၄)ခုနှစ်က ဖော်ထုတ်တွေ့ရှိခဲ့သည်။

by planet

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...