စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြွက်ကောင်ရေ သောင်းနဲ့ချီ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဘုရားကျောင်း


                    

အိနိ္ဒယ နိုင်ငံ၊ ရာဂျက် သန် ပြည်နယ် မှာ ရှိတဲ့ ဘုရား ရှိခိုး ကျောင်း တစ် ကျောင်း မှာ ကြွက် တွေ အ များ အပြား ပြေးလွှား လျက် ရှိ ကြ ပါတယ်။ ဒီ ဘုရား ရှိခိုး ကျောင်း ကို ကာနီမာ တာ လို့ အမည် ပေးထား ပြီး ကျောင်း အတွင်း မှာရှိ တဲ့ ကြွက် တွေကို ဒေသခံ တွေ က ယုံကြည် စွာ ကိုး ကွယ် မှုတွေ ပြုလုပ် နေကြ တယ် လို့ သိ ရပါ တယ်။ ဒီကျောင်းမှာရှိတဲ့ ကြွက်တွေကို အစား အစာ ကျွေးမွေးပြီး ကာကွယ်စောင့် ရှောက်မှုတွေ ပြု လုပ် ထားကြပါတယ်။ နောက် ပြီး ကျောင်းအတွင်းမှာရှိတဲ့ ကြွက် တွေကို အန္တရာယ်မဖြစ်စေဖို့ ကာကွယ် စောင့် ရှောက် မှု တွေ ပေးလေ့ရှိကြပါတယ်။

ဒီဘုရားကျောင်းကို လာရောက် တဲ့ ဧည့် သည် တစ်ဦး ဖြစ်တဲ့ ရှာမာက ပထမဆုံး အကြိမ် လာရောက် ဖူး ခြင်း ဖြစ်ပါတယ်။ ဒီ အနီးအနား တစ်ဝိုက် မှာ ပလိပ်ရောဂါဖြစ်ခဲ့တယ် လို့ ကြားခဲ့ဖူးခြင်း မရှိပါဘူး။ လူတွေက ဘုရား ကျောင်းမှာရှိနေတဲ့ ကြွက်တွေကို ကျွေးမွေး ဖို့ အစားအစာတွေ ယူဆောင်လာလေ့ရှိတယ် လို့ ပြောကြား ခဲ့ပါ တယ်။ ကြွက်တွေဟာ ကြီး မားလှတဲ့ ခွက်တွေမှာ ထည့်ထားတဲ့ အစား အစာနဲ့ နို့တွေကို အလုအယက် စား သောက် လေ့ရှိပါတယ်။

ကလေးငယ်တွေကလည်း ကြွက်တွေနဲ့အတူ ဆော့ကစားတတ်ကြပါ တယ်။ ဒီနေရာကို ပထမဆုံး ရောက်လာတဲ့သူ တွေအတွက် ကတော့ တကယ့် ကို အထူး အဆန်း သဖွယ် ဖြစ်နေပါတယ်။ ဘုရား ကျောင်း ကို ရောက်လာသူတွေဟာ ကြွက်ဖြူကို တွေ့ ခဲ့ပါက ကံကောင်းခြင်းတွေ ရတတ်တယ်လို့ အယူ အဆ ရှိ ထားပါတယ်။ ကြွက်တွေကို ဘုရားကျောင်းက တာဝန်ရှိသူတွေက ထိန်း သိမ်းစောင့်ရှောက်ထားပြီး တကယ် လို့ ကိုယ့် ကြောင့် ကြွက်တစ်ကောင် သေဆုံးသွားပါက အစားသဘော ပြန်လျော်တဲ့အနေနဲ့ ဘုရား ကျောင်းက ရောင်းချတဲ့ ရွှေ (သို့) ငွေနဲ့ ပြု လုပ်ထားတဲ့ ကြွက် ရုပ်တု တွေကို ၀ယ်ယူ ရမယ် လို့ စည်းကမ်းချက် ထုတ်ပြန် ထား ပါတယ်။ 
 
ဒီဘုရားကျောင်းကို ကမ္ဘာ လှည့်ခရီး သည်တွေ လည်း စိတ်ဝင် တစား လာရောက်လေ့လာကြ တယ် လို့ သိရပါတယ်။ ဧည့်သည်တစ်ဦးဖြစ် တဲ့ ဆာဗီတာက ဘုရားကျောင်းအတွင်း သတိ ကြီးစွာ သွားလာ ခဲ့ ကြောင်း၊ ကြွက်တွေ ခြေ ထောက်နားက ဖြတ်သွားချိန်မှာ ကြောက်လန့် စွာ အော်ဟစ်ခဲ့မိကြောင်း ပြောကြား ခဲ့ ပါ တယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...