စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှာရည်ယိုရွှဲ တပို့တွဲ


              


မိသားစုတစ်စုအတွင်းမှာ တစ်ချိန်မဟုတ် တစ်ချိန်ခံစားလာရနိုင်ဖွယ်ရှိတဲ့ကျန်းမာရေးပြဿနာတွေကို လွယ်ကူရှင်းလင်းပြီး ထင်းခနဲ ကွက်ခနဲ ဖြေရှင်းလိုက် နာလို့ ရအောင် အမေးအဖြေဇယားကွက် (Flow Chart) လေးတွေနဲ့တင်ဆက်ပေးဖို့ ရတီမဂ္ဂဇင်းကတောင်းဆို လာပါတယ်။ ရည်ညွှန်းကိုးကားဖို့အတွက် ဒေါက်တာ မိုက် ကယ်ပီတာရေးသားတဲ့ ‘မိသားစုဆရာဝန် တစ်ယောက်၏ အိမ်တွင်းကျန်းမာရေးလမ်းညွှန်ချက်များ’ ဆိုတဲ့စာအုပ်ကိုလည်း ပေးအပ်ခဲ့ ပါတယ်။ ဒီစာအုပ်ကို ဗြိတိသျှ ဆရာဝန်အသင်း ကြီးက ၅ ကြိမ်မြောက်ထုတ်ဝေဖြန့်ချိခဲ့ရပြီး ကျန်းမာရေးပြဿနာပေါင်း ၁၅ဝ ကို လိုရင်း တိုရှင်းဇယားကွက်တွေနဲ့ ရှင်းလင်းပြဆိုထားပါ တယ်။ ရတီ ရဲ့ တောင်းဆိုမှုကို လိုက်လျောတဲ့ အနေနဲ့ ဒီလကစတင်ပြီး ခေါင်းစဉ်တစ်ခုစီကို (Flow Chart) အတွေနဲ့တင်ဆက်ပေးသွားပါတော့မယ်။

အေးချမ်းတဲ့ရာသီဥတုမှာ ခံစားလာရနိုင်တဲ့ ဝေဒနာတစ်ခုကတော့ နှာရည်ယိုရွဲ တပို့တွဲလို့ ဆိုထားတဲ့အတိုင်း နှာရည်တစ်ရွှဲရွှဲ ကျတတ်ခြင်းပါ ဘဲ။ နှာခေါင်း ကနှာ ရည်ေ တွဟာ ရေကာတာကျိုး ပေါက်သလို တစ်သွင်သွင်ယိုစီးကျဆင်းနေနိုင်ပေမယ့်၊ အသက်ရှုတဲ့အခါ မှာတော့ နှာခါင်းထဲမှာ ပိတ်စို့နေသလို ခံစားနေရ တတ် တဲ့ အတွက်’နှာပိတ် နှာရည်ယို’ လို့တောင် ပြောဆိုတတ်ကြပါ သေးတယ်။ လူအများစုဟာ တစ်နှစ်မှာအနည်း ဆုံးတစ်ကြိမ်တော့ ဒီလို ခံစားရ တတ်တယ်လို့ ဆိုထား ပါ တယ်။ နှာရည်ယိုရတဲ့အကြောင်းရင်း ကတော့ နှာခေါင်းအတွင်းကအမြှေး ပါး လိုင်နင် တွေ ရောင်ရမ်းလာလို့ပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်နိုင်သလို၊ အလာဂျစ် – ဓာတု ဓာတ်တုံ့ပြန်မှုကြောင့် လည်း ဖြစ်နိုင်ခြေရှိပါတယ်။ နှပ်ညှစ်တာ ကြမ်းလွန်းတဲ့အခါမှာ နှာနု ထဲက သွေးကြောလေးတွေ ပေါက် ထွက်ပြီး နှာခေါင်း သွေး ယို စီး တာတွေတောင် ဖြစ်လာနိုင်ပါသတဲ့ လေ။

www.facebook.com/Blesspeace
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...