စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပန်းနုရောင် အသားအရေ


                                          
 ကြည်လင်ပြီး ပန်းနုရောင်သန်းတဲ့ အသားအရေဟာ နုပျိုတက်ကြွတဲ့ အလှတရားကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပန်းနုရောင်သန်းပြီး ချစ်စရာကောင်းတဲ့ အလှကို ပိုင်ဆိုင်လိုသူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိတဲ့ အဆင့် ၁၀ ဆင့်ကို ရေးသားလိုက်ရပါတယ်။

အဆင့် (၁) ဗီတာမင်စီကို ပိုမို ရယူပါ

ဗီတာမင်စီက အသားအရေ ပျော့ပျောင်းနူးညံ့မှုကို အားပေးပါတယ်။

အရေပြားရဲ့ အခြေခံ တည်ဆောက်မှုဖြစ်တဲ့ ကော်လာဂျင်ကို တင်းရင်းစေတာကြောင့် အသားအရေကို နုပျိုစေပါတယ်။ ဗီတာမင်စီပါသော အသီးအနှံများ - အချဉ်အရသာရှိတဲ့ သစ်သီးတွေ၊ စတော်ဘယ်ရီ၊ ငရုတ်ပွသီး၊ ခရမ်းချဉ်သီးနဲ့ ပဲသီးစိမ်းစတာတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်တဲ့အတွက် စားပေးပါ။ အားဖြည့်ဆေး - တကယ်လို့ ဗီတာမင်စီပါတဲ့ အစားအစာတွေ မစားဖြစ်ရင် တစ်နေ့ ၂၅၀ မီလီဂရမ်ပါ ဗီတာမင်စီ အားဆေးကို မှီဝဲသင့်ပါတယ်။

အဆင့် (၂) ဗီတာမင်အေကို ပိုမိုရယူပါ

သင့်အသားအရေက အခြေခံအားဖြင့် ရက်တီနော (ဗီတာမင်အေ) နဲ့ တည်ဆောက်ထားတဲ့အတွက် ဗီတာမင်အေ ရှိရင် အသားအရေက ကျန်းမာ တင်းရင်းနေပါတယ်။ အသားအရေ လျော့တွဲလာရင် ဗီတာမင်အေ ချို့တဲ့နေတယ်လို့ ယူဆရပါတယ်။ ဗီတာမင်အေ ပါဝင်မှု မြင့်မားသောအစာများအစာများ - အဆီမပါတဲ့ နို့၊ ကမာနဲ့ ဥအနှစ်တွေမှာ ဗီတာမင်အေ ပါဝင်မှု များပါတယ်။ ဘီတာကယ်ရိုတင်းပါတဲ့ အစာတွေကို စားပေးရင်လည်း ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှုကိုလျော့ပါးစေပါတယ်။ အဲဒီအစာတွေက မုန်လာဥနီ၊ ဖရဲသီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးနဲ့ အရောင်ရင့်တဲ့ သစ်သီးတွေဖြစ်ကြပါတယ်။

အဆင့် (၃) ခရမ်းလွန်ရောင်ခြည်၊ လေထုညစ်ညမ်းမှုတို့နှင့် ထိတွေ့မှုကို လျှော့ချပါ

အပြင်ထွက်မယ်ဆိုရင် နေကာနိုင်စွမ်း SPF ၁၅ ဆ ပါတဲ့ နေကာခရင်မ်ကို လိမ်းပါ။ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီဟာ အသားအရေအတွက် အန္တရာယ်ပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရရင် ထိခိုက်နေတဲ့ ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ကျဆင်းကာ ဆဲလ်သေတွေကို ဖယ်ရှားနိုင်စွမ်းလည်း လျော့ကျသွားပါတယ်။လေထုညစ်ညမ်းမှုဟာ ဝက်ခြံနဲ့ အသားအရေ ညစ်နွမ်းစေတဲ့ အဓိက အချက်ပါ။

အဆင့် (၄) အသားဖြူစေသည့် အလှကုန်များ သုံးပါ

ဟိုက်ဒရိုကွီနုန်း ဒါမှမဟုတ် ကိုဂျစ်အက်စစ် စတာတွေပါတဲ့ အသားဖြူ အလှကုန်တွေကို လိမ်းရင် အရေပြားရှိ မယ်လာနင်ပမာဏကို လျော့ကျစေပါတယ်။ ဒီအလှကုန်တွေက ထိရောက်မှု ရှိပေမယ့် ဆိုးကျိုးတချို့ ရှိပါတယ်။ အသားဖြူစေတဲ့ အလှကုန်တွေမှာ ပြဒါး(မာကျူရီ) ပါဝင်မှု များတတ်တာကြောင့် ပြဒါးအဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် သတိထားပြီး သုံးစွဲပါ။ အသားဖြူစေတဲ့ အလှကုန်တွေ လိမ်းပြီးတဲ့အခါ နေဒဏ်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချပါ။ ကြာရှည် နေဒဏ်ခံရတာကြောင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အသားဖြူအောင် အရောင်ချွတ်ပေးတဲ့ အလှကုန်တွေက အရေပြားကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြီး တချို့လူတွေမှာ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ကိုဂျစ်အက်စစ်လို စတီးရွိုက်ပါတဲ့ အရောင်ချွတ် အလှကုန်တွေက ဆိုးကျိုးဖြစ်စေနိုင်တဲ့အတွက် သတိထားပါ။

အဆင့် (၅) တစ်နေ့ ရေ ၈-၁၀ ဖန်ခွက်ခန့် သောက်ပါ

ဒီနည်းလမ်းက အသားအရေ ခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်ပေးပြီး အသားအရေ စိုပြည်စေပါတယ်။

အဆင့် (၆) နေ့စဉ် ၃၀-၆၀ မိနစ်ခန့် လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေပြီး ခန္ဓာကိုယ်ရှိ အဆိပ်တွေကို ချေဖျက်ပေးပါတယ်။

အဆင့် (၇) သကြားနှင့် ဆီကိုရောပြီး ကြေးချွတ်ပါ

သကြားအကြမ်းနဲ့ သံလွင်ဆီ၊ အုန်းဆီလို ဆီတစ်မျိုးမျိုးကို ရောပြီး သင့်မျက်နှာကို ကြေးချွတ် ပွတ်တိုက်ပေးပါ။

အဆင့် (၈) သံပရိုသီး သုံးပါ

သံပရိုသီးမှာပါတဲ့ စစ်ထရစ်အက်စစ်ဟာ အရေပြား ရောင်ခြယ်ပစ္စည်းတွေကို ကင်းစင်စေပါတယ်။ ဒါပေမဲ့ ဒီအာနိသင်က ခဏပဲ ခံတာကြောင့် သံပရိုသီးနဲ့ ရေကို ဆတူရောပြီး စပရေးဘူးထဲ ထည့်ကာ မကြာခဏ အသားအရေပေါ် ပက်ဖျန်းပေးပါ။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကို ရှောင်ပါ - သံပရိုသီးလို အသားဖြူစေတဲ့ အရာတွေ ပက်ဖျန်းပြီးရင် နေကာခရင်မ်ကို လိမ်းပါ။ တတ်နိုင်သမျှ နေဒဏ်ကို ရှောင်ပါ။ သံပရိုသီးကို တစ်ရက်ခြား တစ်ကြိမ် သုံးပါ - သံပရိုသီးအရည်ကို နေ့စဉ် လိမ်းတာကြောင့် အရေပြား ခြောက်သွေ့စေပါတယ်။ ဒါကြောင့် တစ်ပတ်မှာ သုံးကြိမ်လောက်ပဲ လိမ်းပါ။

အဆင့် (၉) မျက်နှာကို ပေါင်းတင်ပါ

အောက်ပါ နည်းလမ်းတွေက မျက်နှာဖြူဖွေးပြီး အသားအရေ ကြည်လင်စေမယ့် နည်းဖြစ်ပါတယ်။

သခွားသီးဖြင့် ပေါင်းတင်နည်း

- သခွားသီးတစ်တောင့်ကို သံပရာရည်ခွက်ရဲ့ လေးပုံတစ်ပုံ၊ ပျားရည် လက်ဖက်စားဇွန်း ငါးဇွန်း၊ နွားနို့ လက်ဖက်စားဇွန်း စားဇွန်းတို့နဲ့ မွှေစက်ထဲမှာ ရောမွှေပါ။ အဲဒီ အရောအနှောကို ပန်းကန်လုံးထဲ ထည့်ပြီး ဂျုံမှုန့်နဲ့ စေးပျစ်တဲ့အထိ ဖျော်ပါ။ ခြောက်နာရီကြာ ရေခဲသေတ္တာထဲ ထားပြီး ရေချိုးပြီးတိုင်း တစ်နေ့ တစ်ကြိမ် လိမ်းပါ။ အချိန် ၁၅-၂၀ မိနစ်ကြာတိုင်း ကြက်သီးနွေးရေနဲ့ ဆေးပြီး သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါနဲ့ သုတ်ပါ။

အဆင့် (၁၀) အခြား အိမ်သုံးပစ္စည်းများ သုံးပါ

အာလူးဖြင့် ပေါင်းတင်နည်း

- အာလူးမှာ အရောင်ချွတ်ပစ္စည်း ပါဝင်တာကြောင့် အရေပြား အပြစ်အနာအဆာတွေကို ဖျော့တော့ သွားစေပါတယ်။ ပြုလုပ်နည်းကတော့ အာလူးကို အနှစ်ရအောင်လုပ်ပြီး နွားနို့ အစက်အနည်းငယ်နဲ့ ရောမွှေကာ အရေပြားပေါ် လိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးပါ။ ခရမ်းချဉ်သီးဖြင့် ပေါင်းတင်နည်း - ခရမ်းချဉ်သီးမှာလည်း သဘာဝ အရောင်ချွတ် အာနိသင်ရှိတာကြောင့် လိမ္မော်ရည်နဲ့ ရောပြီး အသားအရေပေါ် လိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးကြောပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
By Good Health


https://www.facebook.com/myanmakyaymon/photos/a.623687667672709.10737

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...