စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှုရှိတဲ့နေရာ - (၉) ခု


သင့်ရဲ့ နေရာဒေသနဲ့ ဆိုင်တဲ့ အမူအကျင့် တစ်ခုချင်းစီဟာ သင့်ရဲ့ ကျန်းမာရေးအပေါ် ရောင်ပြန်ဟပ် သက်ရောက်မှု
ရှိတာ အသေအချာ မှန်ကန်ပါတယ်။ ဘာမှ အန္တရာယ် မရှိလောက်ပါဘူးလို့ ထင်ရတဲ့ အမူအကျင့် အသေးအဖွဲလေး
တွေကနေ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တစ်ခါတစ်လေ ကြုံကြရတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး
သုတေသီများ လေ့လာ စုစည်း ဖော်ပြထားတဲ့ ကျန်းမာရေးကို ထိခိုက်မှန်း မသိ ထိခိုက်စေသော အမူအကျင့် (၉)ချက်ကို
ဖော်ပြပေးလိုက်ပါတယ်။



(၁) သင့်ရဲ့ သွားပွတ်တံကို ထားရန် အဆိုးဆုံးနေရာ ရေချိုးခန်းထဲက လက်ဆေးဇလုံ
လက်ဆေးဇလုံ တစ်ခုပေါ်မှာ ဘက်တီးရီးယားများဟာ တစ်လက်မ ပတ်လည် ဧရိယာလေး မှာတောင် ပျမ်းမျှ
အကောင် ရေ ၃.၂သန်း လောက် အထိ ရှိနေနိုင်တာကို တွေ့ရပါတယ်။ ဒီပိုးမွှားတွေဟာ အချိန်နဲ့အမျှ ပေါက်ပွားနေကြ
တာ ဖြစ်ပြီး သင့်ရဲ့ သွားပွတ်တံကို သင်က ယူတိုက်လိုက်၊ လက်ဆေးဇလုံ မျက်နှာပြင်ပေါ် ပြီးစလွယ် ပြန်ထားလိုက်
လုပ်နေသမျှ အကြိမ်တိုင်းမှာ သူတို့ဟာ သင့်ပါးစပ်ထဲကို ဗီဇာမပါဘဲ ၀င်ရောက်လာနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်
သင့်သွားပွတ်တံ ကိုထားဖို့ အကောင်းဆုံး နေရာကတော့ အလုံပိတ် အဖုံးပါတဲ့ ဘူးတစ်မျိုးမျိုး ဖြစ်ပါတယ်။ (အဆင်သင့်
ထည့်စရာ ဘူးပါ တဲ့ သွားတိုက်တံမျိုးကို ဒါကြောင့် ထုတ်ကြတာ ဖြစ်ပါတယ်။ လူတွေက ထည့်ရမှာ ပျင်းတဲ့အတွက်
ကြာရင်ဘူးကအလကား ဖြစ်သွားတာများလို့ သွားတိုက်တံ တံဆိပ်တိုင်းက လိုက်မထုတ်ကြတာ ဖြစ်ပါတယ်)




(၂) ဖိနပ်များနှင့် ခြေနင်းပစ္စည်း များကို ထားရန် အဆိုးဆုံးနေရာ - အိပ်ခန်း
ဖိနပ်တွေနဲ့ မြေမှာ ထိတွေ့တဲ့ စကိတ် စတဲ့ပစ္စည်းတွေဟာ ညစ်ပတ်တဲ့ အရာတွေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့
အရာ (allergens) တွေကို တွယ်ကပ် သယ်ဆောင် လာတတ်ကြောင်း သင်သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို
အိပ်ခန်းထဲကို ယူလာရင် သင့်ရဲ့ အခန်းထဲကနေ သင့်ကိုယ်ထဲကို ၀င်ရောက်လာကာ ရေရှည်မှာ ကျန်းမာရေး ဆုတ်
ယုတ် လာနိုင်တာမို့ ဖိနပ်များကို အခန်းဝမှာသာ ချွတ်ခဲ့ပါ လို့ အကြံပြုပါတယ်။




(၃) အိပ်မောကျရန် အဆိုးဆုံး နေရာ - စောင်ပုံအောက်
နွေးနွေးထွေးထွေး အိပ်စက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပေမယ့် စောင်ထူထူတွေ
နဲ့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ ဦးနှောက်တွင်း ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းမှုကို အားပေးလို့ ကြာလာရင် ဦးနှောက်
ဆဲလ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက အိပ်ရာထဲက စောင်တစ်ထည်ဆိုတာ ဘယ်လောက်ပဲ သန့်အောင်
လျှော်ထားပါစေ၊ လျှော်ပြီး ရက်နည်း နည်း ကြာလာတာနဲ့ လေထုထဲက ဖုံမှုန့် အညစ်ကြေးမှုန့် မျိုးစုံကို စုစည်းလက်ခံ
ထားလို့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်း ထဲကို ဒါတွေ အလွယ်တကူ ၀င်စေပါတယ်။ နောက်
ထပ် ကျန်းမာရေးပညာရှင်တွေ ညွှန်ပြထားတဲ့ အချက်တစ်ချက်ကတော့ စောင်ခြုံအိပ်နေစဉ်မှာ ကိုယ်တွင်း အပူစီးဆင်း
ရွေ့လျားမှု ညီညွတ်စေဖို့ ခြေထောက်နှစ်ဖက်ကို ခြေကျင်းဝတ်လောက် ကနေ ဖော်အိပ်သင့်တယ်လို့ ဆိုပါတယ်။




(၄) ချက်ပြီးပြီးချင်း ဟင်းတွေ ထားဖို့ အဆိုးဆုံးနေရာ - ရေခဲသေတ္တာ
မီးဖိုပေါ်က ချချချင်း ဟင်းတွေကို ရေခဲသေတ္တာထဲ တန်းထည့်ပြီး သိမ်းဆည်းခြင်း (သို့) အအေးခံခြင်းဟာ လုံးဝ မလုပ်
သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရမ်းပူနေတဲ့ ဟင်းတွေ အရမ်းအေးတဲ့ လေထုနဲ့ ရုတ်တရက် ထိတွေ့ မိခြင်းဟာ ပုံမှန်
အအေးခံသလို ညီညီညာညာ အေးမြသွားတာ မဟုတ်ဘဲနဲ့ ဟင်းထဲမှာ အပူအအေး မညီမျှတဲ့ အတွက် အစာအဆိပ်သင့်
တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာ ၀မ်းဗိုက်ဥပဒ် ဖြစ် တတ်ပါတယ်။
ဒါကြောင့် မီးဖိုပေါ်က ချပြီး အနည်းဆုံး တစ်နာရီလောက် ကြာပြီးမှ ရေခဲသေတ္တာထဲ ထည့်တာ အကောင်းဆုံး ဖြစ်ပါ
တယ်။ ဒါမှမဟုတ် အလျင်စလို ရေခဲသေတ္တာထဲ ထည့်ချင်တယ် ဆိုလည်း ပန်းကန်တွေ အများကြီးထဲ ခွဲထည့်ပြီး အအေး
ခံတဲ့ နည်းကို အရင်သုံးပြီးမှ ထည့်သင့်ပါတယ်။




(၅) လေယာဉ်စီးလျှင် အဆိုးဆုံး ထိုင်ခုံနေရာ - လေယာဉ်နောက်ပိုင်း ထိုင်ခုံ
လေယာဉ်ရဲ့ အမြီးဟာ တုန်ခါဆုံး အပိုင်း ဖြစ်လို့ စီးနင်းသူအပေါ် (အထူးသဖြင့် သူများထက် ပိုပြီး မူးမော်တတ်တဲ့
သူဆိုရင်) ခေါင်းနောက်ခြင်း၊ လေယာဉ်တောက်ခြင်း၊ အကြောတက် ဇက်ထိုးခြင်းတွေ ခံစားရဖို့ အခွင့်အလမ်း ပိုများ
ပါတယ်။ ဒီဆောင်းပါးကို အခု ဖတ်လိုက်လို့ သင်သိသွားပြီ ဆိုတော့ လေယာဉ်လက်မှတ်ဝယ်ရင် အတောင်ပံနဲ့ အနီး
ဆုံး ခုံများကို ရွေးဝယ်ပါ။ အတောင်ပံနဲ့ အနီးဆုံး ခုံတွေဟာ စီးနင်းလိုက်ပါသူတွေ အပေါ် လေယာဉ်ရဲ့ သက်ရောက်မှု
အနည်းဆုံး ဖြစ်ပါသတဲ့။




(၆) ခရီးဆောင်အိတ် ထဲက ပစ္စည်းတွေကို အထုတ်အသွင်း ပြုလုပ် ပြင်ဆင်ရန် အဆိုးဆုံးနေရာ -
ထမင်းစား စားပွဲနှင့် မီးဖိုခန်းကြမ်းပြင်

အထက်ပါ နေရာတွေရဲ့ မျက်နှာပြင် တစ်စတုရန်း လက်မလောက်မှာတောင် ဘက်တီးရီးယား ကောင်ရေ တစ်သိန်း
လောက် ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ ပစ္စည်းတွေကို အိတ်ထဲက ထုတ်ပြီး ပြင်ဆင် ထည့်သွင်း ချင်တယ်
ဆိုရင် အစားအသောက်တွေ ပြင်ဆင်စားသုံးတဲ့ မီးဖိုချောင်နဲ့ ထမင်းစား စားပွဲပေါ်ကလွဲလို့ တခြား နေရာတွေမှာ လုပ်ပါ။




(၇) အများသုံး ရေချိုးခန်း အိမ်သာ သုံးလျှင် အဆိုးဆုံးနေရာ - အလယ်ပိုင်းအခန်းများ
ခရီးတွေ ဘာတွေ ထွက်လို့ အများသုံး ရေချိုးခန်း၊ အိမ်သာ တွေကို မဖြစ်မနေသုံးရမယ်ဆိုရင် အစွန်ဆုံး အခန်းနှစ်ခန်း
ကိုပဲ သုံးသင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အများသုံးအခန်းတွေ တန်းစီရှိနေရင် အလယ်ဘက်က အခန်းတွေက အစွန်
နှစ်ခန်းထက် ရောဂါပိုး အရေအတွက် နှစ်ဆလောက် ပိုမိုပေါက်ပွား တည်ရှိနေလို့ပါပဲ။




(၈) ဆေးများ သိမ်းဆည်းရန် အဆိုးဆုံးနေရာ - ဗီရို
ဆေးတော်တော်များများဟာ အပူချိန် မြင့်မြင့်မှာ အာနိသင် ပျက်တတ်တာ သဘာဝပါ။ မိမိတို့ အိမ်မှာ ရှိတဲ့ ဗီရိုဟာ
အပူချိန် ထိန်းညှိတဲ့ စနစ်မပါတဲ့ အတွက် ပိတ်ထားရင် အထဲမှာ ဆေးတွေအတွက် သတ်မှတ်ထားတဲ့ အပူချိန်ထက်
တော်တော်များ နေတတ်ပါတယ်။ မိသားစုသောက်ဖို့ ဆေးတွေကို ဒီလို သိုလှောင် သိမ်းဆည်းထားပြီး လိုတဲ့အချိန်မှာ
ထုတ်သုံးချင်တယ် ဆိုရင် အေးမြပြီး ခြောက်သွေ့တဲ့ နေရာမှာ ရွေးချယ် သိမ်းဆည်း သင့်ပါတယ်။




(၉) နားကြပ်နှင့် သီချင်းနားထောင်ရန် အဆိုးဆုံးနေရာ - လေယာဉ်၊ ရထားနှင့် မြေအောက်ရထား
အကယ်၍ သင်ဟာ အထက်ပါ ယာဉ်တွေကို စီးနင်းသွားရင် ဆူညံသံတွေကြား ရောက်နေတဲ့ အတွက် နားကြပ် အသံ
(volume) ကို ကျယ်ကျယ်မြှင့်ပြီး နားထောင်မိမှာ သေချာပါတယ်။ ခါတိုင်းပုံမှန် နားထောင်ရင် သင်နားမခံသာနိုင်တဲ့
အသံအနေအထားကို အဲအချိန်မျိုးမှာ နားထောင်မိနေတာကို သတိမထားမိတဲ့အတွက် နားနဲ့ အာရုံကြောများ ထိခိုက်
နိုင်တာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။





ပျော်၇ွှင်ကြပါစေ
အားလုံးကိုလေးစားလျှက်
အညာသား(ကိုလတ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...