စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆယ်တန်းအောင်ပြီး ကျောင်းသား ငွေနှင့်ပညာ ဘယ်အရာပို အရေးကြီးလဲ

ဆယ်တန်းအောင်ပြီး ကျောင်းသား ငွေနှင့်ပညာ ဘယ်အရာပို အရေးကြီးလဲ မှန်ကန်အောင် ဆုံးဖြတ်နိုင်ကြပါစေ
 

မျက်မြင် ကိုယ်တွေ့ မြင်တွေ့နေရတဲ့ ဆင်းရဲချို့တဲ့ မှုကြောင့် ပညာရေးကို စွန့်လွှတ်ကာ အလုပ်ဝင်လုပ် နေရနေတဲ့ လူငယ်တချို့ကို ယနေ့ခေတ်တွင် အများအပြား ရှိပါတယ်။ ငွေကြောင့် လည်းကောင်း၊ လူကြောင့် လည်းကောင်း အကြောင်း အမျိုးမျိုး ရယ်ကြောင့် ဆက်လက် ပညာမစီးဖူးနိုင်သူတွေ ယနေ့ခေတ်တွင် တပုံကြီးပါ။ ပညာဆက်သင် ချင်ပေမယ့် ငွေကိုသာ ဦးစားပေး ရှားဖွေနေရတဲ့ လူငယ်မောင်မယ်တွေ အတွက် ရေးသား လိုက်ရခြင်း ဖြစ်ပါတယ်။

ငွေကတော့ လူတစ်ယောက် အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် ဆုံးဖြတ်ချက်တွေ လမ်းကြောင်းတွေတော့ မှန်စေချင်တယ်။ ယခုလက်ရှိ လုပ်နေတဲ့ အလုပ်ဟာ ငွေဘယ်လောက် ရပါသလဲ။ တချို့အလုပ်တွေဟာ ငွေရတာထက် ပိုတဲ့ ပညာရတဲ့ အလုပ်မျိုးတွေ ရှိပါတယ်။

ဆိုလိုတာက ကိုယ်ဟာ ငွေကိုဦးစားပေးပြီး ရှာဖွေမယ်ဆိုရင် မိမိဘဝ တသက်လုံးမှာ ငွေရှာတဲ့သူ တနည်း ငွေရှာနိုင်တဲ့သူ တစ်သက်တာလုံး ငွေကိုသာ ရှာဖွေရ ပါလိမ့်မယ်။ ငွေသည် သင့်ဆီသို့ လာမည် မဟုတ်။ ဒါမှမဟုတ် သင်ဟာ ပညာကိုသာ ဦးစားပေး ရှာဖွေနေတဲ့သူဆိုရင် တစ်သက်လုံး ငွေကိုရှာဖွေနေစရာ မလိုဘူး။ ငွေသည် သင့်နောက်ကို လိုက်လာပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် မေးပါ။ ငါသည် ငွေရှာမှာလား။ ပညာရှာ မှာလား။

ငွေမရှိလို့ ကျွန်တော်မိသားစု အဆင်မပြေဘူး။ ကျွန်တော့် ဘဝရပ်တည်ဖို့ အဆင်မပြေနိုင်ဘူး ဆိုရင်တော့ တမျိုးတစ်ဖုံ စဉ်းစားရတော့မှာပေါ့။ အတော်အတန်သာ ငွေလိုတယ် ဆိုရင် ပညာကိုသာ ဦးစားပေးရှာဖွေ စေချင်ပါတယ်။ အရေးကြီးဆုံး တစ်ခုက ဆယ်တန်းအောင်ပြီးသား ကျောင်းသားတစ်ယောက် အနေနဲ့ ငွေထက် ပညာက ပိုပြီးအရေးကြီးပါတယ်လို့ အကြံပေးပါရစေ။

မှတ်ချက် ။ ။ ဖြစ်ပျက်နေတဲ့ လူ့မှုဘဝ အခြေအနေကို ရေးသား တင်ပြခြင်းဖြစ်သည့် အတွက် အမှားပါရင် တောင်းပန်ပါရစေ။

yoyarlay


https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.10737

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...