စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကြမ်းဖက် ဂိမ်းတွေကြောင့် ရန်လိုတဲ့ အရွယ်ရောက်သူတွေအဖြစ် ကြီးပြင်းလာ

ကလေးတွေဟာ အကြမ်းဖက် ဗီဒီယိုဂိမ်းတွေကြောင့် ရန်လိုတဲ့ အရွယ်ရောက်သူတွေအဖြစ် ကြီးပြင်းလာ

ကလေးတွေ အရွယ်ရလာတာနဲ့အမျှ ရန်လိုတဲ့ အမူအကျင့်တွေဖြစ်စေဖို့ အကြမ်းဖက် ဗီဒီယိုဂိမ်းတွေဟာ သွေးထိုးပေးတယ်လို့ ထုတ်ပြန်ချက်သစ်တစ်ရပ်အရ သိရပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ ဗီဒီယိုဂိမ်းတွေကို အဖန်တလဲလဲ ဆော့တဲ့ ကလေးငယ်တွေဟာ သူတို့နဲ့ကပ်ညှိသွားမယ့် အတွေးပုံစံတွေကို သင်ယူလေ့လာနေရာရောက်ပြီး အရွယ်ရလာလေ အမူအကျင့်တွေကို စိုးမိုးလာလေပါပဲ။

အသက်အရွယ်၊ ကျား/မ၊ ယဉ်ကျေးမှုမရွေး ဒီသက်ရောက်မှုဟာ အကျုံးဝင်တယ်လို့ တွေ့ရှိရပါတယ်။

ဒီလေ့လာမှုရဲ့ ဦးဆောင် စာတမ်းပြုသူ၊ စိတ္တဗေဒ တွဲဖက်ပါမောက္ခ Douglas ရဲ့ ပြောကြားချက်အရဆိုရင် ဗီဒီယိုဂိမ်းဆော့တုန်း လုပ်ဆောင်တဲ့ ဦးနှောက်ဖြစ်စဉ်ဟာ သင်္ချာသင်တာ၊ စန္ဒယားတီးတာ တွေနဲ့ ဘာမျှကွာခြားမှု မရှိပါဘူး။

‘ထပ်ကာ၊ ထပ်ကာ လေ့ကျင့်မယ်ဆိုရင်၊ မင်းခေါင်းထဲမှာ အဲ့ဒီ့ သုတတွေ ရလာရော။ စန္ဒယားကို နှစ်ကြာလာတဲ့အထိ မတီးဖြစ်တော့တာဟာ တစ်ခုခု မတီးနိုင်တော့ဘူးလို့ မဆိုလိုဘူး။ (ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ အစွဲတွေက ကြီးလာတဲ့အခါ ပျောက်သွားတာ မဟုတ်ဘူး။)အကြမ်းဖက်ဂိမ်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ့်ရန်သူတွေအပေါ် နိုးနိုးကြားကြားရှိခဲ့ရတယ်လေ။ ရန်သူတွေကို မာန်ပါပါနဲ့ တုံ့ပြန်ဖို့နဲ့၊ အဓိကရုဏ်းဖြစ်ရာမှာ မညှာမတာတတ်အောင် လေ့ကျင့်ခဲ့ကြတာ။’ လို့ ပါမောက္ခ Gentile ကပြောပါတယ်။

အကြမ်းဖက် ဂိမ်းတွေ ဆော့လို့ ကိုယ်ထိလက်ရောက် ကြမ်းတမ်းတာဟာ မိန်းကလေးတွေထက် ယောကျာ်းလေးတွေဟာ အဖြစ်များတယ်လို့ သိရပါတယ်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...