စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသီးများရဲ့တန်ဖိုး

                              

ငှက်ပျောသီး
ပိုတက်စီယမ်နှင့် ဗီတာမင်ကြွယ်ဝပြီး ပျက်စီးနေသော ဆံပင်သားအတွက် ကောင်းမွန်သည်။ ယင်းတွင်ပါဝင်သောဗီတာ မင်အေက အသားအရေခြောက် သွေ့မှုအတွက်လည်းကောင်း၊ ဗီတာမင်အီးက ပျက်စီးနေသောအသား အရေ၊ အသက်အရွယ်ကြောင့်ဖြစ် လာသောအမည်းစက်များကို လျော့ချပေးခြင်း၊ ဗီတာမင်စီက ဆဲလ်များ အိုမင်းမှု၊ အရေးအကြောင်းထွက်မှု တို့ကို အကာအကွယ်ပေးသည်။

ပန်းသီး
ပန်းသီးဖျော်ရည်ကို ချိုးရေနှင့်ရောပြီး ခန္ဓာကိုယ်သန့်စင်လျှင် ချောမွတ်သောအသားအရေကို ရရှိသည့် ပြင်ခေါင်းမှ ဘောက်များဖြစ်ခြင်းကို ကာကွယ် သည်။ခေါင်းလျှော်အပြီး ပန်းသီးရည်ကို လောင်းချလိုက်ပါ။ ဆံပင် ပျော့ပြောင်းစေသည်။ ၀က်ခြံကာကွယ်ပေးသည်။

နာနတ်သီး
စားသုံးပေးခြင်းဖြင့် အသားအရေနုပျိုစေသည်။ ဒူး၊ တံ တောင်ဆစ်၊ ဖနောင့်တို့ကို ပွတ် တိုက်ပေးပါက မည်းပြီးမာနေသော အသားများကို ပြန်၍ကြည်လင် ပျော့ပြောင်းစေသည်။

သံပရာသီး
ဦးခေါင်းကိုပွတ်ပေးပါက ယားယံခြင်းကင်းပြီး ဘောက်သေစေသည်။ ရေချိုးလျှင် လက်ဖက်ရည် ဇွန်း(၂)ဇွန်းစာထည့်ချိုးလျှင် ခန္ဓာ ကိုယ်အနံ့ဆိုးများကို ပယ်သတ်နိုင်ပြီး လန်းဆန်းစေသည်။ ဖနောင့်၊ တံ တောင်ကြမ်းနေသည့်နေရာများကို ပွတ်တိုက်နိုင်သည်။

သင်္ဘောသီး
ဗီတာမင်နှင့် Alenzymes များ ကြွယ်ဝပြီး တံတောင်ဆစ်၊ ခြေ မျက်စေ့၊ မျက်နှာရှိ အရေပြား ခြောက်သွေ့ခြင်းကို ဖယ်ရှားပြီး ယင်းကို စားသုံးခြင်းဖြင့် အသားအရေလင်းလက်စေသည်။ ချေ၍လည်း လိမ်းနိုင်သည်။

မက်မွန်သီး
ခြောက်သွေ့သောအရေပြားကို မက်မွန်သီးအနှစ်၊ ဒိန်ချဉ်ကို ရောပြီး လိမ်းပါ။ ရေခပ်နွေးနွေးဖြင့် ဆေးချပါ။ စိုပြည်နူးညံ့သောအသား အရေကို ရရှိပါလိမ့်မည်။

K.K(ကနောင်)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...