စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နားအူနေလျှင်


                         
နားအူတာ သက်သာအောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

၁။ ပန်ကာ ဖွင့်ထားပါ နားအူတာဟာ ယာယီသာ ဖြစ် တတ်ပြီး ရက်အနည်းငယ်မှ တစ်ပတ်အ တွင်းမှာ ပျောက်ကင်းတတ်ပါတယ်။ ပျောက်ကင်းဖို့ စောင့်ဆိုင်းနေစဉ် အတွင်း မှာ ဆူညံသံတွေ ရအောင် ပန်ကာဖွင့် ထားပေးပါ။ နောက်ခံ အသံတွေကြောင့် နားအူတာ သက်သာနိုင် ပါတယ်လို့ တက္က ဆတ် တက္ကသိုလ်မှ နား၊ နှာခေါင်း လည် ချောင်းဆိုင်ရာ ဆရာဝန်က ဆိုပါတယ်။

၂။ အငန်စာများ လျှော့စားပါ ဆိုဒီယမ် (ဆား) ဟာ အတွင်းနား အတွင်း ဖိအားကို မြင့်တက်စေတာကြောင့် နားအူတာကို ပိုဆိုးစေနိုင်ပါတယ်။

၃။ ဓာတ်မတည့်မှုပျောက်ဆေး (Anti histamine)သောက်ပါ ဓာတ်မတည့် မှုကြောင့် နှာခေါင်းတွင်း ရောင်ရမ်းကာ နှာရည်တွေ ပြည့်နှက်နေ တတ်ပြီး အဲဒီနှစ်မျိုးစလုံးဟာ နားအူတာကို ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ပျောက်ဆေးကို သောက်ပါ။

၎။ ကော်ဖီနှင့် အရက် ရှောင်ပါ ကော်ဖီနဲ့ အရက်ဟာ အတွင်းနားမှ အရည်တွေကို ပိုမိုများပြားစေတာကြောင့် နားအူတာကို လှုံ့ဆော်နိုင်ပါတယ်။

၅။ သင် သောက်ရတဲ့ ဆေးဝါးကြောင့် နားအူတာ ဖြစ်နေပါသလား အောက်ပါဆေးဝါးတွေဟာ နားအူ တာဖြစ်စေနိုင်တဲ့အတွက် အဲဒီဆေးဝါးတွေ သောက်ပြီး နားအူရင် ဆရာဝန်နဲ့ တိုင် ပင်ပါ။

- အက်စပရင်

- အက်စပရင်ကို ရေ ရှည်အသုံးပြုရင် အကြားအာရုံ ဆုံးရှုံးနိုင် ပါတယ်။ အကြားအာရုံဆုံးရှုံးမှုရဲ့ အစဦး ဆုံး လက္ခဏာဟာ နားအူတာပါ။

- အိုင်ဗျူပရိုဖင်နှင့် တာလီနော

- ဒီဆေး တွေကို ပုံမှန်အသုံးပြုရင် နားအူတာနဲ့ ဆက်စပ်မှုရှိပါတယ်။

- ဘန်ဆိုဒိုင်ယာဇီပင်း

- စိတ်ကျရော ဂါပျောက်ဆေးနဲ့ စိုးရိမ်စိတ်ပျောက်ဆေး လိုမျိုး ဘန်ဆိုဒိုင်ယာဇီပင်း အုပ်စုဝင်ဆေး ဝါးတွေဟာ နားအူတာကို ဖြစ်စေတတ် ပါတယ်။

ဒေါက်တာခင်မိုးမိုး


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...