စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရက်နှင့်ကျန်းမာရေး သင့်ကြိုက်တာရွေး


               
အရက်ကိုနေ့ စဉ်သောက်သုံးခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေသည်ကို အသိဝင်သိနေပေမဲ့ သောက်မြဲသောက်သုံးသူတွေ တစ်နေ့ တစ်ခြား များပြားလာနေပါတယ် ။
မြန်မာနိုင်ငံတွင်အရက်သောက်သုံးသူ ရာခိုင်နှုန်းများပြားလာနေသည့်အတွင်းတွင် အမျိုးသမီးများလည်း ပါဝင်နေသည်ကို တွေ့ ရှိနေရပါသည် ။
တစ်ခါတစ်ရံသောက်သုံးခြင်းအတွက် ကျန်းမာရေးကို မထိခိုက်နိုင်ပေမဲ့ နေ့ စဉ်အလွန်အကျွံသောက်သုံးခဲ့လျှင်တော့ ဆိုးဝါးသော ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မည် ။


အရက်စွဲလန်းခြင်းကြောင့် ကျန်းမာရေးဆိုင်ရာရောဂါများမှာ အသည်းပျက်စီးခြင်း ၊
ဦးနှောဏ်ကျုံ့ ခြင်း ၊ ကျောက်ကပ်ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်း ၊ အသားရေများ ခြောက်ခန်းခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ဖြစ်ပေါ်စေပါသည် ။ ထပ်မံပြီးတော့ အရက်ကြောင့် ဆိုးကျိုးများမှာ ကိုယ့်တွင်းကလိစာများကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်း မရှိခြင်းကြောင့် ကတုန်ကရင်ဖြစ်ခြင်း ၊ ခန္ဓာကိုယ်ဖောရောင်ခြင်း နှင့် လေဖြတ်ခြင်းကိုပါ ဖြစ်စေပြီး အသက်ရှင်ပေမဲ့ မိသားစုကိုပါ နောက်ဆက်တွဲ ဆိုးကျိုးများကို တွေ့ ကြုံခံစားစေပါသည် ။


တစ်ခါတစ်ရံ အရက်ကိုဆေးဖြစ်ဝါးဖြင့် သောက်သုံးခြင်းဆိုပေမဲ့ သောက်သုံးသည့်အခါတွင် လွန်ကဲစွာသောက်သုံးလာပါ အလားတူ ဆိုကျိုးများကို ဖြစ်ပေါ်လာနိုင်ပါသည် ။
ညနေဆောင်းလာလျှင် ဘာလိုဘာလို ဆိုပြီး ဝိုင်းဖွဲ့ သောက် ၊ တစ်ယောက်တည်းလည်းသောက် ကြိုက်ကြိုက်ကောင်းမှကောင်းဆိုပြီး သောက်သုံးလာလိုက်ကြတာ သောက်သုံးသူများပြားလာသလို့  ရောဂါစွဲကပ် နာတာရှည်များလည်း များပြားလာနေပါသည် ။


လူနာတစ်ယောက်ပြောသည့် စကားလေးပါ သူပြောသည့်အချိန်က နာနေသည့် အချိန်ပါ ။ မှန်လိုက်လေ ဆရာ ဟုတ်တယ် ဆရာ လုံးဝ မသောက်တော့ဘူး တဲ့ ။
မကြာပါဘူး ရောဂါသက်သာတော့ ပြန်သောက်ပါတယ် ဒါနဲ့  သူ့ ကိုပြန်ပြောလိုက်ပါတယ် ခင်ဗျာ က မူးတုန်းတော့ မသောက်တော့ဘူး အမူးပြေတော့ ထန်းနို့ မော့ကြည့်တာပါ ဘဲ ။
အသက်ရာကျော် ရှည်ပါစေ


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...