စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တဏှာမြစ်ရဲ့ သဘော



★မြစ်တွေရဲ့ သဘောတစ်ခုက ကိုယ်စီးဝင်လာတဲ့ ရေတွေအပေါ်တင်းတိမ်ရောင့်ရဲမှုမရှိခြင်းပါပဲ။ လျှိုမြောင်စိမ့်စမ်း အသွယ်သွယ်ချောင်းငယ် ချောင်းကြီး အသီးသီးက ရေတွေဘယ်လောက်ပဲ
စီးဝင်လာ စီးဝင်လာ "ဒီလောက်ဆိုတော်ပါပြီလို့ မလာကြပါနဲ့တော့" လို့အားရကျေနပ်သွားတယ်ဆိုတာ မြစ်မှာမရှိဘူး။ရေအပေါ် အလို မပြည့်နိုင်တာမြစ်ရဲ့ သဘောပါ။

★မြစ်နဲ့တူတဲ့ တဏှာဟာလည်း လိုချင်စရာ အာရုံတွေအပေါ် ဘယ်တော့မှအလိုမပြည့်ပါဘူး။ လိုပြီးရင်း လိုချင်ရင်း ၊ရပြီးရင်း ရချင်ရင်း ပါပဲ။"ဒီတစ်ခုရရင်တော့ ကျေနပ်ပြီ "
လို့မရခင်မှာ ဆုံးဖြတ်ခဲ့ပေမယ့်တကယ်လည်းရလာရောနောက်ထပ်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။
"တစ်ကြိမ်လောက်ခံစားခွင်ရရင့် သေပျော်ပါပြီလို့ " မခံစားရခင်မှာ စိတ်ဖြစ်ခဲ့ပေမယ့်တကယ်လည်း ခံစားရရော "နောက်တစ်ကြိမ်" "နောက်တစ်ကြိမ်"နဲ့ စိတ်မပြတ်နိုင်အောင် ခံစားချင်စိတ်တွေ
တိုးတိုးလာပါတယ်။တဏှာရဲ့ အလိုဟာ ပြည့်တယ်ရယ်လို့ ဘယ်တော့မှ မရှိဘူး။

★မြစ်နဲ့တူတဲ့ တဏှာဟာလည်း ဟန်ဆောင်မှု လှည့်ဖြားမှု တွေနဲ့ အမတန် ကောက်ကွေ့လှပါတယ်။ တဏှာလောက်ကလိမ် ကကျစ် များတဲ့ ကိလေသာ တဏှာလောက် တစ်ပတ်ရိုက်
ကျွှမ်းတဲ့ ကိလေသာ တစ်ခုမျှ မရှိဘူး။ "မာယာတစ်သိန်း အပလိန်းအန္တ"
ဆိုတာ တဏှာရဲ့ စစ်မှန်တဲ့ ဂုဏ်ပုဒ်ပါပဲ။

(အရှင်ဆန္ဒာဓိက)
(အနှိုင်းမဲ့ရနံ့ စာအုပ်မှ)
နှလုံးသားအာဟာရ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...