စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စစ်သားတွေ ရိုင်းသလား



ကျွန်တော်တို့ ရွာနီးချူ ပ်စပ်မှာ ဖြစ်စေ၊ ရွာထဲမှာ ဖြစ်စေ တိုက်ပွဲတွေဖြစ်ခဲ့ဖူးကြတယ်။ အဲဒီလိုအချိန်မျိုးမှာ စစ်ပွဲနဲ့ တိုက်ရိုက်မသက်တဲ့သူတွေ မတော်တဆ ထိခိုက်သေဆုံးနိုင်ပါတယ်။

ဒါဟာ စစ်မြေပြင်ပါ။ တချို့ အရာတွေက ရှောင်လွှဲရခက်ပါတယ်။ ဒီကိစ္စက စစ်သားဖြစ်တဲ့သူတွေ အသိဆုံးလို့ထင်ပါတယ်။

ဒါပေမဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတချို့ ဝါဒဖြန့်သလို ကျွန်တော်တို့တပ်မတော်သားတွေဟာ ကလေး၊ အမျိုးသမီး မချန်တွေ့ရာအကုန်သတ်တဲ့ သွေးဆာနေတဲ့ သူတွေ မဟုတ်ပါဘူး။

နောက်ပြီး ရှိသေးတယ်။ စစ်တပ်ထဲမှာ မုဒိန်းမှု မရှိဘူးလို့ လုံးဝ ဖင်ပိတ်မငြင်းပါဘူး။ ရှိလို့ ပြစ်မှုထင်ရှားရင်လည်း အရေးယူပါတယ်။

ဒါကို စစ်သားတွေ အစုလိုက်အပြုံလိုက် မုဒိန်းကျင့်တယ်လို့ စွပ်စွဲရင် အရမ်းဒေါကန်တယ်။

သူတို့စွပ်စွဲသလို တိုင်းရင်းသားတစ်မျိုးမျိုးကို အဓမ္မကျင့်တယ်ဆိုရင် စစ်သားထဲမှာ အရာရှိအဆင့်မှာ နည်းတယ်ဆိုရင်တောင် အခြားအဆင့်ထဲမှာ တိုင်းရင်းသားတွေ အများကြီးပဲဗျ။

သူတို့လူမျိုးကို အဲဒီလို အုပ်စုလိုက် အဓမ္မကျင့်နေတာမြင်ရင် အဲဒီတိုင်းရင်းသားစစ်သားတွေက လက်ပိုက်ကြည့်နေမယ်လို့ ခင်ဗျားတို့ ထင်လို့လား။

ဒါကို ယုံတဲ့သူကလည်း ယုံတယ်ဗျ။

တိုက်ပွဲအတွင်းမှာ ရွာပုန်း၊ ရွာပျက်တွေမှာ ကျွန်တော်တို့ မသတ်ဘဲ လွှတ်ပေးခဲ့တဲ့ သူပုန်မိသားစုတွေ၊ မိန်းမတွေ၊ ကလေးတွေ အများကြီးပါ။

စစ်သားတွေဟာ ခင်ဗျားတို့ပြောသလောက် အရိုင်းအစိုင်းတွေ မဟုတ်ပါဘူး။ တစ်ခုတော့ရှိတာပေါ့ဗျာ....လူမမြင်ခင် အဝေးကလာနေတဲ့အချိန်ကတည်းက ထွီ..ထွမ် လုပ်နေလို့ကတော့ တစ်ဖက်က ယဉ်ကျေးမှုကို မျှော်လင့်လို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

သူက ယောဂီလုံချည်လေးဝတ်ပြီး တရားပွဲအသိမ်းမှာ ဘုန်းကြီးကျောင်းက ပြန်လာတာ မဟုတ်ဘူးလေ။

သူ့အလုပ်က စစ်သား၊ သူ့ခေါင်းထဲမှာရှိနေတာက ရန်သူကိုသတ်ဖို့နဲ့ မိမိအသတ်မခံရအောင် ဘယ်လိုနေရမလဲ...။

ဒီတော့...စဉ်းစားကြည့်ပေါ့။

ခင်ဗျားတို့ကသာ တောင်ပြော၊ မြောက်ပြောနဲ့ ပြောနေတာ...ကိုယ်ရင်လေးတစ်ပါး ကယ်လို့ ကျွန်တော့်သူငယ်ချင်း တပ်စိတ်တစ်စိတ်လုံး ရန်သူ့လက်က လွတ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိတယ်။ နောက်နေ့မှ တင်တော့မယ်ဗျာ။

အော်..ဒီနေ့ ညီလေးတစ်ယောက်က ပြောပါတယ်။ ကျွန်တော် အနှစ်နှစ်ဆယ်လောက်ကြာရင် အစ်ကို့လို စစ်သားစိတ်ရှိပါ့မလား မသိဘူးတဲ့။

သူက ကျွန်တော့်ကို ချီးမွမ်းတာမှန်ပေမဲ့ ကျွန်တော်ဝမ်းနည်းသွားပါတယ်

ရှေးက မြန်မာလူမျိုးဆိုတာ မွေးစကလေးကနေ အသက်ရာကျော် အဘိုးအိုတွေအထိ စစ်သားစာရင်း ထဲမှာ ပါပါတယ်။

စစ်မှုထမ်းဖူးသည် ဖြစ်စေ၊ မထမ်းဖူးသည်ဖြစ်စေ တိုင်းပြည်အတွက် လူတိုင်းဟာ စစ်သားပါ။

စစ်မှုထမ်းဖူးရင်တော့ ပိုတာဝန်ရှိတာပေါ့ဗျာ။ ခင်ဗျာ....ဘီလျံနာ အဘတွေလား သူ့စရိတ်နဲ့သူ၊ သူ့လမ်းသူ သွားပါလိမ့်မယ်။

လူတိုင်းဟာ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်သိမ်းရတာပါ...။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ.........။ ။

(ရဲကျော်သူရ)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...