


မဟာမက်ဆုရဲ့ ကံကတော့ မယုံနိုင်စရာပါပဲ။ ကားတစ်စီးလုံးကို ပလက်ဖောင်းသံတန်း ဖောက်ဝင်သွားခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ မဟာမက်ဆုဆိုတာ တောင်အာဖရိကကလပ်
အော်လန်ဒိုပိုင်းရိတ်စ်အသင်း ကစားသမားပါ။
တောင်အာဖရိကလက်ရွေးစင် နောက်ခံလူ မဟာမက်ဆု မောင်းနှင်လာတဲ့ BMW 3-series ယာဉ်ဟာ ဂျွန်ဟန်ဆန်ဘာ့ဂ်မြို့၊ မာဘိုရိုဥယာဉ်နားမှာ လမ်းချော်ပြီး လမ်းဘေးပလက်ဖောင်းသံတန်းကို အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်မိခဲ့တာပါ။ ရှေ့မှန်ကို ဖောက်ပြီးဝင်လာတဲ့ သံတန်းက ကားနောက်ပိုင်းကို ထုတ်ချင်းပေါက်သွားပေမယ့် မဟာမက်ဆုကတော့ ဒဏ်ရာအနည်းအကျဉ်းပဲ ရခဲ့ပါတယ်။
www.yoyarlay.com/sport/football/40392-2014-03-25-17-56-38
@z (ရိုးရာလေး)
No comments:
Post a Comment