စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသားတို့ဘ၀ ကျွဲလောက်မှ ယုံကြည်မှု မရကြပါလား

Subscribe · August 19

“ဗျိုင်းရယ် ကျွဲရယ် လူရယ်”

လူလူချင်း၊ သတ္တ၀ါအချင်းချင်း ကိုယ်ချင်းမစာ မေတ္တာမထား ရိုင်းပျစော်ကားမှုတွေ များလာလိုက်တာ လူဆိုရင် တိရစ္ဆာန်ကတောင် အယုံအကြည်မရှိတော့ပါဘူး။

      လယ်တောလေးတစ်ခုမှာ ဗျိုင်းတစ်အုပ် အစာရှာနေတယ်ဆိုပါစို့၊ အဲဒီဗျိုင်းအုပ်ကြီးနား ကျွဲကြီးတစ်ကောင် ရောက်လာပါရော၊ ဗျိုင်းအုပ်ကြီး လန့်ပျံတယ်လို့ မမြင်ဖူးခဲ့ပါဘူး။သူတို့ကို ရန်မလုပ်မှန်း သိတော့ အဲဒီကျွဲကြီးပေါ် တက်ပြီးတော့တောင် ခိုနားကြပါသေးတ
ယ်။ ကျွဲကြီးရဲ့  ချိုဖျားပေါ်မှာ၊ ကျွဲကြီးရဲ့  ကျောကုန်းပေါ်မှာ ဗျိုင်းကလေးတွေ ခိုနားနေတာ ကြည့်လို့တောင် တစ်မျိုးကောင်းပါသေးတယ်။

       အဲဒီအချိန် လူတစ်ယောက်များ ကျွဲကြီးနား မယောင်မလည် ရောက်လာလို့ကတော့ ဗျိုင်းအုပ်ကြီး အလန့်တကြား ထပျံပါလေရော၊ ဘာဖြစ်လို့လဲ…၊ လူသားတို့ ပစ်ခတ်ဖမ်းဆီးတဲ့ဒဏ် ဗျိုင်းတို့ ခံရလှဖူးပြီလေ။

သြော်…လူသားတို့ဘ၀    ...     ကျွဲလောက်မှ ယုံကြည်မှု မရကြပါတကား။

မဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ်

သုဝဏ္ဏသျှမ်တောင် သြ၀ါဒ
မူရင်း= http://www.facebook.com/photo.php?fbid=514113098602709&set=a.438820736131946.119588.100000120712369&type=1&theater
 ကျွန်တော်တို လူသားတွေကို တိရစ္ဆာန်တွေက မယုံကြည်ကြတာ ဘာကြောင့်လဲးဆိုတာ.........

                                                                   လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...