စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသစ် စိတ်သစ်ဖြစ်ချင်လျှင်


•မလုပ်ဖူးသေးတဲ့ ကောင်းတဲ့ အလုပ်တွေ လုပ်ပါ။
•မရောက်ဖူးသေးတဲ့ ကောင်းတဲ့ နေရာတွေ သွားပါ။
•မဖတ်ဖူးသေးတဲ့ ကောင်းတဲ့ စာအုပ်တွေကို ဖတ်ပါ။
•မတွေးဖူးသေးတဲ့ ကောင်းတဲ့ အတွေးတွေကို တွေးပါ။
•မသိသေးတဲ့ စိတ်ကောင်းရှိတဲ့ သူတွေနဲ့ မိတ်ဆွေ ဖြစ်အောင် လုပ်ပါ။

♠“လူသစ် စိတ်သစ်” ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာစဉ်းစားပါ။

“နေမကောင်းတဲ့သူ”တချို့ကို ဆရာဝန်တွေက
“ကျန်းမာရေးနဲ့ သင့်တော်တဲ့ နေရာ”ကို သွားခိုင်းတယ်။
“စိတ်မချမ်းသာတဲ့သူ”ကိုလည်း စိတ်အပြောင်းအလဲ ဖြစ်အောင် “ခရီး”ထွက်ခိုင်းတယ်။
အသစ်ဖြစ်တဲ့ အတွေ့အကြုံက စိတ်ကိုရွှင်လန်းစေတယ်။
“ဘဝ” ကို “အသစ်”ဖြစ်အောင် နေနိုင်ရင်လည်း စိတ်ရွှင်လန်းမှာပဲ။
နေ့စဉ် အသစ်ဖြစ်တဲ့ ကိစ္စတစ်ခုခုကို
လုပ်ရင် ငြီးငွေ့တာ မဖြစ်ဘူး။

ဒီနေ့ဟာ “နေ့အသစ်”ပဲ။
တတ်နိုင်သလောက် “စိတ်အသစ်” နဲ့ နေလိုက်ပါ။

- (ဆရာတော်ဦးဇောတိက - “စိတ်ချမ်းသာမှု”ဟာ ဘဝနေနည်းပါ။)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...