စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှေးဟောင်း မြန်မာ့ရိုးရာ အားကစား (ပုံရိပ်များ - ၁)


 ရှေးဟောင်း မြန်မာတို့ ၏ ရိုးရာယှဉ်ကျေးမှု့ အမွေအနှစ် ပုံရိပ်လေးတွေကို

မြန်မာချစ်သူမိသားစု မှ မိသားစုဝင်များအား မြင်တွေ့စေချင်သော ဆန္ဒဖြင့်

ပြန်လှည်ဝေမျှခြင်း ဖြစ်ပါတယ်။

 
မြန်မာ့ရိုးရာအားကစား



မြန်မာလူငယ်တော်တော်များများက ခြင်းလုံးကစားရတာကို ဘောလုံးကစားရတာထက်
အရင်က ပိုပြီး မက်မောကြပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူငယ်တွေ ဆုံဖြစ်ကြပြီဆို
ခြင်းခတ်ကြတော့တာပါပဲ။ တောရွာတွေမှာဆို ညနေနေညိုချိန် လုံမပျိုလေးတွေ ရေခပ်ဆင်းလာကြပြီဆိုရင်
ကာလသားတစ်သိုက်ကလည်း ခြင်းဝိုင်းလုပ်ပြီး သူ့ထက်ငါ လူစွမ်းကောင်းပြတတ်ကြပါတယ်။





◘◘◘◘◘◘◘◘◘



ဒီပုံလေးကတော့ နပန်းသတ်ပွဲပါ။ ရခိုင်လူမျိုးတွေရဲ့ ကျင်ကိုင်ပွဲလို့ခေါ်မယ်ထင်တဲ့
နပန်းပွဲနဲ့ဆင်ပါတယ်။ အဲဒီခေတ်က နပန်းသတ်တော့မယ်ဆိုရင် တင်ပါးပေါ်တဲ့အထိ ခါးတောင်းကို
မြှောင်နေအောင် ကျိုက်ကြတယ်။ ဘာနဲ့တူသလဲဆိုရင် ဂျပန်ဆူနမိုသမားတွေ ၀တ်ထားသလိုပေါ့။
ဒါပေမယ့် မြန်မာလူမျိုးတွေက သူ့ထက်ထက်စာရင် ကျစ်ကျစ်လစ်လစ်နဲ့
ပိုပြီး ကြည့်လို့ကောင်းမလားပဲ။




◘◘◘◘◘◘◘◘◘




ကလေးတစ်သိုက် ဂျင်ပေါက်တိုင်းဆော့နေကြတာ။
ဟိုးခေတ်ကတည်းက ဂျင်ပေါက်တဲ့ အလေ့အထက ရှိနေပါပြီ။
ဒီဓါတ်ပုံထဲမှာဆို ကလေးနှစ်ယောက်က သူ့ဂျင်ကိုယ့်ဂျင်ကို
တိုက်ကြက်တွေလို သဘောထားပြီး ချနေတယ်။
ဘယ်ဘက်က ကလေးကလည်း သူ့အလှည့်စောင့်ရင်း ပေါက်ဖို့ပြင်နေပါတယ်။




◘◘◘◘◘◘◘◘◘




ဒီပုံလေးက ကိုလိုနီခေတ်ဦးကာလက လို့ထင်ပါတယ်။
အဲဒီအချိန်တုန်းကတည်းက စက်ဘီးတွေ ခေတ်စားလာပြီနဲ့တူတယ်။
ကလေးလေးတွေကို စက်ဘီးကိုယ်စီနဲ့ ပြိုင်ပွဲဝင်ခိုင်းနေကြတဲ့ ပုံပါ။
စက်ဘီးလေးတွေက ချစ်စရာကောင်းတယ်။ ရှေ့ဘီးက ပိုကြီးပြီး နောက်ဘီးနှစ်ဘီးက သေးပါတယ်။
နောက်ဘက်မှာတော့ မြန်မာကလေးငယ်လေးတွေ ထုံးစံအတိုင်း စောင့်ကြောင့်ထိုင်နေကြတယ်။



◘◘◘◘◘◘◘◘◘




ဒီပုံကို အားကစားပွဲလို့သာ မြင်တာ။ ဘယ်လိုမှန်းလဲတော့ မသိဘူး။
အုန်းသီးခွဲတဲ့ ပြိုင်ပွဲပါ။ ဓါးတစ်ချက်တည်းနဲ့ အုန်းသီးတစ်လုံးကို ထက်ပိုင်းကွဲအောင်
ခွဲနိုင်တဲ့ ပြိုင်ပွဲလို့ထင်ပါတယ်။ နောက်ပြီး ဘယ်နှစ်လုံးဆက်တိုက် ခွဲနိုင်တာလဲ ပါမယ်ထင်တယ်။
အုန်းသီးခွဲနေတဲ့ လူရဲ့နောက်မှာ ခါးတစ်ဖက်ထောက်ပြီး ရပ်နေတဲ့လူရဲ့ ပုဆိုးဝတ်ပုံကို ကြည့်ကြည့်ပါ။
ပုဆိုးက ၀တ်ပုံက ၂၀၀၀ခုနှစ်တုန်းက ခေတ်စားခဲ့တဲ့ ကောင်လေးတွေရဲ
ပုဆိုးချက်ပြုတ် ၀တ်နည်းနဲ့ မတူဘူးလား။



◘◘◘◘◘◘◘◘◘




ဒီကစားနည်းနာမည်တော့ မေ့နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကုန်းပိုးပြီး
အထုပ်ပစ်တိုင်း ကစားကြတာလေ။ ကုန်းပိုးတဲ့ ကောင်ကတော့ မစားသာပါဘူး။
ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အဲ့လိုကစားခဲ့ဖူးတယ်။



ဆက်ပါဦးမည်။


ရှာဖွေစုဆောင်းထားရှိသူ - ကိုသက်ပိုင်သူ ဖြစ်ပါတယ်။
ကျမ်းကိုး။
၁။ ၁၈၅၅-၁၉၂၅ သမိုင်းဝင်ပုံရိပ်များ၊ လေ့လာသူတစ်ဦး
၂။ Mandalay and other cities of the past Burma ၊V.C.scott o’connor 1987 white lotus co., ltd.
၃။ Burma၊ Max. and Bertha ferrars, AVA publishing house 1901

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...