စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓါနုဿတိ ပွားများခြင်း...



၁။ အရဟံဂုဏ်တော်
- သတ္တ၀ါတို.၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုဗုဒ္ဓ-မြတ်စွာဘုရားသည် ၀ါသနာနှင်.တကွ ကိလေသာအညစ်အကြေးတို.မှ ကင်းဝေးစင်ကြယ်တော်မူသောကြောင်. "အရဟံ" မည်တော်မူပါပေ၏။

- လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပတည်းဟူသော ကိလေသာဆယ်ပါး၊ အကျယ်ပွားလျှင် တစ်ထောင်.ငါးရာကိလေသာရန်သူတို.ကို ပယ်သတ်တော်မူပြီးသောကြောင်.လည်း " အရဟံ " မည်တော်မူပါပေ၏။

- အ၀ိဇ္ဇာတည်းဟူသော ပုံတောင်းနှင်. ဇရာ၊ မရဏတည်းဟူသည်.အကွပ်ရှိသော ပဋိစ္စသမုပ္ပါဒ်သံသရာစက်ရဟတ်၏ သခါင်္ရမှ ဇာတိကျအောင် ထောက်အကန်.တို.ကို ချိုးဖျက်တော်မူပြီးသောကြောင်.လည်း " အရဟံ " မည်တော်မူပါပေ၏။

- အမြတ်ဆုံးအလှုခံပုဂ္ဂိုလ်ဖြစ်၍ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို.၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ကြောင်.လည်း
" အရဟံ " မည်တော်မူပါပေ၏။

၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
- သစ္စာလေးပါး ခပ်သိမ်းသောတရားတို.ကို မဖောက်မပြန်မှန်ကန်လှစွာ ကိုယ်တော်တိုင်သာ သိတော်မူသောကြောင်. "သမ္မာသမ္ဗုဒ္ဓ" မည်တော်မူပါပေ၏။

- ထူးသောဥာဏ်ဖြင်. သိသင်.သိထိုက်သောသစ္စာလေးပါးဟူသည်. အဘိညေယျတရား၊ ပိုင်းခြား၍သိထိုက်သော ဒုက္ခသစ္စာဟူသည်. ပရိညေယျတရား၊ ပယ်သင်.ပယ်ထိုက်သော သမုဒယသစ္စာဟူသည်. ပဟာတဗ္ဗတရား၊ မျက်မှောက်သိသင်. သိထိုက်သော နိရောဓသစ္စာဟူသည်. သစ္ဆိကာတဗ္ဗတရား၊ ပွားစေသင်. ပွားစေထိုက်သော မဂ္ဂသစ္စာဟူသည်. ဘာဝေတဗ္ဗတရားအားဖြင်. သစ္စာလေးပါးခပ်သိမ်းသောတရားတို.ကို သူတစ်ပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဥာဏ်စွမ်းဖြင်. မှန်ကန်စွာသိတော်မူသောကြောင်.လည်း "သမ္မာသမ္ဗုဒ္ဓ" မည်တော်မူပါပေ၏။

၃။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
- ၀ိဇ္ဇာဥာဏ်ထူးသုံးပါး၊ ရှစ်ပါး၊ စရဏအကျင်.တရား (၁၅) ပါးတို.နှင်. လုံးဝဥဿုံပြည်.စုံတော်မူသောကြောင်. "၀ိဇ္ဇာစရဏသမ္ပန္န"
မည်တော်မူပပါပေ၏။

- ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ်တည်းဟူသော ၀ိဇ္ဇာသုံးပါး၊ ဒိဗ္ဗစက္ခုဥာဏ်၊ ဒိဗ္ဗသောတဥာဏ်၊ က္ကုဒ္ဓိ၀ိဓဥာဏ်၊ စေတောပရိယဥာဏ်၊ ပုဗ္ဗေနိဝါသဥာဏ်၊ ၀ိပဿနာဥာဏ်၊ မနောမယိဒ္ဓိဥာဏ်၊ အာသ၀က္ခယဥာဏ်တည်းဟူသော ၀ိဇ္ဇာရှစ်ပါး၊ ပါတိမောက္ခသံဝရသီလ၊ က္ကုန္ဒြိယသံဝရသီလ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယာနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ၊ ဗာဟုဿစ္စ၊ ၀ီရိယ၊ ပညာ ရူပါဝစရဈာန် ၄ ပါးတည်းဟူသော စရဏတရား(၁၅)ပါးတို.နှင်. လုံးဝဥဿုံပြည်.စုံတော်မူသောကြောင်. "၀ိဇ္ဇာစရဏသမ္ပန္န" မည်တော်မူပါပေ၏။

၎။ သုဂတဂုဏ်တော်
- ဘေးမဲ.ရပ်ခွင် နိဗ္ဗာန်ဝင်ဖို. မဂ္ဂင်ရှစ်သွယ် တင်.တယ်ဖြောင်.စင်း မငြိမတွယ်သွားခြင်းရှိတော်မူသောကြောင်. "သုဂတ" မည်တော်မူပါပေ၏။

- မကောင်းညစ်ညမ်း အလွန်ဆိုးသွမ်းသည်. ဘေးအနန္န ၀ဋ်ဆင်းရဲသခါင်္ရတို.မှ ကောင်းလှသည်.စခန်း ပြည်နိဗ္ဗာန်မြနန်းသို. ကြွလှမ်းဆိုက်ရောက်တော်မူသောကြောင်.လည်း " သုဂတ" မည်တော်မူပါပေ၏။

- ကျိုးရှိ၊ ဟုတ်မှန်၊ သူနာခံလို၊ မနာလိုအားဖြင်. နှစ်ပါးသော စကားကောင်းကိုသာ သင်.လျော်သောအခါ၌ ကောင်းစွာမိန်.ဆိုတော်မူသောကြောင်.လည်း "သုဂတ" မည်တော်မူပါပေ၏။

၅။ လောက၀ိဒူဂုဏ်တော်
- လောက၏အကြောင်းအရာ အလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင်. "လောက၀ိဒူ" မည်တော်မူပါပေ၏။

- သတ္တ၀ါအပေါင်းဟူသော သတ္တလောက၊ ရုပ် နာမ် ဓမ္မ သခါင်္ရတရားအပေါင်းဟူသော သခါင်္ရလောက၊ သတ္တ၀ါတို.၏တည်းနေရာဘုံဌာနဟူသော သြကာသလောကအားဖြင်. လောကသုံးပါးကို ပိုင်းခြားကုန်စင် သိမြင်တော်မူသောကြောင်.လည်း " လောက၀ိဒူ " မည်တော်မူပါပေ၏။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်

- အမြင်.မြတ်ဆုံးဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိဥာဏဒဿနဂုဏ်တို.နှင်. ပြည်.စုံတော်မူသည်ဖြစ်၍ လောကဓာတ်အားလုံး၌ အမြတ်ဆုံးဖြစ်တော်မူသောကြောင်. "အနုတ္တရ" မည်တော်မူပါပေ၏။

- ယဉ်ကျေးလိမ္မာ၊ ပညာအသိမရှိကြသေး၊ မပြည်.၀သေး၍ အဆုံးအမပေးထိုက်သော တိရစ္ဆာဖို၊ လူယောက်ျား၊ နတ်ယောက်ျားတို.ကို ယဉ်ကျေးလိမ္မာ ပညာပြည်.၀ အချိုးကျအောင် ဆုံးမသွန်သင်တော်မူတတ်သောကြောင်. "ပုရိသဒမ္မသာရထိ"
မည်တော်မူပါပေ၏။

- ဆုံးမထိုက်သော ပုဂ္ဂိုလ်တို.အား ညွှန်ကြားသွန်သင် ပဲ.ပြင်ဆုံးမမှု၌ အတုမရှိအမြတ်ဆုံးဖြစ်တော်မူသောကြောင်.လည်း
" အနုတ္တရော ပုရိသဒမ္မသာရထိ" မည်တော်မူပါပေ၏။

၇။ သတ္တာဒေ၀မနုဿာနံဂုဏ်တော်
- လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို.ကို အကျိုးမဲ.အမှုများမှ ပိတ်ဆို.မြစ်တားလျက် ကောင်းကျိုးချမ်းသာ ဖြစ်ဖွယ်ရာအကြောင်းတို.ဖြင်. ကောင်းကောင်းညွှန်ပြ၊ ကြီးကျယ်သော လုံ.လဖြင်. ဆုံးမတော်မူတတ်သည်. ဆရာမြတ်အစစ်ဖြစ်တော်မူသောကြောင်.လည်း "သတ္တာဒေ၀မနုဿာနံ" မည်တော်မူပါပေ၏။
၈။ ဗုဒ္ဓဂုဏ်တော်

- သိသင်.သိထိုက်သော ဥေယျဓံငါးပါးတရားအလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင်. "ဗုဒ္ဓ" မည်တော်မူပါပေ၏။

- သစ္စာလေးပါး ခပ်သိမ်းသောတရားတို.ကို ပိုင်းခြားကျန ကိုယ်တော်တိုင်သိရပြီးလျှင် ဝေနေယျများစွာ သတ္တ၀ါတို.အားလည်း ညွှန်ကြားဟောဖော် သိစေတော်မူတတ်သောကြောင်.လည်း " ဗုဒ္ဓ" မည်တော်မူ၏။
၉။ ဘဂ၀ါဂုဏ်တော်

- လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိဥာဏ ဒဿနဂုဏ်တို.နှင်. .ပြည်.စုံတော်မူသည်ဖြစ်၍ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို.က အမြင်.မြတ်ဆုံးပုဂ္ဂိုလ်ထူးကြီးအဖြစ်ဖြင်. အလေးအမြတ်ပြုအပ်ပြုထိုက်သောကြောင်. "ဘဂ၀ါ" မည်တော်မူပါပေ၏။

- လောကီလောကုတ္တရာချမ်းသာတို.ကို ဖြစ်စေနိုင်သော ဒါန၊ သီလစသည်.ပါရမီ အဆင်.ဆင်. အမြင်.မြတ်ဆုံးဘုန်းတော်၊ ကံတော်အနန္တတို.နှင်. လုံးဝဥဿုံ ပြည်.စုံတော်မူသောကြောင်.လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။

- လောဘ၊ ဒေါသ၊ မောဟ အစရှိသော တစ်သိန်းမကများလှစွာသော ကိလေသာတို.ကိုလည်းကောင်း၊ အကျဉ်းချုပ်အားဖြင်. ကိလေသမာရ်၊ ခန္ဓမာရ်၊ အဘိသခါင်္ရမာရ်၊ ဒေ၀ပုတ္တမာရ်၊ မစ္စုမာရ်ဟု မာရ်ငါးပါးတို.ကိုလည်းကောင်း၊ ဖျက်ဆီးဖယ်ရှင်းတော်မူပြီးသောကြောင်.လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။

- က္ကုဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တဟူသော ဘဂခေါ်ဝေါ် ခြောက်ပါးသော ဘုန်းတော်တို.နှင်. ပြည်.စုံတော်မူသောကြောင်. လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။

- ကိုယ်တော်နှင်.စိတ်တော်ကို ၀သီဘော်မြောက်အောင် အခေါင်အထွက် ဆန္ဒညွတ်ရှိုင်း အလိုရှိတိုင်းနိုင်နင်း၍ အစိုးရတော်မူခြင်းဟူသော က္ကုဿရိယဘုန်းတော်၊ လောကီလောကုတ္တရာတို.၏ အညွန်.အဖူး အထူးအမြတ်ဆုံးဖြစ်သော ဈာန်အဘိဥာဏ်, မဂ်ဖိုလ်တရားတည်းဟူသော ဓမ္မဘုန်းတော်၊ ဟုတ်မှန်သည်.အတိုင်း ဘ၀ဂ်ခိုင်းအောင် ပျံ.လှိုင်းထင်ရှားကျော်ကြားတော်မူခြင်းတည်းဟူသော ယသဘုန်းတော်၊ ယောက်ျားမြတ်တို.၏ ၃၂ ပါးသော လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, ရောင်ခြည်တော်ခြောက်သွယ်တို.ဖြင်. တင်.တယ်ဝင်းပ သပ္ပါယ်တော်မူလှသည်. ရူပကာယ၏ပြည်.စုံတော်မူခြင်း ကျက်သရေတော်တည်းဟူသော သိရီဘုန်းတော်၊ ကိုယ်တော်မြတ်၏အကျိုးစီးပွား, ဝေနေယျသတ္တ၀ါတို.၏ အကျိုးစီးပွားတည်းဟူသော အတ္တဟိတ, ပရဟိတ, နှစ်ပါးတို.၏လိုလားတော်မူသည်.အတိုင်း ပြီးစီးပြည်.စုံခြင်းဟူသော ကာမဘုန်းတော်၊ တစ်လောကလုံး၏ ဆရာဖြစ်ကြောင်း ကောင်းမြတ်သောလုံ.လ သမ္မပ္ပဓာန်ဝီရိယတည်းဟူသော ပယတ္တဘုန်းတော်၊ ဤသို.အားဖြင်. ဘဂခေါ်ဝေါ် ခြောက်ပါးသောဘုန်းတော်တို.နှင်. ပြည်.စုံတော်မူသောကြောင်.လည်း "ဘဂ၀ါ" မည်တော်မူပါပေ၏။

မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အောက်မေ.ဆင်ခြင်ပြီးနောက် မိမိအနှစ်သက်ဆုံးဂုဏ်တော်တစ်ခုကို စူးစိုက်၍ အဖန်တလဲလဲအောက်မေ.ဆင်ခြင်လျက် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားစေရာ၏။ ထိုသို.အောက်မေ.ဆင်ခြင်သောသူအား ထိုအခိုက်အခါ၌ ရာဂထကြွသောင်းကျန်းသောစိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသောစိတ်မဖြစ်။ ထိုပုဂ္ဂိုလ်၏စိတ်သည်ဘုရားဂုဏ်တော်ကိုအာရုံပြု၍ ဖြောင်.မတ်စွာဖြစ်၏။
ဤသို. ရာဂစသည်ထကြွသောင်းကျန်းခြင်းမရှိသောကြောင်. နီဝရဏ ကိုခွာပြီးသော ကမ္မဋ္ဌာန်းသို.ရှေးရှုသည်အဖြစ်ဖြင်. ၀ိတက်,၀ိစာရတို.သည် ဘုရားဂုဏ်တော်သို.ညွတ်ကာမပြတ်ဖြစ်ကုန်၏။ ဘုရားဂုဏ်တော်ကို အဖန်တလဲလဲသုံးသပ်ဆင်ခြင်နေသော ယောဂီအား နှစ်သက်ဝမ်းမြောက်ခြင်းပီတိသည် ဖြစ်၏၊ နှစ်သက်ဝမ်းမြောက်သည်.စိတ်ရှိသူအား ပီတိလျှင်နီးသည်ူ.အကြောင်းရှိသော ငြိမ်းအေးမှု-ပဿဒ္ဓိဖြင်. ကိုယ်စိတ်၏ပူပန်ခြင်းတို.သည် ငြိမ်းကုန်၏။ ပူပန်မှုငြိမ်းသောပု၈္ဂိုလ်အား ကိုယ်စိတ်ချမ်းသာခြင်း - သုခဖြစ်၏။ သုခရှိသောသူအား ဘုရားဂုဏ်တော်လျှင်အာရုံရှိသည်ဖြစ်၍ စိတ်သည်ကောင်းစွာတည်ကြည်၏။

ဤသို.သောအစဉ်ဖြင်. တစ်ခုသောခဏ၌ ဈာန်အဂါင်္တို.သည် ဖြစ်ပေါ်ကုန်၏။
သို.သော်လည်း ဘုရားရှင်ဂုဏ်တော်တို.၏ နက်နဲခြင်းကြောင်.လည်းကောင်း၊ အထူးထူးအပြားအပြား များစွာသောဂုဏ်တော်တို.ကို အောက်မေ.ဆင်ခြင်ခြင်းဖြင်. စုတ်စုတ်နစ်နစ်ဆုံးဖြတ်ကာ လေးမြတ်ယုံကြည်ခြင်းကြောင်.လည်းကောင်း၊
အပ္ပနာဈာန်သို.မရောက်မူ၍ ဥပစာရမျှသာဖြစ်သောဈာန်သည်ဖြစ်၏။ ထိုဥပစာရဈာန်သည် ဘုရားဂုဏ်ကို အဖန်တလဲလဲအောက်မေ.သည်၏အစွမ်းအားဖြင်.ဖြစ်သောကြောင်. " ဗုဒ္ဓါနုဿတိ" ဟူ၍သာလျှင် ရေတွက်ခေါ်ဆိုခြင်းသို.ရောက်၏။

ဗုဒ္ဓါနုဿတိရှုပွားခြင်း၏အကျိုးများ
၁။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သူသည် မြတ်စွာဘုရား၌ ရိုသေ, တုပ်ဝပ်ခြင်းရှိ၏။
၂။ ရတနာသုံးပါး၌ သက်ဝင်ယုံကြည်ခြင်း-သဒ္ဓါတရားတိုးပွား၏။
၃။ ဘုရားဂုဏ်တော်ကို အောက်မေ.အမှတ်ရမှု-သတိပြန်.ပြောစွာဖြစ်၏။
၎။ ပညာ၏ပြန်.ပြောခြင်းလည်း ဖြစ်ပေါ်၏။
၅။ ကုသိုလ်ကောင်းမှု၏ ကြီးကျယ်ပြန်.ပြောခြင်းသို.ရောက်၏။
၆။ နှစ်သက်ခြင်း,၀မ်းမြောက်ခြင်း(ပီတိပါမောဇ္ဇ) များစွာဖြစ်၏။
၇။ ကြောက်မက်ဖွယ်ဘေးကြီးဘေးငယ်တို.ကို နှိမ်နင်းနိုင်၏။
၈။ ဆင်းရဲဒုက္ခကို သည်းခံခြင်းငှာစွမ်းနိုင်၏။
၉။ မြတ်စွာဘုရားနှင်.အတူတကွနေရသည်ဟူသော အမှတ်သညာကိုရ၏။
၁၀။ ဗုဒ္ဓါနုဿတိ၏ကိန်းအောင်းရာဖြစ်သော ယောဂီ၏ခန္ဓာကိုယ်သည် စေတီအိမ်(ဘုရားကျောင်း)ကဲ.သို. ပူဇော်ခြင်းငှာထိုက်၏။
၁၁။ ယောဂီ၏စိတ်သည် ဘုရားအဖြစ်၌ညွတ်၏။
၁၂။ လွန်ကျူးအပ်သော ၀တ္ထုနှင်.တွေလျှင်လည်း မြတ်စွာဘုရားကို မျက်မှောက်၌မြင်နေရသကဲ.သို. ရှက်ခြင်း, ကြောက်ခြင်း
(ဟိရီ, သြတ္တပ္ပ) ဖြစ်၏။
၁၃။ မဂ်ဥာဏ်, ဖိုလ်ဥာဏ်ဖြစ်သော အထက်တရားထူးများကို ထိုးထွင်း၍မသိငြားသော်လည်း ကောင်းရာသုဂတိသို.သာလျှင် လားရာရှိပေ၏။

မှတ်ချက်။ ။ အနှိုင်းမဲ့ စာတိုပေစများမှ ကူးယူဖေါ်ပြပါသည်...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...