စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေချင့်စဖွယ် နေပြည်တော်မှ ဟိုတယ်များ


လွမ်း ရောက်ဖူးတဲ့ နေပြည်တော်မှ ဟိုတယ်များအနက် သူငယ်ချင်းတို့ ကို ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ ဟိုတယ်ကတော့ Mount Pleasant Hotel ပဲဖြစ်ပါတယ်...

နေပြည်တော်မှာနေတဲ့ သူငယ်ချင်းတွေကတော့ သိမှာပါ...

နေပြည်တော်ရဲ့ နေ့ ရှုခင်းနဲ့  ညရှုခင်းများကို တောင်ပေါ်ကနေ ကြည့်ရှုခံစားနိုင်တဲ့ တောင်ပေါ်မှာရှိတဲ့ ဟိုတယ်လေးပဲ ဖြစ်ပါတယ်...

ဟိုတယ်မှာ မတည်းပဲ ညရှုခင်းများကို လွမ်း... သွားရောက်ခံစားဖူးပါတယ်...

ဇူလိုင်လထဲမှာတော့ Mount Pleasant Hotel မှာ နှစ်ကြိမ်သွားရောက်တည်းခိုခဲ့ပါတယ်...

သူငယ်ချင်းများ ကြည့်ရှုခံစားစေနိုင်ရန် ဓါတ်ပုံများကို ဝေမျှလိုက်ပါတယ်...

ဒါကတော့ Mount Pleasant Hotel ရဲ့ ကြော်ငြာဆိုင်းဘုတ်လေးပါ...


 


ဒါကတော့ Mount Pleasant Hotel ကို သွားတဲ့လမ်းကလေးပါ...

 

Mount Pleasant Hotel သွားရာလမ်းဘေးမှ အိမ်များကို လှမ်းမြင်ရသောပုံပါ...

 

Mount Pleasant Hotel အ၀င် လမ်းကို ရိုက်ထားတာပါ...

 

တောင်ကုန်းလေးတွေပေါ်မှာ အိမ်လေးတွေ ဆောက်ထားတာပါ...

 

လွမ်းတို့  တည်းမဲ့နေရာကို ဖြတ်သွားတဲ့ အခန်းလေးတွေပါ...

 

လွမ်းတို့  တည်းမဲ့အိမ်လေးကို ဆင်းသွားတဲ့ လမ်းကလေးပါ...

အိမ်က နှစ်ထပ်ပုံစံဖြစ်ပြီး အပေါ်ထပ်အခန်းမှာ အိပ်ခန်း ၂-ခန်း၊ ထမင်းစားခန်း၊ အလုပ်ခန်း နဲ့  ဧည့်ခန်း ပါရှိပါတယ်...

အောက်ထပ်အခန်းမှာ အိပ်ခန်း (၁)ခန်း ရှိပါတယ်... အိပ်ခန်းများအားလုံးဟာ အိမ်သာ၊ ရေချိုးခန်းများ တွဲရက် ပါရှိပါတယ်...


 

အိပ်ခန်းလေးပါ...

 

အလှပြင်လည်း ပြင်၊ စာလည်းရေးလို့ ရတဲ့ နေရာလေးပါ...

 

ရေချိုးခန်းမှာရှိတဲ့ Counter Basin လေးပါ... Shampoo, Body Lotion နဲ့  Shower Cream တွေကို ထားပေးပါတယ်...

 

ထမင်းစားခန်းလေးပါ... ရေခဲသေတ္တာ၊ Microwave Oven နဲ့  Kettle တို့ ကို ထားပေးပါတယ်...



 

ဧည့်ခန်းလေးပါ... MRTV-4 Channel များကို ကြည့်နိုင်တဲ့အပြင် Video Player ကိုလည်း ထားရှိပေးပါတယ်...

 

ဧည့်ခန်းနဲ့ တွဲရက် အလုပ်ခန်းလေးပါ... အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာလေးပါ... Print ထုတ်ရန်လိုအပ်လျှင်လည်း Hotel မှ စီစဉ်ပေးပါတယ်...

 

ထမင်းစားခန်းမှ ဧည့်ခန်းဖက်သို့  လှမ်းရိုက်ထားသောပုံလေးပါ...

 

အိမ်ခန်းအတွင်းဖက် ထွက်လိုက်မယ်ဆိုရင်တော့ ရေကူးကန်လေးကို တွေ့ ရမှာပါ... 

အလုပ်ပင်ပန်းရင် ရေကန်ထဲမှာ ကူးခတ်ပြီး စိမ်နေခြင်းဟာလည်း အပန်းဖြေခြင်း တစ်မျိုးပါပဲ...


 

နေပြည်တော်ရဲ့ နေ့ ရှုခင်းနဲ့  ညရှုခင်းတွေကို ကြည့်ချင်ရင်တော့ တောင်ကုန်းလေးပေါ်မှ နေအိမ်ကို တက်ရောက်ပြီး ကြည့်ရှုနိုင်ပါတယ်...

 

အိမ်ရဲ့ဘေးမှာ တောအုပ်လေးဖြစ်နေပြီး နံနက်ခင်း မြူများဆိုင်းနေတာဟာ လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ...

Hotel က Breakfast ကျွေးတာကလည်း ဥရောပစတိုင်၊ မြန်မာစတိုင် မိမိစားလိုရာမှာနိုင်တဲ့အပြင် အစားအသောက်များ အရသာရှိပါတယ်...

Check In, Check Out ပြုလုပ်တာလည်း မြန်ဆန်ပြီး ၀န်ထမ်းများအားလုံးက ပျူငှာစွာ ဆက်ဆံပြောဆိုကြပါတယ်...

တခဏတာ နေရတဲ့ရက်ပိုင်းအတွင်း စိတ်ချမ်းမြေ့စွာ တည်းခိုခဲ့ရပါတယ်...


 

သူငယ်ချင်းများအားလုံးလည်း စိတ်ချမ်းမြေ့ကြပါစေလို့  ဆုတောင်းပေးပါတယ်...


လွမ်းဧကရီ

၁၉-၀၈-၂၀၁၂

ညနေ ၅း၀၀နာရီတွင် ရေးပြီးပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...