စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ထောင်ရေး အဆင်မပြေသူများ ကိုယ်စိတ် ကျန်းမာရေး ပိုထိခိုက်နိုင်




                     

 အိမ်ထောင်ရေး အဆင်မပြေ လျှင် စိတ်ဆင်းရဲ ရတတ်ကြောင်း လူတိုင်း သိခဲ့ကြသော် လည်း အမေရိကန် သုတေသန ပညာရှင်များ က အိမ်ထောင်ရေး အဆင် မပြေခြင်း ကြောင့် စိတ်နှင့် ကိုယ် ကျန်းမာရေး ထိခိုက်ပြီး အသက်ပင် သေဆုံး နိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့ပြီဖြစ် သည်။
အိမ်ထောင်ရေး အဆင်မပြေခြင်းကြောင့် စိတ်ဖိစီးမှု များလာပြီး ခန္ဓာကိုယ် ကျန်းမာရေး ပါ ထိခိုက် လာတတ် ကြောင်း၊ အိမ်ထောင်ဖက်နှင့် ဆက်ဆံရေး အဆင်မပြေ သူများသည် စိတ်ကျရောဂါ၊ သွေးတိုးနှင့် နှလုံးရောဂါတို့ ဖြစ်နိုင်ခြေများ ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။


အမေရိကန် ပြည်ထောင်စု မစ်ရှီဂျန်ပြည်နယ် တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များ သည် အိမ်ထောင်ရေး အခြေအနေက နှလုံး ကျန်းမာရေးအပေါ် မည်သို့ အကျိုး သက်ရောက်သည်ကို လေ့လာခဲ့ရာ အိမ်ထောင်ရေး အဆင်မပြေခြင်း ကြောင့် နှလုံးရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စုရှိ လူလေးဦးလျှင် တစ်ဦးသည် နှလုံး ရောဂါဖြင့် သေဆုံးနိုင်ခြေ များနေသည့် အချိန်တွင် ယခု လေ့လာမှုသည် အရေးပါ ကြောင်း သိပ္ပံပညာ ရှင်များက ပြောသည်။
အိမ်ထောင်ရေး အခြေအနေက နှလုံး ကျန်းမာရေးအပေါ် မည်သို့ အကျိုး သက်ရောက်မှုရှိသည်ကို တစ်နိုင်ငံလုံး အတိုင်း အတာအားဖြင့် သက်သေ အထောက် အထားများ ရှိလာအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယခုတွေ့ရှိ မှုသည် ကျန်းမာရေး ဆိုင်ရာမူဝါဒများ၊ ကျင့်သုံးမှုများနှင့် ပတ်သက်ပြီး များစွာ အရေးပါသည်ဟု ယူဆကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဟူလျူက ပြောဆိုခဲ့သည်။


အိမ်ထောင်ရေး သည် ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိသော အရေး အပါဆုံး လူမှု ဆက်ဆံရေး ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ယခင်ကတည်း က ယူဆခဲ့ကြသည်ဟု ဒေါက်တာလျူ က ပြောသည်။ တစ်နည်းအားဖြင့် ဆိုလျှင် ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးသည် ကိုယ်စိတ် ကျန်းမာရေးကို အထောက် အကူပြုကြောင်း ၄င်းက ထပ်မံ ပြောဆိုခဲ့သည်။
အိမ်ထောင်ရေး အဆင်မပြေ ခြင်း ကြောင့် စိတ်ကျလာတတ်ပြီး ဆေးလိပ် သောက်ခြင်းနှင့် အရက် သောက်ခြင်း အစရှိသည့် ကျန်းမာရေးကို ထိခိုက် စေသော အပြုအမူများကို တိုးမြှင့်လုပ်ဆောင်လာ တတ်ကာ စိတ်ဖိစီးမှု ဆိုင်ရာ ဟော်မုန်းထုတ်ပေးသည့် အဆင့်ကို တိုးစေကြောင်း ၄င်းက ပြောဆိုခဲ့ သည်။


၎င်းဟော်မုန်းများ ကြောင့် သွေးတိုး စေပြီး နှလုံး ခုန်နှုန်း မြန်လာ ကာ နောက်ဆုံး တွင် နှလုံးရောဂါ ဖြစ်လာ စေကြောင်း ဒေါက်တာလျူ က ပြောဆို ခဲ့သည်။
ကိုယ့် အိမ်ထောင်ဖက်သည် နားလည်စာနာ ပေးနိုင်စွမ်းမရှိ၊ စိတ်အားရုပ် အားဖြင့် ဖေးမကူညီတတ်ခြင်း မရှိဟု ယူဆ တတ်သူများသည် နှလုံးရောဂါ ဖြစ်နိုင်ခြေများကြောင်း ဥတာတက္ကသိုလ်၏ မကြာသေးမီတွင် ထုတ်ပြန်ခဲ့ သည့် သုတေသန စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။ ပျော်ရွှင်စရာ အိမ်ထောင်ရေးသည် အမျိုးသားများ၏ အရိုးများ ခိုင်မာမှုကို အထောက် အကူပြုကြောင်း လော့စ်အန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်၏ မကြာသေးမီက လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ တည်ငြိမ်အေးချမ်း သော အိမ်ထောင်ရေး အခြေအနေရှိသည့် အမျိုးသားများ၏ အရိုးများသည် လူပျို လူလွတ်များနှင့် အိမ်ထောင်ကွဲ အမျိုးသားများ၏ အရိုးများထက် ပိုမို ခိုင်မာတတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။



https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...