စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေတြိဂံနယ်မြေ မြန်မာ-ထိုင်း-လာအို ဆွမ်းဆန်စိမ်းစုပေါင်းလှူဒါန်း


                 

နေပြည်တော်

သာသနာပြန့်ပွားရေးနှင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအတွက် မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းဝီချိုင်း၊ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် မယ်ဆိုင်မြို့နယ် သာသနာပြန့်ပွားရေး အဖွဲ့တို့က ကြီးမှူး၍ ရွှေတြိဂံနယ်မြေဖြစ်သည့် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ တို့မှ ဗုဒ္ဓဘာသာဝင်အလှူရှင်များက သံဃာတော်အပါး ၁ဝဝဝဝ အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝိန်းဖန်းခမ်းရပ်ကွက် ဖာဟိုလျှိုထင်းလမ်းမကြီးတစ်လျှောက် မတ် ၂၂ ရက် နံနက် ၆ နာရီက စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း
သိရ သည်။

အဆိုပါ သုံးနိုင်ငံစုပေါင်းဆွမ်းလောင်းပွဲကို ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်းချာ့ချိုင်းဆဝမ်ဖုမ်းနှင့် မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေး တာဝန် ရှိသူများ၊ မယ်ဆိုင်မြို့လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန နှင့် မယ်ဆိုင်မြို့နယ်သာသနာပြန့်ပွားရေးအဖွဲ့တို့က ကြီးမှူးကျင်းပရာ ရှေးဦးစွာ ဗုဒ္ဓမြတ်စွာရုပ်ပွားတော်အား ကြည်ညိုဖူးမြော်ကြပြီး သုံးနိုင်ငံမှသံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မေတ္တာပို့ကာ နံနက် ၇ နာရီခွဲတွင် သုံးနိုင်ငံမှ ကြွ ရောက်လာသော အလှူရှင် ၁၅ဝဝဝဦးခန့်က သံဃာတော်များအား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မသီရိနှင့် တာချီလိတ်မြို့ပေါ်ရှိ ကျောင်းတိုက် ၆၆ ကျောင်းမှ သံဃာတော်၊ သီလရှင် စုစုပေါင်း ၁၂ဝဝ ခန့်၊ လာအိုနိုင်ငံမှ သံဃာတော် ၁ဝဝဝ ခန့်နှင့် ထိုင်းနိုင်ငံမှ သံဃာတော်၊သီလရှင် စုစုပေါင်း ၈ဝဝဝ ခန့် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြောင်းနှင့် သုံးနိုင်ငံမှ အလှူရှင် ၁၅ဝဝဝ ဦးခန့် လောင်းလှူခဲ့ ကြောင်းသိရသည်။

မော်ကြီး(တြိဂံနယ်မြေ)
ကြေးမုံ


https://www.facebook.com/myanmakyaymon/photos/a.623687667672709.1073741828.61

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...